၂၈ ခုမြောက် သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးကို ဖားကန့်မြို့တွင် ဖွင့်လှစ်

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ မော်ဝမ်းရပ်ကွက်ရှိ မြို့ဦးစေတီကျောင်းတိုက်အနီးတွင် ၂၈ ခုမြောက် သီတဂူ စက္ခုဒါနဆေးရုံတော်ကြီးကို တည်ဆောက်ခဲ့ပြီး ယနေ့(ဇန်နဝါရီ ၁၂ ရက်) တွင် ဖွင့်ပွဲနှင့် ရေစက်ချ အလှူတ်ာမင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

စက္ခုဒါနဆေးရုံတော်ဖွင့်ပွဲနှင့်အတူ မျက်စိဝေဒနာရှင်များကိုလည်း ၁၀ ရက်တာ စမ်းသပ်ကုသပေးမည်ဖြစ်ပြီး ယခုအခါ လာရောက်စာရင်းပေးသွင်းထားသည့် မျက်စိဝေဒနာရှင်ပေါင်း ၃၀၀၀ ခန့်ရှိကြောင်းသိရသည်။

အဆိုပါ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးမှာ ၂၀၁၅ ခုနှစ် မတ်လက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဖားကန်မြို့သို့ရောက်ရှိခဲ့စဉ် ဖားကန်မြို့နယ် ခရစ်ယာန်ဂိုဏ်းပေါင်းစံ မိတ်သဟာရအဖွဲ့၏ လျှောက်ထားမှုကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သိရသည်။