ပြည်တွင်း သတင်းများ

မြန်မာနိုင်ငံတွင် ပြည့်စုံခြင်းမရှိဘဲ ခေတ်နောက်ကျနေသည့် ဥပဒေများ ရှိနေဆဲဖြစ်ပြီး အဓမ္မမြေယာသိမ်းဆည်းမှုများမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြ

မြန်မာနိုင်ငံတွင် ပြည့်စုံခြင်းမရှိဘဲ ခေတ်နောက်ကျနေသည့် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တည်ရှိနေသေးကြောင်းနှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် သေချာသတ်မှတ်နိုင်ခြင်း မရှိသည့်အပြင် အဓမ္မမြေယာသိမ်းဆည်းမှုများသည်လည်း စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေသေးကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

စည်ပင်က တူးဖော်နေသည့် ရေမြောင်းနံဘေးရှိ တိုက်နံရံပြိုကျမှု ပုဇွန်တောင်မြို့နယ်၌ ဖြစ်ပွား

ပုဇွန်တောင်မြို့နယ်တွင် စည်ပင်သာယာမှ ရေမြောင်းတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေသည့် မြောင်းနံဘေးရှိ တိုက်နံရံပြိုကျမှု ဇွန် ၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ် (၉) ရပ်ကွက် မဉ္ဇူ လမ်းတွင် စည်ပင်သာယာမှ ရေမြောင်းတူးဖော်ရေးလုပ်ငန်း လုပ်ဆောင်နေခြင်းဖြစ်ပြီး ဇွန် ၁ ရက် နံနက် ၂ နာရီခွဲခန့်က အဆိုပါ တူးဖော်ရေး လုပ်ဆောင်နေသည့် မြောင်းနံဘေးရှိ အိမ်အမှတ် (၁၅) နှစ်ထပ်တိုက်ခံအိမ်၏ နံရံမှာမြောင်းအတွင်းသို့ ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြကျွန်းသာအတွင်း စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်မှုများ ဆက်လက်လုပ်ကိုင်လျက်ရှိ၊ ရေပြင်ကို တိုးချဲ့မြေဖို့မှု မရှိဘဲ စည်းကမ်းနှင့်အညီ တည်ဆောက်ခြင်းဟု စည်ပင်တာဝန်ရှိသူ ပြောကြား

နိုင်ငံတော်မှ ကျပ်ဘီလျံပေါင်း ၃၀၀ ကျော်အထိ နစ်နာသွားမည့် မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်း စီးပွားဖြစ် အဆောက်အအုံ တည်ဆောက်နေသည့် စီမံကိန်းများ ရပ်နားခြင်းမရှိဘဲ ဆက်လက်တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကျပ် ၇၀၀၀၀ ခန့်သာရှိသော သစ်ဖြတ်စက်များ တရုတ်ဘက်မှ အလွယ်တကူ ၀င်ရောက်နေခြင်းကြောင့် သစ်ခိုးထုတ်သူများလာဟု သိရ

ကျပ် ၇၀၀၀၀ ခန့်သာရှိသော သစ်ဖြတ်စက် (ချိန်းဆော) အများအပြား တရုတ်နိုင်ငံမှ ၀င်ရောက်နေမှုကြောင့် သစ်ခိုးထုတ်သူ များလာသည်ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြောကြားသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “နှစ်သက်တမ်း ၄၀ လောက်ရှိတဲ့ သစ်တစ်ပင်ကို အလွန်ဆုံး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက်ပဲ ကြာတယ်။ အဲဒီစက်တွေကို အလွယ်တကူ ရရှိနေတာက အန္တရာယ်ရှိနေတယ်” ဟု ပြောကြားသည်။

သစ်ခိုးထုတ်သူများကို တွေ့ရှိသော်လည်း လိုက်လံဖမ်းဆီးရာတွင် ခုတ်လက်စ သစ်ပင်များနှင့် ချိန်းဆောများကိုသာ ဖမ်းဆီးရမိခဲ့သည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်ဟု ဦးဇော်ဝင်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်အစိုးရ တရားမ၀င် သစ်တောထွက်ပစ္စည်းများ တားဆီးရေးအဖွဲ့နှင့် တရုတ်နိုင်ငံ သစ်တောနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ မြစ်ကြီးနားမြို့တွင် တွေ့ဆုံမည်

