လိုင်ယွန်နောက်ခံလူ မမ်မာနာကို လီဗာပူးလ် ကမ်းလှမ်း

လိုင်ယွန်နောက်ခံလူ မမ်မာနာကို လီဗာပူးလ် ကမ်းလှမ်း
Published 6 July 2017

လီဗာပူးလ်အသင်းသည် ပြင်သစ်ကလပ် လိုင်ယွန်အသင်း၏ နောက်ခံလူ အီမန်နျူယယ်မမ်မာနာ (၂၁ နှစ်)ကို ပြောင်းရွှေ့ကြေး
ပေါင်(၁၄.၉)သန်းဖြင့် ကမ်းလှမ်းလိုက်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် အာဂျင်တီးနား လက်ရွေးစင်နောက်ခံလူ မမ်မာနာကို အသင်း၏ ပြင်သစ်နောက်ခံလူ ဆာခို၏ နေရာတွင်
အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လီဗာပူးလ်အသင်းသည် မမ်မာနာအတွက် သဘောတူညီမှုရရှိပါက ၎င်းအား တစ်ပတ်လစာ ငွေ ပေါင်(၅၄၀၀၀)ဖြင့် (၅)နှစ်စာချုပ်ချုပ်ဆို သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မမ်မာနာသည် ပြီးခဲ့သည့် ၂၀၁၆ နွေရာသီက ရေးဗားပလိတ် အသင်းမှ လိုင်ယွန်အသင်းသို့ ရောက်ရှိလာသူဖြစ်သည်။