တောင်ကိုရီးယားစစ်သားများ၏ လုပ်ခနှစ်ဆနီးပါး မြင့်တက်

တောင်ကိုရီးယားစစ်သားများ၏ လုပ်ခနှစ်ဆနီးပါး မြင့်တက်
Published 17 January 2018

၂၀၁၇ ခုနှစ် စက်တင်ဘာ ၄ ရက်က နယ်စပ်၌ စစ်ကားတစ်စီးပေါ်တွင် လိုက်ပါလာသည့် တောင်ကိုရီးယားစစ်သားများ (Photo: AFP)

တောင်ကိုရီးယားအစိုးရသည် ဥပဒေပြဋ္ဌာန်းချက်ကြောင့် စစ်မှုထမ်းရသည့် ၎င်းတို့၏သာမန်စစ်သားများအတွက် လုပ်ခလစာကို ဇန်နဝါရီ ၁၆ ရက်တွင် နှစ်ဆနီးပါး တိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။ သို့သော် ၎င်းတို့၏လုပ်ခသည် နိုင်ငံ၏ အနိမ့်ဆုံးလုပ်ခ၏ တစ်စိတ်တစ်ပိုင်းမျှသာ ရှိနေသေးသည်။ ဥပဒေပြဋ္ဌာန်းချက်ကြောင့် စစ်မှုထမ်းရသည့် တပ်သားများ၏လစာသည် ယခင်က ၁၆၃၀၀၀ ဝမ်ရှိရာမှ ၈၈ ရာခိုင်နှုန်းမြင့်တက်ပြီး ၃၀၆၁၀၀ ဝမ် (၂၈၈ ဒေါ်လာ) ဖြစ်သွားသည်ဟု သိရသည်။ ထို့အတူ တပ်သားများထဲမှ အမြင့်ဆုံးအဆင့်ရာထူးနှင့် တပ်ကြပ်တို့သည်လည်း အလားတူလုပ်ခများတိုးသွားခဲ့သည်။ သို့သော် ယင်းလုပ်ခများသည် တောင်ကိုရီးယား၏ အနိမ့်ဆုံးလုပ်ခဖြစ်သော တစ်နာရီလျှင် ဝမ် ၁၀၀၀ (၉ ဒသမ ၄ ဒေါ်လာ) ထက် များစွာနည်းပါးနေသေးသည်။ သမ္မတ မွန်းဂျေအင်းကမူ ဥပဒေပြဋ္ဌာန်းချက်ကြောင့် စစ်မှုထမ်းရသည့်တပ်သားများ၏ လုပ်ခကို ၂၀၂၂ ခုနှစ်တွင် အနိမ့်ဆုံးလုပ်ခ၏ထက်ဝက်အထိ တိုးပေးမည်ဟု ကတိပေးထားသည်။ ေ

တောင်ကိုရီးယားစစ်တပ်၏ စစ်မှုထမ်းနိုင်သော တပ်သားဦးရေ ၆၉၀၀၀၀ အနက် အများစုမှာ ဥပဒေပြဋ္ဌာန်းချက်ကြောင့် အမှုထမ်းရသည့်အသက် ၂၀ စွန်းစွန်းအရွယ် တပ်သားများပင်ဖြစ်ကြသည်။ ပြုပြင်ပြောင်းလဲမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရဝန်ထမ်းများ၏ လုပ်ခသည် ပျမ်းမျှခြင်းအားဖြင့် ၂ ဒသမ ၆ ရာခိုင်နှုန်းတက်သွားခဲ့သည်။ သမ္မတမွန်း၏လုပ်ခမှာမူ ၂ ဒသမ ၂၇ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်နှစ်လျှင် ဝမ်ငွေ ၂၂၅ သန်းဖြစ်သွားခဲ့သည်။

Most Read

Most Recent