ပြည်တွင်း သတင်းများ

အစိုးရ၀န်ကြီးဌာန ၃၁ ခုရှိနေရာ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့်အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လျစ်ကောင်းမွန်အောင် ပြုပြင်ဖွဲ့စည်းရန် လိုအပ်ကြောင်း ရသုံးမှန်းခြေဆိုင်ရာအကြံပြုသုံးသပ်ချက်စာတမ်းတွင် ဖော်ပြ

 
၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် (နြ) တွင် ဘတ်ဂျက်လိုငွေ ငါးရာခိုင်နှုန်းအထက်ရှိ နေမည်ဖြစ်ပြီး လက်ရှိတွင် အစိုးရ၀န်ကြီး ဌာန ၃၁ ခုရှိနေကာ အဆိုပါဝန်ကြီးဌာနများ ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ထပ်နေသည့် အတွက် အစိုးရယန္တရားကို ပိုမိုကျစ်လစ် အောင် ပြုပြင်ဖွဲ့စည်းရန်လိုအပ်ကြောင်း ရန် ကုန်မြို့ရှိ တော်ဝင်နှင်းဆီတွင် ထုတ်ပြန် လိုက်သည့် ရသုံးမှန်း ခြေဆိုင်ရာအကြံပြုစာ တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။
 

တိုက်ပွဲဖြစ်ပွားခဲ့သည့် အာရှလမ်းမတွင် ဂိတ်တစ်ခုတည်းထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် တွေ့ဆုံမည်ဟု KNU တာဝန်ရှိသူတစ်ဦး ပြောကြား

တိုက်ပွဲများဖြစ်ပွားခဲ့သည့် မြ၀တီ- အာရှလမ်းမပေါ်တွင် ဂိတ်တစ်ခုတည်း ထားရှိရန် ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ပြည်နယ်အစိုးရတို့ ဇူလိုင် ၇ ရက်တွင် ဆက်လက်တွေ့ဆုံသွားမည်ဖြစ်ကြောင်း KNU မှ အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောလှထွန်းက ဇူလိုင် ၄ ရက်က ရန်ကုန်မြို့၊ မင်းဓမ္မလမ်းပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သော ကရင်အမျိုးသားအကြို ညီလာခံသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
 
“အာရှလမ်းမနဲ့ ပတ်သက်ပြီးတော့  ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို ကရင်ပြည်နယ်အစိုးရက လာမယ့်ဇူလိုင် ၇ ရက်မှာ ဆွေးနွေးဖို့ရှိပါတယ်”ဟု ပဒိုစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာ သန်း ၈၀၀ ကျော် ထုတ်ချေးမည်

မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် ဂျပန်နိုင်ငံမှ ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ 
 
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ ဂျပန် ယန်း ဘီလျံ ၉၉ ဒသမ ၈၅ (အမေရိကန်ဒေါ်လာ ၈၁၂ ဒသမ ၃၅ သန်း) ကို ချေးငွေအဖြစ် ထုတ်ချေးရန် ဇူလိုင် ၄ ရက်က ကတိပေးခဲ့ကြောင်း သိရသည်။ 
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ၏ ရုပ်အလောင်းအား ပြန်လည်တူးဖော်ပြီး ကော့သင်းရှူးကျေးရွာ သုသာန်တွင် မီးသင်္ဂြိုဟ်

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌ အလောင်းအား ဇူလိုင် ၃ ရက်တွင် မြေမြုပ်ခဲ့ပြီး ကရင်ရိုးရာထုံးစံအရ ပြန်လည်တူးဖော်ကာ ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီက ကော့သင်းရှူး ကျေးရွာသုသာန်တွင် ပြန်လည်မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
 

ယခုနှစ် နှစ်ဝက်အတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုနှင့် အခြားရာဇ၀တ်မှု ကျူးလွန်သည့်ဖြစ်စဉ် ၅၆ မှုရှိလာပြီး အများစုမှာ ငွေကြေးလိုအပ်မှုကြောင့် ကျူးလွန်နေကြခြင်းဟု ဆို

