လူငယ်ကစားသမား တမ်မီအေဘရာဟမ်အား တစ်ပတ် ပေါင်(၅၀၀၀၀)ဖြင့် ချယ်လ်ဆီး စာချုပ်သစ် ချုပ်ဆိုပြီး ဆွမ်ဆီးသို့ အငှားချ

လူငယ်ကစားသမား တမ်မီအေဘရာဟမ်အား တစ်ပတ် ပေါင်(၅၀၀၀၀)ဖြင့် ချယ်လ်ဆီး စာချုပ်သစ် ချုပ်ဆိုပြီး ဆွမ်ဆီးသို့ အငှားချ
Published 6 July 2017

ချယ်လ်ဆီးအသင်းသည် အသင်း၏ လူငယ်တိုက်စစ်မှူး တမ်မီ အေဘရာဟမ်အား တစ်ပတ်လစာ ငွေ ပေါင်(၅၀၀၀၀)ဖြင့် (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး သူ့အား ဆွမ်ဆီးအသင်း သို့ အငှားချခဲ့ကြောင်း သိရှိရသည်။

ယင်းစာချုပ်အရ တမ်မီအေဘရာဟမ်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေမည်ဖြစ်သည်။ အေဘရာဟမ် သည် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘောလုံး ရာသီကလည်း လိဂ်ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီးအသင်းတွင် အငှားစာချုပ်ဖြင့် သွားရောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၄၈)ပွဲကစားရာ၌ (၂၆) ဂိုးအထိ သွင်းယူပေးနိုင် ခဲ့သူဖြစ်သည်။

ချယ်လ်ဆီးအကယ်ဒမီမှ ထွက် ပေါ်လာသော တမ်မီအေဘရာဟမ် သည် ချယ်လ်ဆီးအသင်းကြီးအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲသာ ကစား ခွင့်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းက သူ့ အား ပွဲကစားခွင့် အတွေ့ အကြုံ များ ရရှိစေရန်အတွက် ပုံမှန်ကစားခွင့်ရရှိ မည့်အသင်းများသို့ အငှားချထားခြင်း ဖြစ်သည်။

အေဘရာဟမ်သည် အင်္ဂလန် ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၁ အသင်းများ တွင် ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဥရောပ ယူ-၂၁ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အင်္ဂလန် ယူ-၂၁ အသင်းတွင် ပါဝင် ကစားခဲ့သူဖြစ်သည်။ ယင်းပြိုင်ပွဲတွင် သူ၏အင်္ဂလန် ယူ-၂၁ အသင်းမှာ ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်တွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်ခွင့်နှင့် လွဲခဲ့ရသည်။

အေဘရာဟမ်သည် ဘရစ္စတိုးလ်စီးတီးအသင်းတွင် ကစားစဉ် လိဂ်ချန်ပီယံရှစ်တစ်လတာအကောင်း ဆုံးဆုကို (၂)ကြိမ်ဆက် (၂၀၁၆ သြ ဂုတ်လနှင့် စက်တင်ဘာလ) ဆွတ်ခူးရရှိခဲ့ပြီး ဘရစ္စတိုးလ်စီးတီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစား သမားဆု၊ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု၊ အသင်း၏ဂိုးသွင်းအများဆုံးဆုများကို ရာသီကုန် တွင် ဆွတ်ခူးရရှိခဲ့သည်။

Most Read

Most Recent