Compound Mixed-Team ငွေဆုရ အောင်ငှိမ်းနှင့် တွေ့ဆုံခြင်း

Compound Mixed-Team ငွေဆုရ အောင်ငှိမ်းနှင့် တွေ့ဆုံခြင်း
Published 19 August 2017

Photo - အောင်မင်းသန့်

၂၀၁၇ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာမြားပစ်အဖွဲ့အတွက် ပထမဆုံးဆုတံဆိပ်ကို Compound Mixed-team ပြိုင်ပွဲမှာ ရဲမင်းဆွေနဲ့ အောင်ငှိမ်း အတွဲက ရယူပေးနိုင်ခဲ့ပါတယ်။ ရွှေတံဆိပ်လွဲချော်ပြီး ငွေဆုနဲ့သာကျေနပ်ခဲ့ရတဲ့ အောင်ငှိမ်းကို ပြိုင်ပွဲအပြီးမှာ Daily Eleven သတင်းစာက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

"အောင်ငှိမ်းဆိုရင် ရွှေရပြီဆိုပြီး ယုံကြည်ထားတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိပါတယ်"

မေး- ဒီနေ့ပြိုင်ပွဲမှာ ငွေတံဆိပ်ပဲရတဲ့အတွက် ဘာများ ပြောချင်လဲ။
ဖြေ -ကိုယ်ကလည်း အရမ်းညံ့နေတာမျိုး မဟုတ်ဘဲနဲ့ ကံမကောင်းဘူးလို့ပဲ ပြောရမှာ ပါ။ စိတ်တော့မကောင်းပါဘူး။ အမှန်တကယ် လည်း ရွှေတံဆိပ်ရဖို့မှန်းထားပါ။ လက်ရည် က ကွာတာမျိုးမဟုတ်ဘဲ၊ ကိုယ်ကလည်း အရမ်းညံ့တာမျိုးမဟုတ်ဘဲနဲ့ မြားတစ်ချောင်း အမှားဖြစ်သွားတဲ့အတွက် ရှုံးနိမ့်ခဲ့ရတာပါ။

မေး - ဒီပြိုင်ပွဲက အစ်မအတွက် ဘယ်နှကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲလဲ။ အရင်ကရော Mixed-Team ပြိုင်ပွဲမှာ ဆုတွေရဖူးလား။
ဖြေ -ဒီပြိုင်ပွဲက ငါးကြိမ်မြောက်ပါ။ (၂၆) ကြိမ်မြောက် အင်ဒိုနီးရှားဆီးဂိမ်းစ်တုန်းက Mixed-teamမှာ ရွှေရခဲ့ဖူးပါတယ်။

မေး - တစ်ဦးချင်းနဲ့ အသင်းလိုက်ပွဲတွေမှာရော ရလဒ် မကောင်းခဲ့တာ ဘာကြောင့်လို့ထင်လဲ။
ဖြေ - တစ်ဦးချင်းပြိုင်ပွဲမှာတော့ အစ်မညံ့လို့ လို့ ပြောရမှာပေါ့။ ပထမတစ်ခေါက်မှာ မြား တစ်ချောင်း သေချာပစ်ရဲ့သားနဲ့ ရှစ်မှတ်ကို ထွက်သွားတယ်။ အဲဒီမြားတစ်ချောင်းကြောင့် ပဲ ပွဲစဉ်တစ်လျှောက် ရှုံးသွားခဲ့တာပါ။ ကိုယ် ရတဲ့ အမှတ်ကိုကြည့်တော့လည်း အရမ်းကြီး ညံ့တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ပြိုင်ဘက်က လည်း လုံးဝအမှားမရှိဘူး။ အဲဒီအချိန်မှာ သူ က မမှားဘဲနဲ့ ကိုယ့်အမှားကိုပဲအသုံးချပြီး နိုင် သွားတာပါ။ အသင်းလိုက်ပြိုင်ပွဲကလည်း တော်တော်အမှတ်ကောင်းပါတယ်။ ဒီရမှတ် က အစ်မတို့ Training လုပ်နေရင်တောင် အမြဲတမ်းမရဘူး။ အမြဲတမ်းပုံမှန်ရနေတဲ့ အမှတ်မဟုတ်ဘဲ၊ ကိုယ်ကလည်းကောင်းနေ ရဲ့သားနဲ့ ပြိုင်ဘက်က အရမ်းကောင်းသွား တာပါ။ ရှုံးတာကလည်း တစ်မှတ်တည်းနဲ့ကပ် ရှုံးတာပါ။ တော်တော်လည်း စိတ်မကောင်း ဖြစ်ပါတယ်။ အသင်းလိုက်ကိုလည်း အင်ဒိုနီး ရှားနဲ့ ပစ်တဲ့အချိန်မှာ နိုင်မယ်လို့ထင်ထား တာပေါ့။

