ပြည်တွင်း သတင်းများ

မြန်မာနိုင်ငံ၌ ငါးနှစ်အောက်ကလေး သေဆုံးမှုမြင့်မားနေပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေ


မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေး သေဆုံးမှုသည် အကြမ်းအားဖြင့် တစ်နှစ်အ တွင်း ၆၅၀၀၀ နီးပါးသေဆုံးပြီး တစ်နာရီလျှင် ကလေးရှစ်ဦးနှုန်းခန့် သေဆုံးနေသည်ဟု ဇူလိုင် ၃ ရက်က မကွေးမြို့၌ ကျင်းပသည့် မိခင်နှင့်ကလေးသေဆုံးမှုကျဆင်းရေး အရှိန် အဟုန်မြှင့်လုပ်ငန်း စတင်ခြင်း အခမ်းအနားတွင် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

အာရှနိုင်ငံများမှ ခွဲစိတ်ဆရာဝန်များပါဝင်သည့် Smile Asia အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ဆေးရုံကြီးတွင် ဇူလိုင် ၅ ရက်မှစ၍ အခမဲ့ ကုသပေးမည်

အာရှနိုင်ငံများမှ မျက်နှာ၊ မေးရိုးခွဲစိတ် အထူးကုဆရာဝန်များပါဝင်သည့် Smile Asia  အဖွဲ့မှ  နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင်  ၅ ရက် မှ၁၂ ရက်အထိ အခမဲ့လာရောက် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံမည်ဖြစ်ပြီး တရုတ်၊ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများအား ငွေဝယ်ကျွန်အဖြစ် မမြင်ရန် အလုပ်သမားအဖွဲ့အစည်းများ ပြောကြား

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်မှုကို အခြားခံစားခွင့်များ ပါဝင်မှသာ လက်ခံနိုင်မည်ဖြစ်ပြီး တရုတ်၊ ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာလုပ်သားများကို ငွေဝယ်ကျွန်အဖြစ် မမြင်ဘဲ လူသားတစ်ဦးအဖြစ်သာ မြင်ပေးရန်  အလုပ်သမားအဖွဲ့အစည်းများက ဇူလိုင် ၃ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
 

အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိ

ဇူလိုင် ၁ ရက်က ဗိုလ်တထောင်မြို့နယ် ၄၆ လမ်းတွင် အငှားယာဉ်မောင်းအား လုယက်မှုကျူးလွန်ခဲ့သူများကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

မန္တလေးမြို့တွင် သေနတ်၊ ကျည်ဆန်နှင့် ဆက်စပ်ပစ္စည်းများ ဆက်လက် ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် နှင့် ပုသိမ်ကြီးမြို့နယ်များတွင် သေနတ်နှင့် ဆက်စပ်ပစ္စည်းများ ကို ဇူလိုင် ၂ ရက် မွန်းလွဲပိုင်းက ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
 

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်မြေများ ပြန်ရရေး ဆန္ဒပြခဲ့သော သဲကုန်းမြို့ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒပြမည်

ပဲခူးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံ လယ်မြေများ ပြန်ရရှိရေးဆန္ဒပြခဲ့သော သဲကုန်းမြို့၊ အောင်ကုန်းကျေးရွာမှ လယ်သမားများ ထောင်မှပြန်လွတ်လာပြီး လယ်မြေများ ပြန်လည်ရရှိရေး သပိတ်စခန်းဖွင့် ထပ်မံဆန္ဒ ပြတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အောင်ကုန်းကျေးရွာလယ်သမားများက ဇူလိုင် ၃ ရက်တွင် မြန်မာဂျာနယ်လစ်ကွန်ရက်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
 

ဘားအံမြို့နယ် အိန္ဒဲကျေးရွာတွင် သေနတ်ဖြင့်ပစ်သတ်ခံရသည့် NLD ရပ်/ကျေးဥက္ကဋ္ဌအမှုမှာ စုံစမ်းဆဲဖြစ်ပြီး ယင်းအမှုအား NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ စိတ်ဝင်တစားစောင့်ကြည့်နေဟု ဆို

ဘားအံမြို့နယ် အိန္ဒဲကျေးရွာ၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရပ်/ကျေးဥက္ကဋ္ဌအမှုကို သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေပြီး အဆိုပါအမှုအား NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သက်ဆိုင်ရာရဲစခန်း နှင့် ဘားအံမြို့ နယ် NLD  မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
 

ဝေးလံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ဒေသစရိတ်နှုန်းထားသစ်များ ပြင်ဆင်သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

ဝေးလံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ဒေသစရိတ်နှုန်းထားသစ်များ ပြင်ဆင်သတ်မှတ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။
 

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်သို့ ယနေ့သွားရောက်မည်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်သို့ ဇူလိုင် ၄ ရက်နေ့ (ယနေ့)တွင် သွားရောက်၍ ကော့မှူးမြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျပ်သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် မြစ်ကြီးနားမြို့တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ကျပ်သိန်းနှစ်သောင်းကျော်တန်းဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မြစ်ကြီးနားမြို့တွင် ကျပ်သိန်းပေါင်း ၇၀၀ ကျော်တန်းဖိုးရှိ မူးယစ်ဆေးများ ရက်ခြားဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ယင်းလမ်းမပေါ်သွားလာနေသည့် မော်တော်ယာဉ်များ နာရီအနည်းငယ်ကြာရပ်တန့်ခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကွတ်ခိုင်မြို့နှင့် နမ့်ဖက်ကာကျေးရွာအကြားတွင် ဇူလိုင် ၃ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် အဆိုပါလမ်းသွားလာနေသည့် မော်တော်ယာဉ်များ နာရီအနည်းငယ်ကြာ ရပ်တန့်ထားရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ရှမ်းမြောက်ဒေသတွင်  အစိုးရတပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုတိုက်ပွဲမှာလည်း တပ်မတော်နှင့် TNLA တပ်များအကြားဖြစ်ပွားသည့် တိုက်ပွဲပင်ဖြစ်နိုင်သည်ဟု လားရှိုး-မူဆယ် ကားဆရာတစ်ဦးကပြောကြားသည်။

