ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်သုံးခု မကြာမီ ဖွင့်လှစ်မည်

ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်သုံးခု မကြာမီ ဖွင့်လှစ်မည်
Published 21 August 2017

ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အကျဉ်းသား ၁၀၀၀ ဆံ့သည့် အကျဉ်းထောင် သုံးခုကို မကြာမီဖွင့် လှစ်တော့မည်ဖြစ်ကြောင်း သြဂုတ် ၂၀ ရက် တွင် မြန်မာနိုင်ငံ အကျဉ်းဦးစီးဌာနမှ စုံစမ်းသိရသည်။

အဆိုပါ ဖွင့်လှစ်မည့်အကျဉ်းထောင် သုံးခုမှာ ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးမြို့နယ်တွင် လည်းကောင်း၊ မွန်ပြည်နယ်ရှိ ကျိုက်မရောမြို့နယ်တွင် လည်းကောင်း၊ ကချင်ပြည်နယ်ရှိ မိုးညှင်းမြို့နယ်တွင် လည်းကောင်း အသီးသီး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ ည်။

ထို့ပြင် မကွေးတိုင်းဒေသကြီးတွင်လည်း အကျဉ်းသား ၁၀၀၀ ဆံ့သည့် ထောင်တစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ ထောင်အား ၂၀၁၇ ခုနှစ်အတွင်း၌ အပြီးတည်ဆောက် သွားမည်ဟု သိရသည်။

ယင်းကဲ့သို့ အကျဉ်းထောင်များအား တိုးချဲ့ဆောက်လုပ် နေသော်လည်း NLD အစိုးရ လက်ထက်တွင် အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများနှင့် တရားရင်ဆိုင်နေရဆဲ နိုင်ငံရေး အကျဉ်းသားများ ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၂၅ ဦးရှိသည့်အနက် နိုင်ငံရေးအ ကျဉ်းသား ၃၅ ဦး အကျဉ်းကျခံနေရပြီး ကျန်တရားရင် ဆိုင်နေရသူ ၁၈၆ ဦးတွင် ၅၀ မှာ အကျဉ်းထောင် အတွင်းမှ တရားရင်ဆိုင် နေရကြောင်း AAPP (နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ) ၏ သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သည့် လစဉ်အစီရင်ခံစာမှ သိရသည်။

Most Read

Most Recent