ကချင်ပြည်နယ်အစိုးရ တရားမ၀င် သစ်တောထွက်ပစ္စည်းများ တားဆီးရေးအဖွဲ့နှင့် တရုတ်နိုင်ငံ (State Foresty Administration SFA ) နှင့် (Global Emviromental Institute) သစ်တောနှင့် ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းရေးအဖွဲ့တို့ မြစ်ကြီးနားမြို့တွင် ယနေ့ ဇွန် ၂ ရက်၌ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သစ်တောနှင့် သတ္တုတွင်းဝန်ကြီးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

အမွေဆိုင်နေအိမ်အား ထားဝယ်ခရိုင် တရားရုံးက လေလံပစ်ရန် ဆောင်ရွက်မှုနှင့် ပတ်သက်၍ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်

တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ဇွန် ၁ ရက် နံနက် ၁၀ နာရီက နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ဥပဒေများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားစီရင်ရေးအတွက်ဟုဆိုကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ပြီးခဲ့သည့်နှစ် မေလက ထားဝယ်မြို့ ဒုံဝင်းဒပ်ရပ်ရှိ ၎င်းနေထိုင်ရာ နေအိမ်အား ထားဝယ်ခရိုင် တရားရုံးမှ ၀ရမ်းကပ်၍ လေလံတင်ရောင်းချရန် ပြုလုပ်ခဲ့သည့် ကိစ္စကို ကန့်ကွက်ခဲ့သဖြင့် မြို့နယ်တရားရုံးက ပုဒ်မ ၁၇၃ ဖြင့် တရားစွဲဆိုကာ ဒဏ်ငွေ ၅၀၀ ချမှတ်ခံခဲ့ရကြောင်း၊ တရားစီရင်ရေးတွင် ဥပဒေအတိုင်း ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးရန်နှင့် မှန်ကန်စွာ ဆောင်ရွက်ပေးရေးအတွက် တစ်ကိုယ်တော် ဆန္ဒထ

တောင်ငူမြို့တွင် တက္ကသိုလ် ကြိုပို့ယာဉ် တိမ်းမှောက်ကာ ကျောင်းသူ ၂၆ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဇွန် ၁ ရက် နံနက် ၁၁ နာရီခွဲခန့်က ထီးလှိုင်ရပ် လေးလမ်းသွားလမ်းမပေါ်၌ တောင်ငူတက္ကသိုလ်နှင့် မြို့တွင်းသို့ ပြေးဆွဲသည့် တက္ကသိုလ်လိုင်းကားတစ်စီး တိမ်းမှောက်ကာ တောင်ငူတက္ကသိုလ် ကျောင်းသူ ၂၆ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော ယူနန်ပြည်နယ်အတွင်း တရုတ်စစ်တပ်က ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု ယနေ့စတင်မည်

ဇွန် ၂ ရက်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် ယူနန်ပြည်နယ်၌ ကျည်အစစ်ဖြင့် တရုတ်ပြည်သူ့ လွတ်လပ်ရေးတပ်မတော် (PLA) မှ စစ်ရေးလေ့ကျင့်မှုတစ်ခု စတင်ပြုလုပ်သွားမည်ဟု တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

PLA ၏ Chendu စစ်ဒေသ ကွပ်ကဲရေးစခန်းမှ ပြောရေးဆိုခွင့်ရှိသူ Zhao Picong က အဆိုပါစစ်ရေး လေ့ကျင့်မှုတွင် ကြည်းတပ်နှင့် လေတပ်တို့ ပူးပေါင်းလေ့ကျင့်မည်ဖြစ်ပြီး လေ့ကျင့်ရေး အစီအစဉ်များနှင့်အညီ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) တည်ဆောက်ရန် မကြာမီ တင်ဒါခေါ်မည်

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ကို တည်ဆောက်ရန် မကြာမီ တင်ဒါ ခေါ်ယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက ပြောကြားသည်။

တင်ဒါအမျိုးအစားကို  ဒီဇိုင်းနှင့် တည်ဆောက်ရေးအပိုင်းဟူ၍ နှစ်မျိုးခွဲကာ နိုင်ငံတကာ တင်ဒါပုံစံဖြင့် ခေါ်ယူသွားမည်ဟု သိရသည်။

အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းက “တည်ဆောက်မယ့် နေရာအနေအထားတွေကို စမ်းသပ်ပြီးသွားပြီ။ ပထမဆုံး ဒီဇိုင်းပိုင်းဆိုင်ရာကို နိုင်ငံတကာ တင်ဒါအနေနဲ့ ခေါ်သွားမယ်။ နောက် အဲဒီဒီဇိုင်းအတိုင်း ဆောက်နိုင်မယ့် ဆောက်လုပ်ရေးတင်ဒါ ထပ်ခေါ်သွားမယ်” ဟု ပြောကြားသည်။

Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား လိမ်လည်မှုပုဒ်မဖြင့် ဗိုလ်တထောင်တရားရုံး၌ ခြောက်ကြိမ်မြောက် ရုံးထုတ်

လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား လိမ်လည်မှုပုဒ်မဖြင့် ဗိုလ်တစ်ထောင်မြို့နယ် တရားရုံး၌  ဇွန် ၁ ရက် နံနက်ပိုင်းက ခြောက်ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ဦးကျော်မြင့်၏ ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြ သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

“ဒီနေ့ တရားလိုပြ သက်သေတစ်ဦးဖြစ်သူ တရားလို၏မိခင်ကို စစ်ဆေးပြီး ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်ပါတယ်” ဟု ဗိုလ်တထောင်မြို့နယ် တရားသူကြီးက ပြောကြားခဲ့သည်။

သမ္မတရုပ်ရှင်ရုံအနီး မီးရထားခုံးကျော်တံတားအောက် တွေ့ရှိသော ပုပ်ပွနေသည့် အမျိုးသမီးအလောင်းနှင့် ပတ်သက်၍ မသင်္ကာသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေး

ပန်းပဲတန်းမြို့နယ် သမ္မတရုပ်ရှင်ရုံအနီး မီးရထားခုံးကျော်တံတားအောက် တွေ့ရှိသော ပုပ်ပွနေသည့် အမျိုးသမီးအလောင်းနှင့် ပတ်သက်ပြီး မသင်္ကာသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးစစ်ဆေးနေကြောင်း ပန်းဘဲတန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးအလောင်းကို မေ ၃၁ ရက် ည ၇ နာရီခန့်က ယင်းနေရာအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လှိုင်သာယာမြို့နယ်နေ မချောစုခင် အသက် (၂၅)နှစ်ဆိုသူ ဖြစ်ကြောင်း ပန်းဘဲတန်းမြို့မရဲစခန်းမှ သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ရွှံ့မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရ

ကျောက်ဖြူမြို့နယ် ကျောက်ချောင်းကျေးရွာ၏ တောင်ဘက် ခုနစ်ဖာလုံခန့် အကွာအတွင်း ဇွန် ၁ ရက် နံနက်ပိုင်းက ရွှံ့မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မီးတောင်သည် နှစ်အနည်းငယ်အတွင်း ပေါက်ကွဲတတ်သော မီးတောင်တစ်ခုဖြစ်ပြီး ပေါက်ကွဲမှု မဖြစ်သည်မှာ သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယင်းနေရာ၌ မီးတောင်ရှိနေသည်ကို ဒေသခံများက သိရှိထားကြောင်းနှင့် မီးတောင်ပေါက်ကွဲစဉ်အတွင်း အနီးဝန်းကျင်တွင် လူနှင့် အခြားတိရစ္ဆာန်များ မရှိသည့်အတွက် ထိခိုက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတွင် ဆေးကုသမှုခံယူသူ ထက်ဝက်ကျော်မှာ မြန်မာပြည်တွင်းမှ လာရောက်ခြင်းဖြစ်

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့အနီးရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းတွင် ဆေးကုသမှုခံယူသူ ထက်ဝက်ကျော်မှာ ပြည်တွင်းမှ လာရောက် ခြင်းဖြစ်ကြောင်း အဆိုပါ မယ်တော်ဆေးခန်း မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မယ်တော်ဆေးခန်းသည် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၊ အထောက်အထားမဲ့နေသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာ-ထိုင်း နယ်စပ်ဒေသတွင် နေထိုင်သူများ၏ အားကိုးအားထားပြုရာ ဆေးခန်းတစ်ခုဖြစ်ပြီး တစ်နေ့လျှင် ပျမ်းမျှ ဦးရေ ၃၀၀ ကျော်အား အခမဲ့ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ကျပ်နှစ်သောင်းခန့်ဖြင့် ငှားရမ်းနေထိုင်နိုင်မည့် အိမ်ရာများ မြို့နယ်အလိုက် ထပ်မံတည်ဆောက်မည်

