နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့ ဒုတိယအကြိမ်မြောက်ဂုဏ်ပြု ဂရတ်ဖတီရေးဆွဲ

မန္တ​လေးမြို့ ၂၂ လမ်း၊ ၈၈ × ၈၉လမ်းကြား အုတ်နရံပေါ်တွင် ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီမှစတင်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် ဒုတိယအကြိမ်မြောက် ဂုဏ်ပြု ဂရတ်ဖတီ ရေးဆွဲခဲ့သည်။

"ဆွဲဖြစ်တဲ့ အဓိက အကြောင်းအရင်းကတော့ ၁၉ ရက် ၆ လ ၂၀၁၇ ခုနှစ်မှာ ကျရောက်တဲ့ မွေးနေ့မှသည် နောင်အနှစ်တစ်ရာတိုင် နိုင်ငံတာဝန်တွေကို ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဆွဲဖြစ်တဲ့ အဓိက အကြောင်းအရင်းကတော့ မနေ့ကအကြို နန်းရှေ့ဘက်မှာ သွားရောက်ရေးဆွဲခဲ့ပါတယ်။ အခုဒုတိယအကြိမ်မြောက် အနေနဲ့ မွေးနေ့မှာ အုတ်နရံပေါ် ထပ်မံဂုဏ်ပြုရေးဆွဲတာပါ" ဟု ဂရတ်ဖတီပညာရှင် MC Prince က ပြောသည်။

အဆိုပါ ဂရတ်ဖတီရေးဆွဲမှုကို ဇွန်လ ၁၉ ရက်နေ့ ညနေ ၃ နာရီမှ စတင်ကာ ညနေ ၆ နာရီအထိ ​ရေးဆွဲခဲ့ကြောင်း၊ ဂရတ်ဖတီပညာရှင် MC Prince မှ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ၂၂လမ်း၊ ၈၈× ၈၉လမ်းကြား အုတ်နရံပေါ်တွင် ရေးဆွဲခဲ့ကြောင်း၊ အနီရောင်၊ အနက်ရောင်နှင့် အဖြူရောင် သုံးမျိုးကို အသုံးပြု ရေးဆွဲထားကြောင်း၊ အောက်ခံအနီရောင်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူကို အဖြူရောင်နှင့် အနက်ရောင်ကို အသုံးပြု ရေးဆွဲထားကြောင်း၊ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၂ နှစ်ပြည့်မွေးနေ့အတွက် ဒုတိယအကြိမ်မြောက် ဂုဏ်ပြုရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁၈ ရက်နေ့က မန္တ​လေးမြို့ အောင်မြေသာစံမြို့နယ် ကြိုင်သင်းလဘက်ရည်ဆိုင်ရှေ့တွင် မွေးနေ့အကြို ဂုဏ်ပြုရေးဆွဲခဲ့ကြောင်း၊ ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဗိုလ်ချူပ်အောင်ဆန်း၊ သမ္မတဦးထင်ကျော်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်နာယက ဦးတင်ဦးနှင့် အာဇာနည်ကိုးဦး ပုံတူများကိုလည်း ဂုဏ်ပြုရေးဆွဲခဲ့ကြောင်း သိရသည်။

Writer: 
သီရိ