ပြည်တွင်း သတင်းများ

ပုဇွန်တောင်မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူသည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြိုနယ်၌ ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်အတွင်း ရွှေဆိုင် တစ်ဆိုင်မှ ရွှေထည်များအား ဖောက်ထွင်းခိုးယူခဲ့သည့် မျက်နှာဖုံးစွပ် ကျူးလွန်သူကို သာကေတမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး မြင့်ထွေးထံမှ ဇူလိုင် ၁ ရက်တွင် စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့  ဖောက်ထွင်းကျူးလွန်သူမှာ သာကေတမြို့နယ်နေ ဇေလင်းထက် (ခေါ်) ဖားသိုး (၂၀) နှစ်ဆိုသူ ဖြစ်ကြောင်းသိရပြီး ယခင်က ပုဇွန်တောင်မြို့နယ်အတွင်း စည်ပင်နေ့စားဝန်ထမ်း လုပ်ခဲ့ဖူးကာ ခိုးမှုနှစ်ကြိမ် ကျူးလွန်ဖူးသူဖြစ်ကြောင်း သိရသည်။

မြ၀တီမြို့တွင်​ ​လောင်း​ကစားဂိမ်းရုံဝင်​ဖမ်းစဉ်​ ပစ်​ခတ်​မှု ဖြစ်ပွားပြီး ရဲဒုတပ်ကြပ်တစ်ဦးနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိ

မြ၀တီမြို့ အမှတ် ​၄ ရပ်​ကွက်​ ​အောင်​ချမ်းသာလမ်းရှိ ​လောင်းကစားဂိမ်းဆိုင် ​တစ်​ဆိုင်အား ရဲတပ်​ဖွဲ့ဝင်က ၀င်​​ရောက်​ဖမ်းဆီးခဲ့ရာ ပစ်​ခတ်​မှုဖြစ်​ပွားပြီး ရဲတပ်​ဖွဲ့ဝင်​တစ်​ဦးနှင့် ပြည်​သူတစ်​ဦး ဒဏ်​ရာရရှိခဲ့​ကြောင်း သတင်းရရှိသည်​။

ဇွန်​ ၃၀ ရက်​ ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်က မြ၀တီခရိုင်​ ရဲတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ အဆိုပါ ​လောင်းကစားဂိမ်းရုံသို့ ၀င်​​ရောက်​ဖမ်းမီစဉ်​ ဂိမ်းရုံအတွင်းမှ ပစ်ခတ်​မှု​​ကြောင့်​ မြ၀တီရဲစခန်းမှ ဒုတပ်ကြပ်​ ​ကျော်​​ကျော်​၀င်းနှင့်​​ မောင်​ဇော်​ဆိုသူ ပြည်​သူတစ်​ဦး​ သေနတ်​မှန်​ပြီး ဒဏ်​ရာရခဲ့သည်​။

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက်တွင် မဲစာရင်းတွင် ပါဝင်သူ ကိုးထောင်ကျော်အနက် ငါးထောင်ကျော်မှာ မှားယွင်းနေမှုကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူမည်

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် အခြေခံမဲ စာရင်းတွင် မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ၉၈၃၂ ဦးရှိသည့်အနက် လူဦးရေ ငါးထောင်ကျော်မှာ မဲစာရင်း မှားယွင်းနေမှုကြောင့် ပြန်လည်ဖြည့်စွက် ပြင်ဆင်နိုင်ရန် ခက်ခဲနေခြင်းကြောင့် မြေပြင်အချက်အလက်များ ပြန်လည်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် သတင်းသမားများအပေါ် တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း နယူးယောက်တိုင်းမ် ရေးသား

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွင် မြန်မာနိုင်ငံမှ သတင်းသမားများအား တရားစွဲဆိုနေခြင်းကို ရပ်တန့်သင့်ကြောင်း အမေရိကန် အခြေစိုက် နယူးယောက်တိုင်းမ် သတင်းစာက ရေးသားလိုက်သည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂ ရက် (ယနေ့) ထုတ် The International New York Times သတင်းစာတွင် ဖော်ပြသည့် Myanmar's  War on the Press ခေါင်းစဉ်ဖြင့် ရေးသားထားသော အယ်ဒီတာ့အာဘော်၌ အဆိုပါ အကြောင်းအရာအား အကျယ်တ၀င့် ရေးသားခဲ့ခြင်းဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မှုရှိစေရန် သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်းလည်း ရေးသားထားသည်။

မလေးရှားနိုင်ငံမှ ရဟတ်ယာဉ်တစ်စင်း တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ

မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာလာသော KULIARCHAR GROUP တံဆိပ်ပါ 9M-NKX ရဟတ်ယာဉ် တစ်စင်းသည် တနင်္သာရီတိုင်းဒေသကြီး ကလိန်အောင်မြို့နယ်ခွဲ အတွင်းရှိ ကံပေါက်-နတ်အိမ်တောင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၅၈ ဒသမ ၅ ကီလိုမီတာ အနီးတွင် ပြီးခဲ့သည့် ဇွန် ၂၇ ရက်က အရေးပေါ် ဆင်းသက်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မုံရွာပြည်သူ့ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသမှု ခံယူနေသည့် ကလေးငယ် များပြားနေမှုကြောင့် နေရာအခက်အခဲ ကြုံတွေ့နေရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကလေးဆောင်တွင် ယခုလအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက်နေကြရသည့် ကလေးငယ် များပြားမှုကြောင့် ဆေးရုံတက်လူနာနှင့် ခုတင်မမျှမတဖြစ်ပြီး နေရာအခက်အခဲကြောင့် ကလေးကုသဆောင်၏ အပြင်ဘက် နေရာများတွင် နေထိုင်ကာ ဆေးဝါးကုသမှုများ ခံယူနေရကြောင်း ဆေးကုသမှု လာရောက်ခံယူနေကြသည့် ကလေးငယ်၏ မိဘများထံမှ သိရသည်။

Pullman ဟိုတယ် ငြမ်းပြိုကျမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ပိုက်ငြမ်းများမှာ မျက်မြင်အခြေအနေအရ ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည် လုံလောက်မှု မရှိနိုင်ဟု ယူဆရကြောင်း စိစစ်ရေးကော်မတီ အစီရင်ခံစာတွင် ဖော်ပြ

မန္တလေးမြို့ မင်္ဂလာမန္တလေး အိမ်ရာစီမံကိန်း အတွင်းရှိ Pullman ဟိုတယ် ငြမ်းပြိုကျမှု ဖြစ်စဉ်တွင် အသုံးပြုခဲ့သော ပိုက်ငြမ်းများမှာ မျက်မြင်အခြေအနေအရ ပိုက်ငြမ်းအဖြစ် အသုံးပြုရန် ခံနိုင်ရည် လုံလောက်မှု မရှိနိုင်ဟု ယူဆရကြောင်း စည်ပင်သာယာရေးကော်မတီ စိစစ်ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိထားပြီး မြို့ပြနေ လူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်

တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ စိတ်ကြွဆေးပြား ၁၂ သိန်းကျော် ဖမ်းဆီးရမိထားပြီး လက်ရှိမြို့ပြနေ လူငယ်များအကြား စိတ်ကြွဆေးပြား အသုံးပြုမှု မြင့်တက်နေကြောင်း မူးယစ်ဆေးစွဲရောဂါ ကုသရေးဌာနများမှ သိရသည်။

၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဇွန်လအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားပေါင်း ၁၂၂၆၈၃၈ ဒသမ ၇၅ ပေးရန်ရှိပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊

လူသတ်မှုဖြင့် တရားစွဲခံထားရသော သရုပ်ဆောင် မင်းအုပ်စိုး တရားခွင်၌ ကိုယ်တိုင်ထွက်ဆိုမှုအား ဆက်လက်စစ်ဆေးခဲ့ပြီး ယင်းတရားရုံးချိန်းသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ လာရောက်နားထောင်

သရပါမဂ္ဂဇင်းအယ်ဒီတာ အမျိုးသမီး တစ်ဦးအား သတ်မှုဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသော သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးအား ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး (၃) တရားခွင်၌ ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် မင်းအုပ်စိုးက ဖြစ်စဉ်နှင့် ပတ်သက်၍ ကိုယ်တိုင်ထွက်ဆိုမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ တရားခွင်သို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ လာရောက်နားထောင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ရန်ကုန်မြို့လယ်ကောင်၌ ဆန္ဒပြခဲ့ကြသည့် တကသ ကျောင်းသားခေါင်းဆောင်များကို ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် ရန်ကုန်မြို့လယ်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူ ပူးပေါင်း၍ ဆန္ဒပြခဲ့ကြပြီး ဦးဆောင်ခဲ့သည့် တကသ ကျောင်းသားခေါင်းဆောင်များကို ၎င်းတို့ ဖြတ်ကျော်ဆန္ဒပြခဲ့သည့် ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့တွင် ပုဒ်မ-၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ဇူလိုင် ၁ ရက်တွင် အနောက်ပိုင်းခရိုင် ရဲတပ်မှူးထံမှ သိရသည်။

ကချင်ဆရာမနှစ်ဦး အမှုကိစ္စနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေးကော်မတီ၏ တွေ့ရှိချက်များ တင်ပြမှုအပေါ် ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်မှု မရှိကြောင်း သိရ

စေတနာ့ဝန်ထမ်း ကချင်ဆရာမနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့၍ လေ့လာစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ကော်မတီ၏ တွေ့ရှိချက်များကို ရဲတပ်ဖွဲ့မှ အလေးထားစစ်ဆေး ဆောင်ရွက်ပေးမှု မရှိကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။

အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် ရရှိနိုင်မည့် ကျန်းမာရေးအာမခံကို အသက် ၅၀ နှစ်နှင့်အထက် ရှိသူများ လာရောက်ထားရှိမှု များပြား

အာမခံထားရှိစဉ်အတွင်း ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် တစ်ရက်တစ်သောင်းခွဲပေးမည့် ကျန်းမာရေးအာမခံကို အသက် ၅၀ နှစ်နှင့်အထက် ရှိသူများ လာရောက်ထားရှိမှု များပြားနေကြောင်း အာမခံကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ ကျန်းမာရေးအာမခံကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှစကာ မြန်မာ့အာမခံလုပ်ငန်း အပါအ၀င် ပုဂ္ဂလိက အာမခံများတွင်ပါ ပြည်သူများ တစ်ပြိုင်နက် ထားရှိနိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကားလမ်းများကို ရေကျော်ခဲ့ သဖြင့် လမ်းပိုင်းလေးနေရာပျက်စီးခဲ့ရာ အမ်းတွင် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ရှောင်ကွင်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သဖြင့် ကားများယာယီသွား လာနိုင်ပြီဖြစ်ရာ ကုန်စည်နှင့် ခရီးသည်တင် ကားများ ပိတ်ဆို့နေမှုမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကားလမ်းပိုင်းအချို့ပျက်စီးခဲ့သော်လည်း ယာယီရှောင်ကွင်း လမ်းများဖောက်လုပ်လိုက်ပြီ ဖြစ်သည့်အတွက် ကားများ သွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ် ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များကြောင့် ထားဝယ်မြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေဟုဆို

ထားဝယ်မြို့နယ်အနီးဝန်းကျင်တွင် ယခုနှစ်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားချိန်တွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေရခြင်းမှာ စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ်ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များမှ ရေဆင်းလမ်းကြောင်းအား ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။
 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ရန်ကုန်မြို့လည်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူပူးပေါင်း၍ ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ပိတ်ဆို့တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 
 
 
ဆန္ဒပြသည့်ကျောင်းသားများအား တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
 

ပင်မသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများအနက် ၃၅ ဦးကို ထောင်ဝင်စာတွေ့ခွင့် ၂ ပတ်မှ ၆ ပတ်အထိ ပိတ်ပင်မှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် ဖမ်းဆီးခံကျောင်းသားများအားလုံး ထောင်ဝင်စာအတွေ့မခံဘဲ သပိတ်မှောက်မည်

ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း (ပင်မ) မှ ဖမ်းဆီးခံကျောင်းသားများကို ဇွန် ၃၀ ရက်က သာယာဝတီခရိုင် တရားရုံးတွင် (၇) ကြိမ်မြောက် ရုံးထုတ်ခဲ့ကာ အာမခံတင်ထားသည့် အမှုတွဲကို ခရိုင်တရားရုံးတွင် လျှောက်လဲချက်ပေးခဲ့သည်။
 

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ လေယာဉ် ၁၇ စင်းဖြင့် ခရီးစဉ်ပေါင်း ငါးသောင်းကျော် ပျံသန်းခဲ့

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ စုစုပေါင်းလေယာဉ် ၁၇ စီးဖြင့် ခရီးစဉ်ပေါင်းငါးသောင်းကျော်အား ပျံသန်းနိုင်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်းစ်၊ အဲကေဘီဇက်၊ ရန်ကုန်အဲဝေးစ်၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းစသည့် ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ ပြည်တွင်းခရီးစဉ်များအား ပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ် သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံ ယနေ့စတင်ထားရှိနိုင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ်သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံကို ၂၀၁၅ ဇူလိုင် ၁ ရက်နေ့(ယနေ့) တွင် စတင်ထားရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေးတစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး အများဆုံး ငါးယူနစ်အထိ ၀ယ်ယူထားရှိနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် ကျပ်သိန်း ၅၀ အထိပေးလျော်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်တတောင်မြို့နယ် အမှတ်(၂)၊ (၃) ရပ်ကွက်များရှိ မြေသိမ်းဆည်းခံထားရသူများက ထိုက်သင့်သောလျော်ကြေးရရှိရေး ၁၅ ကြိမ်မြောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်

ဗိုလ်တထောင်မြို့နယ် အမှတ်(၂)နှင့်(၃) ရပ်ကွက်များရှိ (စီအိုဒီ၊ ဘီအေအိုဒီဝင်း)မြေသိမ်းဆည်းခံထားရသူများက ၎င်းတို့အား ထိုက်တန်သောလျော်ကြေးငွေ ပေးရန်အတွက် ဇွန် ၃၀ ရက်တွင် ၁၅ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Pages