မန္တလေး ခြောက်မြို့နယ်တွင် အခြေခံလူတန်းစားများ၊ ပျံကျအလုပ်သမားများနှင့် ကျူးကျော်နေထိုင်သူများ ငှားရမ်းနေထိုင်နိုင်မည့် အငှားအိမ်ရာများကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ အိမ်ရာများမှ တိုက်ခန်းများကို ကျပ်နှစ်သောင်းဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောနှင့် တိုက်မိသည့် ကျောက်စရစ်တင် သင်္ဘော၏ အမြီးပိုင်းအား ဆယ်ယူခဲ့ပြီး နစ်မြုပ်ဆဲ သင်္ဘောဦးပိုင်းကို ဆက်လက်ဆယ်ယူမည်

ရန်ကုန်မြစ်အတွင်း ဧပြီ၂၆ရက်က ပင်လယ်ကူးသင်္ဘောနှင့် တိုက်မိသည့် ကျောက်စရစ်တင်သင်္ဘော၏ အမြီးပိုင်းအား ဆယ်ယူခဲ့ပြီး နစ်မြုပ်ဆဲဖြစ်သည့် သင်္ဘောဦးပိုင်းအား ဆက်လက်ဆယ်ယူ သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ရေကြောင်းပြမှူးချုပ် ဦးအောင်ကျော်ထူး၏ ပြောကြားချက်အရ သိရသည်။

ဧပြီ၂၆ ရက် နေ့လယ်က PANJA BHUM ပင်လယ်ကူး သင်္ဘောမှာ သတ်မှတ်ကျောက်ချရာနေရာမှ အေးရှားဝေါလ်ဆိပ်ကမ်းသို့ ထွက်ခွာလာစဉ် အလုံဘက်မှ စုန်ဆင်းလာသည့် ကျောက်စရစ်တင် ၁၀၂၂ တွဲ သင်္ဘောနှင့် ဦးခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှု နှစ်စဉ်မြင့်တက်နေခြင်းကြောင့် ရေချိုရင်းမြစ်များ ခန်းခြောက်လာနိုင်ကြောင်း မြို့ခံသဘာဝပတ်ဝန်းကျင် လေ့လာသူများ သုံးသပ်

မန္တလေးမြို့တွင် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်နေခြင်းကြောင့် ရေချိုရင်းမြစ်များ ခန်းခြောက်လာနိုင်ကြောင်း မြို့ခံသဘာဝပတ်ဝန်းကျင် လေ့လာသူများနှင့် ပညာရှင်အချို့မှ သုံးသပ်လျက်ရှိကြောင်း သိရသည်။

ဇွန် ၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ယခုပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာကျောင်းများ ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ ကျောင်းအပ်နှံခြင်း ရက်သတ္တပတ် လှုပ်ရှားမှုကို နှစ်စဉ် မေလနောက်ဆုံးပတ် သတ်မှတ်၍ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်ပြိုင်တည်း ကျောင်းအပ်လက်ခံမှုများ ပြုလုပ်ကြခြင်းဖြစ်သော်လည်း ကျောင်းသားဦးရေများသည့် ကျောင်းအချို့တွင် အဆိုပါရက်ထက် အနည်းငယ်စောကာ ကျောင်းအပ်နှံလက်ခံခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်က ဆူးလေစေတီ၌ ဆုတောင်းပွဲပြုလုပ်မှုကြောင့် သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်အား ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ကျောက်တံတားမြို့နယ် တရားရုံးတွင် တရားစွဲဆို

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂ ရက်က ဆူးလေစေတီတွင် ဆုတောင်းပွဲပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုန်ကို ကျောက်တံတားမြို့နယ် တရားရုံးတွင် ပုဒ်မ ၁၉ ဖြင့် ဇွန် ၁ ရက်က တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။

ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် ငါးနှစ်အောက်ကလေးငယ် ၁၄၅ ဦး နေ့စဉ်သေဆုံးနေဟု ဆို

ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျား၊ အဆုတ်ရောင်ရောဂါနှင့် အာဟာရချို့တဲ့ခြင်းများကြောင့် မြန်မာနိုင်ငံတွင် အသက်ငါးနှစ်အောက် ကလေးငယ် ၁၄၅ ဦးမှာ နေ့စဉ်သေဆုံးနေရကြောင်း ငါးနှစ်အောက် ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် အဆင့်မြှင့်တင်ရန် Mitsubishi ကုမ္ပဏီအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ငါးသန်းနှင့် ကုန်စည်တန် ၈၀၀၀ ကိုင်တွယ်နိုင်မည်

