နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနသို့ တက်ရောက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနသို့ တက်ရောက်
Published 17 August 2017

ဓာတ်ပုံ - ကျော်ဇင်ဖြိုး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ၏ ဈာပနအခမ်းအနားကို ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက် ၁၀ နာရီက ရေဝေးသုဿန်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဈာပနအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်သူ NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေအား ဂါရဝပြုခဲ့ပြီး အမှတ်တရစကား ပြောကြားခဲ့သည်။

ဦးအောင်ရွှေ၏ ရုပ်အလောင်းအား ၎င်းနေထိုင်ခဲ့သည့် ရန်ကင်းမြို့နယ် အမှတ် ၆ ရပ်ကွက်ရှိ နေအိမ်တွင်ထားရှိခဲ့ပြီး ယနေ့ နံနက်အစောပိုင်းက အဆိုပါနေအိမ်၌ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အမှူးပြုသော သံဃာတော်များက သရဏဂုံတင် တရားနာအမျှဝေခဲ့ပြီးနောက် ရေဝေးသုဿန်သို့ သယ်ဆောင်ကာ ဈာပနအခမ်းအနားဖြင့် မီးသဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

ဈာပနအခမ်းအနားသို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ နိုင်ငံရေးနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များ၊မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ သံရုံးအသီးသီးကလည်း လွမ်းသူပန်းခွေများ ပေးပို့ခဲ့ကြသည်။

ဦးအောင်ရွှေသည် ဩဂုတ် ၁၃ ရက်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံးကြီးတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၁ နှစ်ရှိပြီ ဖြစ်သည်။

Most Read

Most Recent