ပြည်တွင်း သတင်းများ

မန္တလေးမြို့တွင် အမြွှာညီအစ်ကို နှစ်ဦးထံမှ သေနတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ စုစုပေါင်း သေနတ် ၃၂ လက်အထိ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွှာညီအစ်ကို နှစ်ဦးထံမှ ဇွန် ၂၆ ရက် ညပိုင်းတွင် သေနတ်များ တွေ့ရှိရာမှ ဆက်လက်ရှာဖွေရာ ဇွန် ၃၀ ရက်အထိ သေ နတ် ၃၂ လက်အထိ တွေ့ရှိဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ သေနတ်အများအပြား ထပ်မံရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေကြောင်းနှင့် အမှုကွင်းဆက်များထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိရန် ဆောင်ရွက်နေသဖြင့် အမှုပြီးပြတ် တရားစွဲတင်သည့် အဆင့်ရောက်မှသာ အသေးစိတ်ထုတ်ပြန်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ ခြိမ်းခြောက်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။

မော်တော်ယာဉ်ထုတ်လုပ်မှုနှင့် ခရီးသွားကဏ္ဍတို့အား ပံ့ပိုးကူညီမည့် ချေးငွေဆိုင်ရာ သဘောတူညီမှုနှစ်ခု UOB လက်မှတ်ရေးထိုး

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွားကဏ္ဍအား ပံ့ပိုးကူညီမည့် ချေးငွေဆိုင်ရာ သဘောတူညီမှုနှစ်ခုအား သက်ဆိုင်ရာကုမ္ပဏီနှစ်ခုနှင့် UOB (United Overseas Bank Group) တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း ဇူလိုင် ၂ ရက်တွင်ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာမူဝါဒများကို ၂၀၁၂ ခုနှစ်တွင် ဖြေလျှော့ပေးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပြည်တွင်းတွင်ရှိသော ကားအစီးရေ ၈၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ်တွင် နှစ်စဉ်ကားအစီးရေ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ပြန်ကြားရေး ၀န်ကြီးဌာနက Weekly Eleven News Journal နှင့် The Daily Eleven သတင်းစာတို့မှ ထုတ်ဝေသူ အပါအ၀င် ငါးဦးအား တရားစွဲဆိုထားမှုတွင် ဒေါက်တာသန်းထွဋ်အောင်အား ပြစ်မှုကျင့်ထုံး ပုဒ်မ ၅၆၁ (က) အရ အမှုမှ ချေဖျက်ပေးရန် လျှောက်ထားမှု မန္တလေးတိုင်းဒေသကြီး...

ပြန်ကြားရေး ၀န်ကြီးဌာနက Weekly Eleven News Journal နှင့် The Daily Eleven သတင်းစာတို့မှ ထုတ်ဝေသူ အပါအ၀င် ငါးဦးအား တရားစွဲဆိုထားမှုတွင် ဒေါက်တာသန်းထွဋ်အောင်အား ပြစ်မှုကျင့်ထုံး ပုဒ်မ ၅၆၁ (က) အရ အမှုမှ ချေဖျက်ပေးရန် လျှောက်ထားမှု မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ပယ်ချ

မန္တလေးမြို့တွင် KNU /KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုဗိုလ်တစ်ဦး မောင်းနှင်လာသော ကားနှင့် ဆိုင်ကယ်တစ်စီး ၀င်တိုက်မိရာမှ ဒုဗိုလ်က သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် ဇူလိုင် ၂  ရက် နံနက် ၁ နာရီခွဲခန့်က KNU /KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဒုဗိုလ်တစ်ဦး မောင်းနှင်လာသော ကားနှင့် ဆိုင်ကယ်တစ်စီး ၀င်တိုက်မိရာမှ ဒုဗိုလ်က သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၁ နာရီခွဲ တွင် KNU /KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုဗိုလ်အဆင့်ရှိသူတစ်ဦး မောင်းနှင်လာသော ပရိုဘောက် အဖြူရောင်ယာဉ်သည် လမ်း ၈၀ အတိုင်းမြောက်မှ တောင်သို့မောင်းနှင်လာပြီး ရုတ်တရက် ဘရိတ်အုပ်လိုက်စဉ် နောက်မှပါလာသော ဆိုင်ကယ်တစ်စီးနှင့် တိုက်မိခဲ့ကြောင်း သိရသည်။

အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ သပိတ်မှောက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများနှင့် ဗကသ (အထက်ဗမာပြည်) ဥက္ကဋ္ဌဟောင်း ကိုသန့်ဇင် အပါအ၀င် ၀န်းရံပြည်သူ ရှစ်ဦးအား မြင်းခြံမြို့နယ်တရားရုံးတွင် ရုံးထုတ်

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ဆန္ဒပြခဲ့ကြသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူရှစ်ဦးအား မြင်းခြံဒီဂရီကော လိပ်အတွင်းရှိ နိုင်ငံတော်အလံ ဖြုတ်ချခဲ့မှုနှင့် မြင်းခြံမြို့အတွင်း ဆန္ဒထုတ်ဖော်ခဲ့မှုများနှင့် ပတ်သက်၍ မြင်းခြံမြို့နယ်တရားရုံး၌ ဇူ လိုင် ၂ ရက် နံနက်ပိုင်းအချိန်က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။ အမျိုးသားပညာရေး ဥပဒေနှင့်ပတ်သက်၍ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ လမ်းလျှောက်သပိတ်မှောက် ဆန္ဒထုတ်ဖော်ခဲ့မှုတွင် မြင်းခြံဒီဂရီကောလိပ် အတွင်းရှိ နိုင်ငံတော်အလံဖြုတ်ချခဲ့မှုနှင့် ပတ်သက်၍ ကျောင်းသား ငါးဦးအား နိုင်ငံတော်အလံ ဥပဒေပုဒ်မ ၁၆ ဖြင့်လည်းကောင်း ၀န်းရံပြည်သူ လေးဦးအား ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅(ခ)၊ ပု

ငရုတ်ကောင်းဒေသတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းလုပ်ဆောင်ရန် လျာထားမှုအပေါ် ကန့်ကွက်မှုများရှိလာချိန် တိုင်းအစိုးရ၏ သဘောထားအပါအ၀င် ဒေသခံများဘက်မှ မေးမြန်းချက်များကို ၀န်ကြီးချုပ်ဖြေဆိုရန် ငြင်းပယ်

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းဒေသတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ စီမံကိန်းလုပ်ဆောင်ရန် လျာထားမှုအပေါ် ကန့်ကွက်မှုများရှိလာချိန် တိုင်းအစိုးရ၏ သဘောထား အပါအ၀င် ဒေသခံများဘက်မှ မေးမြန်းချက်များကို ၀န်ကြီးချုပ်ကဖြေဆိုရန် ငြင်းပယ်ခဲ့ကြောင်း သတင်းရရှိသည်။

ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်၌ တိုင်းအစိုးရအဖွဲ့နှင့် LAG-LOG အဖွဲ့မှ ပူးပေါင်းကျင်းပသော အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ ပထမဦးဆုံးတွေ့ဆုံသည့် ဧရာဝတီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ ပထမနေ့တွင် ထိုသို့မေးမြန်းခဲ့မှုအပေါ် ဖြေဆိုရန် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများအား ဖမ်းဆီးထောင်ချ၊ တိုက်ပိတ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာမည့် ကိစ္စအရပ်ရပ်သည် အစိုးရနှင့် လွှတ်တော်တွင် အပြည့်အ၀ တာဝန်ရှိကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သတိပေး

ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ဖမ်းဆီးထောင်ချ၊ တိုက်ပိတ်ခြင်းတို့ကြောင့် ပေါ်ပေါက်လာမည့် ကိစ္စအရပ်ရပ်သည် အစိုးရနှင့် လွှတ်တော်တို့တွင်သာ အပြည့်အ၀ တာဝန်ရှိကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကြေညာချက် အမှတ် ၁/၂၀၁၅ အဖြစ် ဇူလိုင် ၂ ရက် ရက်စွဲဖြင့် သတိပေးကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

လက်ပံတောင်းဒေသခံ ဒေါ်ခင်ဝင်းသေဆုံးမှု အမှုမှန်ဖော်ထုတ်ပေးရန် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသော ကိုနေမျိုးဇင် အပါအ၀င် ငါးဦးအား အလုံမြို့နယ် တရားရုံးတွင် ရုံးထုတ်