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား အဆင့်မြှင့်တင်ရန်အတွက် ဂျပန်နိုင်ငံ Mitsubishi Jalux SPA Consortium ကုမ္ပဏီအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စီမံကိန်းပြီးစီးပါက တစ်နှစ်လျှင် ခရီးသည်ငါးသန်းနှင့် ကုန်စည်တန်ချိန်ပေါင်း ၈၀၀၀ အထိ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း မေ ၂၈ ရက်က ပို့ဆောင်ရေးဝန်ကြီးဌာန နေပြည်တော်ဝန်ကြီးရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။

မကွေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ငါးနှစ်အောက်ကလေး သေဆုံးနှုန်း အများဆုံးဖြစ်ပြီး မွေးဖွားနှုန်းအများဆုံးမှာ ချင်းပြည်နယ်ဖြစ်ကြောင်း သိရ

အသက် ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းသည် မကွေးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပြီး ချင်းပြည်နယ်မှာ မွေးဖွားနှုန်း အများဆုံးဖြစ်ကြောင်း သန်းခေါင်စာရင်း ပင်မအစီရင်ခံစာတွင် ဖော်ပြထားသည်။

မွေးဖွားမှုနှင့် သေဆုံးမှုဆိုင်ရာ အချက်အလက်များကို အိမ်ထောင်ကျဖူးသူ အမျိုးသမီးများထံမှ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ငါးနှစ်အောက်ကလေး သေဆုံးနှုန်းတွင် ကလေး ၁၀၀၀ တွင် မကွေးတိုင်းဒေသကြီး၌ ၁၀၈ ဦးနှုန်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀၅ ဦးနှုန်းဖြင့် သေဆုံးလျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်-ပြင်ဦးလွင် အဆင့်မြင့်ခရီးသည်တင်ယာဉ် အမြန်လမ်းမပေါ်ရှိ တံတားဦးအ၀ိုင်းကို တိုက်မိ၍ တိမ်းမှောက်ရာ ခရီးသည်ငါးဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင်အမှတ် ၃၅၇ (တံတားဦးအ၀ိုင်း)တွင် မေ ၃၁ ရက် နံနက် ၃ နာရီခွဲခန့်က ရန်ကုန်မှ မောင်းနှင်လာသည့် Elite ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည်ငါးဦး သေဆုံးခဲ့ကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကျပ် ၄၃ ဒသမ ၅ ဘီလျံ ထုတ်ချေးခဲ့သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အတိုးရငွေ ကျပ် ၃၁၇၃ သန်းကျော်ရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၃၀၀၀ အထိ ငွေထုတ်ချေးရန် စီစဉ်

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ကျပ် ၄၃ ဒသမ ၅ ဘီလျံ ထုတ်ချေးခဲ့သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းက အတိုးရငွေပေါင်း ကျပ် ၃၁၇၃ သန်းကျော်ရှိခဲ့ပြီး လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျေးရွာပေါင်း ၃၀၀၀ အထိ ငွေထုတ်ချေးရန် စီစဉ်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ မေ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ကန့်ကွက်မှုများနှင့်အတူ ပြန်လည်စဉ်းစားရမည့် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်း

မြန်မာနိုင်ငံ၌ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းပေါင်း ၁၁ ခုအထိ လုပ်ကိုင်ရန် စီစဉ်နေပြီး အစိုးရ အဆက်ဆက်ထံမှ အခွင့်အရေးပေါင်းများစွာ ရရှိနေသည့် ကျောက်မီးသွေး ခရိုနီများကသာ ၎င်းစီမံကိန်းများကို ပြည်သူများ ကန့်ကွက်နေသည့်ကြားမှ အကောင်အထည် ဖော်နိုင်ရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နောင်ကာလများတွင် သဘာဝဓာတ်ငွေ့ ပိုမိုရရှိမည့် အလားအလာများ ရှိနေသည့်အတွက် ပြည်သူများက ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်မည့်ပေါ် အစဉ်တစိုက် ကန့်ကွက်လျက်ရှိသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရုံးခွဲများကို နယ်စပ်ဒေသများ အပါအ၀င် ဒေသခုနစ်ခုတွင် တိုးချဲ့ဖွင့်လှစ်မည်

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရုံးခွဲများကို နယ်စပ်ဒေသများ အပါအ၀င် ဒေသခုနစ်ခုတွင် တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ဆောက်လုပ်လျက်ရှိပြီး ယခုဘဏ္ဍာနှစ်အတွင်း ကချင်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ရုံးအဆောက်အအုံများ ဆောက်လုပ်ခြင်းကို ကနဦးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Pages