မေး -လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာရော ထပ်ပြိုင်ဖို့ အစီ အစဉ်ရှိသေးလား။
ဖြေ - အဲဒါကတော့ အခုအချိန်မှာပြောလို့မရ သေးပါဘူး။

မေး - ကစားသမားဘဝက ပြန်နားဖြစ်ရင်ရော နည်းပြ အဖြစ် ပြန်လုပ်ဖို့ စီစဉ်ထားလား။
ဖြေ - အသင်းအတွက် လိုအပ်ချက်ရှိရင်ပေါ့။ ကိုယ်ကလည်း လုပ်နိုင်တဲ့အခြေအနေရှိရင် တော့ လုပ်ရင်လည်း လုပ်ဖြစ်မှာပါ။ ပုံသေ တော့ ပြောလို့မရသေးပါဘူး။

မေး - မြန်မာနိုင်ငံကနေ အားပေးနေတဲ့ ပရိသတ်တွေ ကိုလည်း နှုတ်ဆက်စကားပြောပေးပါဦး။
ဖြေ -အရင်ကတော့ မြားပစ်မှာ အောင်ငှိမ်း ပါရင် ရွှေရမှာပဲဆိုပြီး ပရိသတ်တော်တော် များများ အားပေးကြတာတွေ့ရတယ်။ အဲဒီ အတွက် အားလည်းရှိတယ်။ အရမ်းဝမ်းသာ ပါတယ်။ ဒါပေမဲ့ အခုရွှေတံဆိပ်မယူပေးနိုင် တဲ့အတွက် အရမ်းပဲ စိတ်မကောင်းဘူး။ ရွှေ တံဆိပ်မရခဲ့တာလည်း ကိုယ်အရမ်းညံ့လို့လား ဆိုတော့ မဟုတ်ဘူး။ ပစ်ခဲ့တဲ့ရမှတ်တွေကို ကြည့်ရင်လည်း အရင်ဆီးဂိမ်းစ်ထက်တောင် လက်ရည်ကတက်လာတယ်။ အရင်ဆီးဂိမ်းစ် ထက်စာရင် ကိုယ့်ရဲ့အမှတ်တွေက မြင့်နေရဲ့ သားနဲ့ ပြိုင်ဘက်တွေက အရမ်းကောင်းလာ ကြတယ်။ အဓိကပြိုင်ဘက်လို့မထင်ထားတဲ့ နိုင်ငံတွေက အမှတ်တွေအရမ်းကောင်းလာ တယ်၊ တက်လာတယ်။ ဒီလောက်နဲ့မရသေး ဘူးဆိုတဲ့ သင်ခန်းစာယူရမှာပါ။ အားပေးကြ တဲ့ ပရိသတ်တွေအကုန်လုံးအတွက်တော့ စိတ်မကောင်းပါဘူး။ အောင်ငှိမ်းဆိုရင် ရွှေ ရပြီဆိုတဲ့ ယုံကြည်ချက်ကို မစွမ်းဆောင်နိုင် တဲ့အတွက် တောင်းပန်ပါတယ်။

 

Most Read

Most Recent