လက်ပံတောင်းတောင် ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသခံတောင်သူ ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုအား အမှုမှန်ဖော်ထုတ်ပေးရန် ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရသည့် ကိုနေမျိုးဇင် အပါအ၀င် ငါးဦးကို ဇူလိုင် ၂ ရက်တွင် အလုံမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့သည်။ ယင်းနေ့တွင် တရားလိုပြသက်သေ ရဲဝန်ထမ်းကို စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့တော်ခန်းမ ထွက်ပေါက်ရှေ့ သပိတ်စခန်းဖွင့် ဆန္ဒပြခြင်းကြောင့် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ်ခြောက်လစီ ကျခံခဲ့ရသည့် မိကျောင်းကန် ဆန္ဒပြသူ ၁၄ ဦး ပြန်လည်လွတ်မြောက်

ရန်ကုန်မြို့တော်ခန်းမ ထွက်ပေါက်ရှေ့တွင် သပိတ်စခန်းဖွင့် ဆန္ဒပြခြင်းကြောင့် ဖေဖော်ဝါရီ ၁၈ ရက်က ပုဒ်မသုံးခုဖြင့် စုစုပေါင်း ထောင်ဒဏ်ခြောက်လစီ ကျခံစေရန် အမိန့်ချခံခဲ့ရသည့် သိမ်းဆည်းခံ မိကျောင်းကန်မြေ ပြန်ရရေး ဆန္ဒပြသူ ၁၄ ဦး ဇူလိုင် ၂ ရက် နံနက်ပိုင်းက အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်မွမ်းမံနိုင်ခြင်း မရှိ၍ ပိုမိုပျက်စီးလာသဖြင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးနှင့် လူနေအဆောက်အအုံများ ဆောက်လုပ်နိုင်မည့် အခွင့်အရေး ဖြစ်လာ

ရန်ကုန်မြို့ရှိ ရှေးဟောင်းအဆောက်အအုံများကို ပြန်လည်မွမ်းမံနိုင်ခြင်း မရှိခြင်းကြောင့် ပိုမိုပျက်စီးလာနေပြီး ထိုသို့ ပျက်စီးလာမှုများအပေါ် စီးပွားရေး လုပ်ငန်းရှင်များက အခွင့်ကောင်းယူကာ လူနေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံများ ဆောက်လုပ်ရန် အခွင့်အရေး ဖြစ်လာနေသည်ဟု မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေဆိုင်ရာ လေ့လာမှုများ ပြုလုပ်နေသည့် House.com.mm က သတင်းထုတ်ပြန်သည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်မှ ဖမ်းဆီးခံကျောင်းသားနှင့် ၀န်းရံပြည်သူများအနက် ခုနစ်ဦးကို ထောင်စည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မဖြင့် တရားစွဲမည်ဟု သတင်းများထွက်ပေါ်

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများအနက် ခုနစ်ဦးကို ထောင်စည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုက်ပိတ်ခဲ့ပြီး အကျဉ်းထောင် အက်ဥပဒေပုဒ်မဖြင့် ထောင်အာဏာပိုင်များမှ တရားစွဲမည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် EU က ယူရို ၄ ဒသမ ၂ သန်း ထောက်ပံ့မည်

မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများကို ဥရောပသမဂ္ဂနိုင်ငံ၏ ထောက်ပံ့မှုဖြင့် ပြည်ပအဖွဲ့အစည်းများဖြစ်သည့် UN Habitah UNEP နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုများကို EU မှ ယူရို ၄ ဒသမ ၂ သန်းဖြင့် ပံ့ပိုးကူညီ သွားမည့်အပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့် သစ်တောပြုန်းတီးမှုနှင့် သစ်တောအတန်းအစား လျော့ကျခြင်းမှ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကူညီပံ့ပိုးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ UOB ၏ မြန်မာနိုင်ငံဆိုင်ရာရုံးခွဲ စတင်ဖွင့်လှစ်