ရွှေဘိုမြို့နယ်တွင် လအနည်းငယ်အတွင်း လူပျောက်မှု ၁၂ မှုထက်မနည်းဖြစ်ပေါ်နေခြင်းကြောင့် အထက်တန်းကျောင်းသားကျောင်းသူများအား ဆရာများကသတိပေးနေ

ရွှေဘိုမြို့နယ်တွင် အမျိုးသမီးငယ်များပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားပြီးနောက် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား လိမ်လည်ခေါ်ယူမှုများနှင့်ပတ်သက်ပြီး ဆရာ၊ ဆရာမများက သတိပေးမှုများပြုလုပ်နေကြောင်း သိရသည်။

လအနည်းငယ်အတွင်း လူပျောက်ဆုံးမှု ၁၂ ခုကို ရွှေဘိုမြို့မရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ကြပြီး အမှုအများစုသည် အမျိုးသမီးမိန်းကလေးငယ်များ ပျောက်ဆုံးခြင်းဖြစ်နေသည့်အတွက် သတိပေးရခြင်းဖြစ်ကြောင်း ဆရာ၊ ဆရာမများကဆိုသည်။

၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်းတစ်ခု၌ ဗုံးပေါက်ကွဲမှု၊ စားသောက်ဆိုင်တွင် ချိန်ကိုက်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ တရားစွဲထားသူသုံးဦးအနက် ဗုံးထောင်သူအား တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၂၅ နှစ်ကျခံစေပြီး ကျန်နှစ်ဦးကိုလွှတ်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးကအမိန့်ချ

၂၀၁၃ ခုနှစ်အတွင်း ဟိုတယ်အခန်းတစ်ခု၌ ဗုံးပေါက်ကွဲမှု၊ စားသောက်ဆိုင်တွင် အချိန်ကိုက်ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ ဖမ်းဆီးတရားစွဲခံထားရသည့် အမျိုးသားသုံးဦးကို  ဇူလိုင် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အင်းတော်ကြီးကန်အား ဇီဝအ၀န်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ယခုနှစ် စက်တင်ဘာတွင် ယူနက်စကိုသို့တင်ပြမည်

အင်းတော်ကြီးကန်အား ဇီဝအ၀န်းနယ်မြေအဖြစ် သတ်မှတ်နိုင်ရန် ယခုနှစ်စက်တင်ဘာအတွင်း ယူနက်စကိုသို့ တင်ပြသွားမည်ဖြစ်ပြီး လာမည့်နှစ်အတွင်း စာရင်းဝင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာတောရိုင်းတိရစ္ဆာန်နှင့် အပင်များအဖွဲ့ FAUNA & FLORA INTER-NATIONAL မှသိရသည်။

မန္တလေးမြို့တွင် အမြွှာညီအစ်ကို နှစ်ဦးထံမှ သေနတ်များ တွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေရာ စုစုပေါင်း သေနတ် ၃၂ လက်အထိ ဖမ်းဆီးရမိ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် နေထိုင်သည့် အမြွှာညီအစ်ကို နှစ်ဦးထံမှ ဇွန် ၂၆ ရက် ညပိုင်းတွင် သေနတ်များ တွေ့ရှိရာမှ ဆက်လက်ရှာဖွေရာ ဇွန် ၃၀ ရက်အထိ သေ နတ် ၃၂ လက်အထိ တွေ့ရှိဖမ်းဆီး ရမိထားကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ သေနတ်အများအပြား ထပ်မံရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်ပြီး စုံစမ်းဆေးနေကြောင်းနှင့် အမှုကွင်းဆက်များထံမှ လက်နက်များ ထပ်မံသိမ်းဆည်းရမိရန် ဆောင်ရွက်နေသဖြင့် အမှုပြီးပြတ် တရားစွဲတင်သည့် အဆင့်ရောက်မှသာ အသေးစိတ်ထုတ်ပြန်ရန် ဖြစ်နိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပြောကြားသည်။

အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များ ခြိမ်းခြောက်ပြောကြား

မြန်မာနိုင်ငံအနေဖြင့် တစ်ရက်အနည်းဆုံးအခကြေးငွေ တစ်ရက်လုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပါက လာမည့်စက်တင်ဘာလတွင် စက်ရုံပိတ်သိမ်း၍ အိမ်ပြန်ကြမည်ဖြစ်ကြောင်းဖြစ်ကြောင်း တရုတ်နှင့် ကိုရီးယားအထည်ချုပ်လုပ်ငန်းရှင်များက ဇူလိုင် ၂ ရက်တွင်ပြုလုပ်သည့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏အစည်းအဝေးတွင် ခြိမ်းခြောက်ပြောကြားမှုပြုလုပ်ခဲ့သည်။

Pages