မြန်မာ-ထိုင်းနယ်​စပ်​ သောင်​ရင်းမြစ်​အတွင်း ကုန်​ကားတစ်​စီး ထိုးဆင်းသွားပြီး ​မြစ်အတွင်းရှိ လှေပေါ်သို့ကျကာ လှေနစ်မြုပ်

သောင်ရင်းမြစ်အတွင်း ထိုးဆင်းသွားသော ၁၀ ဘီး ကုန်တင်ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-ကိုရဲအောင်)

မြန်​မာ - ထိုင်းနယ်​​စပ်​ စည်းခြားထားသည့်​ ​သောင်​ရင်းမြစ်​အတွင်းသို့ ဧပြီ ၂၀ ရက်​​ နံနက်​က ကုန်​တင်​ ၁၀ ဘီး ယာဉ်တစ်​စီး ထိုးဆင်းသွားပြီး ​ မြစ်​အတွင်းရှိ လှေ​ပေါ်သို့ ကျကာ​ လှေနစ်​မြုပ်ခဲ့​သော်​လည်း လူတစ်​စုံတစ်ရာ ထိခိုက်​မှု မရှိကြောင်း သိရသည်​။

မြ၀တီ မြို့အမှတ်​ (၃) ရပ်​ကွက်​ ​သောင်​ရင်းမြစ်​ဖြတ်​​ကျော်​ စက်​​လှေ (၁၉) ဂိတ်​တွင်​ ကုန်​တင်​ ၁၀ ဘီး ယာဉ်တစ်​စီး ကုန်​ပစ္စည်း တင်​​ဆောင်​ရန်​ ​သောင်​ရင်းမြစ်​ကမ်းစပ်​​သို့ ဆင်းစဉ်​ မြစ်​ထဲသို့ တဖြည်းဖြည်း ထိုးကျသွားကြောင်း သိရသည်​။

“ဘရိတ်မနိုင်​​တော့ဘူး။ ဖြည်းဖြည်းချင်း ဆင်းသွားတာ။ ကားက​တော့ ပစ္စည်းတင်ဖို့ သွားတာ အခွံပေါ့။ လှေကလည်း ပစ္စည်းမရှိဘူး။ လှေ​ပေါ်မှာရှိတဲ့ အလုပ်သမား​ လေးငါး​ယောက်​ကလည်း ​ပြေးလွှတ်​လိုက်​တယ်​။ လူ​တွေက​တော့ ဘာမှမဖြစ်​ပါဘူး” ဟု လှေဆိပ်​အနီး ရှိနေသူ တစ်ဦးက ​ဆိုသည်​။

ရပ်​ထားသည့်​ကားကို လက်​ညှိုးထိုးပြရင်း ကမ်းစပ်​အနီး ထိုင်​​နေသူတစ်ဦးကလည်း “ရေထဲမှာ ​လှေ​ရှိ​နေ​ပေမယ့် ကားက အရှိန်​နဲ့ ဆင်းလာတာ မဟုတ်​လို့ ​တော်​​သေးတာ​ပေါ့။အရှိန်​နဲ့ လာလို့က​တော့ ​လှေ​ပေါ်ကလူ​တွေ အန္တရာယ်​ ဖြစ်​နိုင်​ပါတယ်​။ ကားကို​တော့ ​နေ့လယ်က ကရိန်းနဲ့ဆွဲတင်​လိုက်​ပါပြီ” ဟု ဆို သည်​။

နယ်​စပ် ​ကုန်​သွယ်​​ရေး စခန်းများအနက်​ ဒုတိယ ကုန်​သွယ်​မှု အများဆုံးဖြစ်​သည့်​ မြ၀တီ နယ်​စပ်​ကုန်​သွယ်​လမ်း​ကြောင်းတွင်​ ​ဒေါန​တောင်​​ကျော်​ အာရှလမ်းသစ်​ ဖွင့်​လှစ်​ပြီး​နောက်​ ကုန်​သွယ်​မှု မြင့်​တက်လာပြီး ​ယခင်​ဘဏ္ဍာနှစ်​ထက်​ ​ဒေါ်လာသန်း ၂၀၀ ​ကျော်​ ပိုမို ကုန်​သွယ်​နိုင်​ခဲ့ကြောင်း စီးပွား​ရေးနှင့်​ကူးသန်း​ရောင်း​၀ယ်​ရေး ၀န်​ကြီးဌာနမှ သိရသည်။

ဒုတိယ ကုန်သွယ်​မှုအများဆုံး နယ်​စပ်​ စခန်းလည်းဖြစ်​သလို ထိုင်းနိုင်​ငံနှင့်​ ထိစပ်​​နေ​သော နယ်​​စပ်​စခန်းများအနက်​ ကုန်​သွယ်​မှုအများဆုံးဖြစ်​သည့်​ မြ၀တီနယ်​စပ်မှ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်​တွင်​ အ​မေရိကန်​ ​ဒေါ်လာ ၉၂၈ ဒသမ ၆၀၂ သန်း ကုန်​သွယ်​နိုင်​ခဲ့ပြီး ယခင်​ဘဏ္ဍာနှစ်​က ဒေါ်လာ ၇၂၆ ဒသမ ၁၃၃ သန်း ကုန်​သွယ်​နိုင်​ခဲ့ရာ ဒေါ်လာ ၂၀၂ ဒသမ ၄၆၉ သန်း ပိုမိုကုန်​သွယ်​နိုင်ခဲ့​ကြောင်း သိရသည်။

ထိုင်းနိုင်​ငံနှင့်​ နယ်​နိမိတ်​ ထိစပ်​​နေပြီး ကုန်​စည်​စီးဆင်းမှု မြန်​ဆန်​လွယ်​ကူရန်​အတွက်​ ချစ်​ကြည်​​ရေးတံတားမှ ကုန်​သွယ်​ကြသလို သောင်​ရင်းမြစ်​အား နီးစပ်​ရာ ​လှေဂိတ်​များမှလည်း ကူးလူးဖြတ်​​ကျော်​လျက်​ရှိသည်။

မြ၀တီမြို့နှင့်​ဆက်​စပ်​​နေ​သော ​သောင်​ရင်းမြစ်​ကမ်းစပ်​တစ်​လျှောက်​တွင်​ စက်​​လှေဂိတ်​​ပေါင်း ၂၀ ​ကျော်​ရှိပြီး Without ကားများ အပါအ၀င်​ ပို့ကုန်​သွင်းကုန်​၏ ရာခိုင်​နှုန်း ၅၀ မှာ အဆိုပါ ​လှေဂိတ်​များမှ ဖြတ်​​ကျော် ​၀င်​​ရောက်​လျက်​ရှိ​ကြောင်း သိရသည်​။

Writer: 
ရွှေသိန်း