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအတွင်း လူငယ်များ အုပ်စုဖွဲ့လူသတ်မှုကျူးလွန်ခြင်း နှင့် အခြားရာဇ၀တ်မှုများ ကျူးလွန်သည့်ဖြစ်စဉ်များမှာ ၅၆ မှုအထိ ရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
 
ယင်းကဲ့သို့ ဆယ်ကျော်သက်လူငယ်များ အပါအ၀င် ၂၀ ၀န်းကျင် လူငယ်များ ပြစ်မှုကျူးလွန်နေကြခြင်းမှာ ငွေကြေးလိုအပ်မှုများကြောင့် အများဆုံးကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။
 

ပန်းတောင်းမြို့နယ်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ ကျပ် ၂၁၉ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွှေတံငါတံတား ဖွင့်လှစ်ပြီး နှစ်လအကြာတွင် ကျိုးကျသဖြင့် ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ရွှေတံငါချောင်းတံတား ကျိုးကျခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
 

ခရီးသည် ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်း

မန္တလေးတိုင်းဒေသကြီးအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး  တံတားဦးအ၀ိုင်းတွင် မေ ၃၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍  ခရီးသည်ခြောက်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည့် E-Lite Express ရန်ကုန်-ပြင်ဦးလွင် မော်တော်ယာဉ်လိုင်းကို ဇူလိုင် ၁ ရက်မှစ၍ ပြေးဆွဲခွင့် ရာသက်ပန်ပိတ်သိမ်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
 

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်းကို တွေ့ရှိပါက လက်နက်များအက်ဥပဒေ ပုဒ်မအရ အရေးယူမည်ဖြစ်ပြီး တရားမ၀င် ကိုင်ဆောင်ပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တရားမ၀င် လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိခြင်း တွေ့ရှိပါက ၁၈၇၈  ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး တရားမ၀င် လက်နက်ကိုင်ဆောင်ထားပါက သက်ဆိုင်ရာသို့ အမြန်ဆုံးအပ်နှံကြရန် ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဇူလိုင် ၄ ရက်ထုတ်  အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြခဲ့သည်။
 

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲ၍ အမှိုက်သိမ်းခတိုးမြှင့်မည့် အစီအစဉ် မြို့နေလူထု ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် အစီအစဉ်ရပ်ဆိုင်း

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်း ပုဂ္ဂလိကသို့ လွှဲပြောင်း၍ အမှိုက်သိမ်းဆည်းခ တိုးမြှင့်ကောက်ခံမည့် အစီအစဉ်အပေါ် ရန်ကုန်မြို့နေလူထု၏ ဆန္ဒသဘောထား ကောက်ခံရာ ၈၀ ဒသမ ၂ ရာခိုင်နှုန်းက သဘောမတူသဖြင့် လွှဲပြောင်းမည့်အစီအစဉ် အားရပ်ဆိုင်းလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
 

အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများ အပါအ၀င် ၂၄ နှစ်အောက်လူငယ်များ အခမဲ့တက်ရောက်ခွင့်ပြုရန် စီစဉ်

၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည့် အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာညီလာခံတွင် ကျန်းမာရေးဝန်ထမ်းများအပါအ၀င် အသက် ၂၄ နှစ်အောက် လူငယ်များအား အခမဲ့တက်ရောက်နိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း သိရသည်။
 
ယင်းညီလာခံတွင် နိုင်ငံတကာအသီးသီးမှ ပညာရှင်များ၊ လူငယ်များ တက်ရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံမှလူငယ်များအတွက်လည်း ယင်းညီလာခံတက်ရောက်ရန် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ကာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) အဖွဲ့မှ ကုန်ကျစရိတ်များအား ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
 

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး  Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
 