လာမည့် ၁၂ လအတွင်း မိတ်ဆွေလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ကူညီပံ့ပိုးမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်နှင့်အတူ UOB ၏ မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဇူလိုင် ၂  ရက်တွင် ရန်ကုန်မြို့ Park Royal  တွင်  စတင်ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း အဆိုပါ ဟိုတယ်၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူဦးရေ နှစ်ထောင်နီးပါး အကူအညီမရ ဖြစ်နေ

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း ရေကြီးမှုကြောင့် ကျေးရွာပေါင်း ၂၅ ရွာမှ လူဦး ရေနှစ်ထောင်နီးပါး အကူအညီမရဘဲရှိနေ ကြောင်း အမ်းမြို့နယ်ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြုအဖွဲ့မှသိရသည်။

ယင်းအပြင် ရေနစ်မြုပ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ တပ်မတော်သားတစ်ဦး အပါအ၀င် ရေနစ်မြုပ်မှုကြောင့် ငါးဦးအထိ သေဆုံးခဲ့ရကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်အတွင်း ရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်ထွေးထံမှ ဇူလိုင် ၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့  ဖောက်ထွင်းကျူးလွန်သူမှာ သာကေတမြို့နယ်နေ ဇေလင်းထက် (ခေါ်) ဖားသိုး (၂၀) နှစ်ဆိုသူ ဖြစ်ကြောင်းသိရပြီး ယခင်က ပုဇွန်တောင်မြို့နယ်အတွင်း စည်ပင်နေ့စားဝန်ထမ်း လုပ်ခဲ့ဖူးကာ ခိုးမှုနှစ်ကြိမ် ကျူးလွန်ဖူးသူဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့တွင်​ ​လောင်း​ကစားဂိမ်းရုံဝင်​ဖမ်းစဉ်​ ပစ်​ခတ်​မှု ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

မြ၀တီမြို့ အမှတ် ​၄ ရပ်​ကွက်​ ​အောင်​ချမ်းသာလမ်းရှိ ​လောင်းကစားဂိမ်းဆိုင် ​တစ်​ဆိုင်အား ရဲတပ်​ဖွဲ့ဝင်က ၀င်​​ရောက်​ဖမ်းဆီးခဲ့ရာ ပစ်​ခတ်​မှုဖြစ်​ပွားပြီး ရဲတပ်​ဖွဲ့ဝင်​တစ်​ဦးနှင့် ပြည်​သူတစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဇွန်​ ၃၀ ရက်​ ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မြ၀တီခရိုင်​ ရဲတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ အဆိုပါ ​လောင်းကစားဂိမ်းရုံသို့ ၀င်​​ရောက်​ဖမ်းမီစဉ်​ ဂိမ်းရုံအတွင်းမှ ပစ်ခတ်​မှု​​ကြောင့်​ မြ၀တီရဲစခန်းမှ ဒုတပ်ကြပ်​ ​ကျော်​​ကျော်​၀င်းနှင့်​​ မောင်​ဇော်​ဆိုသူ ပြည်​သူတစ်​ဦး​ သေနတ်​မှန်​ပြီး ဒဏ်​ရာရခဲ့သည်​။

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်တွင် မဲစာရင်းတွင် ပါဝင်သူ ကိုးထောင်ကျော်အနက် ငါးထောင်ကျော်မှာ မှားယွင်းနေမှုကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူမည်

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် အခြေခံမဲ စာရင်းတွင် မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၉၈၃၂ ဦးရှိသည့်အနက် လူဦးရေ ငါးထောင်ကျော်မှာ မဲစာရင်း မှားယွင်းနေမှုကြောင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်နိုင်ရန် ခက်ခဲနေခြင်းကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် သတင်းသမားများအပေါ် တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း နယူးယောက်တိုင်းမ် ရေးသား

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် မြန်မာနိုင်ငံမှ သတင်းသမားများအား တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ရေးသားလိုက်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂ ရက် (ယနေ့) ထုတ် The International New York Times သတင်းစာတွင် ဖော်ပြသည့် Myanmar's  War on the Press ခေါင်းစဉ်ဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော်၌ အဆိုပါ အကြောင်းအရာအား အကျယ်တ၀င့် ရေးသားခဲ့ခြင်းဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှုရှိစေရန် သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်းလည်း ရေးသားထားသည်။

Pages