မေလနှင့် ဇွန်လအတွင်း၌ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီ ရှစ်ခုကို လိုင်စင်ချထားပြီး လိုင်စင်ရရှိသည့် နည်းပညာကုမ္ပဏီအများစုမှာ ပြည်တွင်းကုမ္ပဏီ ပိုမိုများသည်ဟု သိရသည်။
 

မြန်မာ့ဆက်သွယ်ရေးက လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G ကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည်

မြန်မာ့ဆက်သွယ်ရေးမှ လက်ရှိအသုံးပြုနေသည့် 2G ကွန်ရက်အစား အင်တာနက်လိုင်း ပိုမိုမြန်ဆန်သည့် 3G မိုဘိုင်းကွန်ရက်ကို ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် 2G မိုဘိုင်းကွန်ရက်များ တည်ဆောက်နေပြီး လက်ရှိတွင် နေပြည်တော်အမြန်လမ်းမကြီးတစ်လျှောက်တွင် 3G  မိုဘိုင်းကွန်ရက်များကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
 

ဇွန်လအတွင်း အကောက်ခွန်မဲ့ တင်သွင်းလာသောပစ္စည်းများ တန်ဖိုး ကျပ်သန်း ၄၀၀ နီးပါး ဖမ်းဆီးရမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် အကောက်ခွန်နယ်မြေဒေသများမှ ဇွန်လအတွင်း အကောက်ခွန်မဲ့ပစ္စည်းများ တန်ဖိုး ကျပ် ၃၈၈ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
 
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ အမှုပေါင်း ၄၅ မှုအထိ ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ငါးမှု၊ ဆိပ်ကမ်းများတွင် ၁၁ မှုနှင့် အကောက်ခွန်နယ်မြေဒေသများမှ ၂၉ မှုအထိ ဖမ်းဆီးရမိခဲ့သည်။
 

မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေး သေဆုံးမှုမြင့်မားနေပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေ


မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အ တွင်း ၆၅၀၀၀ နီးပါးသေဆုံးပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေသည်ဟု ဇူလိုင် ၃ ရက်က မကွေးမြို့၌ ကျင်းပသည့် မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေး အရှိန် အဟုန်မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

အာရှနိုင်ငံများမှ ခွဲစိတ်ဆရာဝန်များပါဝင်သည့် Smile Asia အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၅ ရက်မှစ၍ အခမဲ့ ကုသပေးမည်

အာရှနိုင်ငံများမှ မျက်နှာ၊ မေးရိုးခွဲစိတ် အထူးကုဆရာဝန်များပါဝင်သည့် Smile Asia  အဖွဲ့မှ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်  ၅ ရက် မှ၁၂ ရက်အထိ အခမဲ့လာရောက် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
 

အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

ဇူလိုင် ၁ ရက်က ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းတွင် အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်ခဲ့သူများကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

မန္တလေးမြို့တွင် သေနတ်၊ ကျည်ဆန်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက် ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြခဲ့သော သဲကုန်းမြို့ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒပြမည်

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးဆန္ဒပြခဲ့သော သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ဇူလိုင် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌအမှုမှာ စုံစမ်းဆဲဖြစ်ပြီး ယင်းအမှုအား NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ စိတ်ဝင်တစားစောင့်ကြည့်နေဟု ဆို

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရပ်/ကျေးဥက္ကဋ္ဌအမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီး အဆိုပါအမှုအား NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သက်ဆိုင်ရာရဲစခန်း နှင့် ဘားအံမြို့ နယ် NLD  မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
 

ဝေးလံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ဒေသစရိတ်နှုန်းထားသစ်များ ပြင်ဆင်သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ဝေးလံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ဒေသစရိတ်နှုန်းထားသစ်များ ပြင်ဆင်သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။
 

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ ယနေ့သွားရောက်မည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်သို့ ဇူလိုင် ၄ ရက်နေ့ (ယနေ့)တွင် သွားရောက်၍ ကော့မှူးမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Pages