Business

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၁၅ ခုနှစ်အတွင်းက ကုန်သေတ္တာပေါင်း ၈၉၀၀၀၀ စီးဝင်ခဲ့ပြီး လာမည့် ၂၀၂၀ တွင် ကုန်သေတ္တာ နှစ်သန်းခန့်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၁၅ ခုနှစ် အတွင်းက ကုန်သေတ္တာပေါင်း ၈၉၀,၀၀၀ ဆိပ်ကမ်းသို့ စီးဝင်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့် နှစ်တွင် ကုန်သေတ္တာပေါင်း နှစ်သန်းခန့်အထိ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောကြားသည်။

အလားတူ လာမည့် ၂၀၂၅ ခုနှစ်တွင်မူ ကုန်သေတ္တာပေါင်း လေးသန်းခန့်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းနှင့် ကြီးမားမည့် အခက်အခဲများကို ဖြေရှင်းရန် ရေကြောင်းမှ တိုက်ရိုက်ကုန်စည် သယ်ယူပို့ဆောင်မှု စနစ်ကို နိုင်ငံတော် အစိုးရထံသို့ တင်ပြထားကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာ့ပို့ကုန် အများစုကို အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှု ပြောင်းလဲသွားပါက ပို့ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ဟုဆို

မြန်မာနိုင်ငံမှ ပို့ကုန်အများစုကို အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှုပြောင်းလဲသွားပါက မြန်မာ့ပို့ကုန် ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မတ် ၁၆ ရက်က ပြောကြားသည်။

ငွေကြေးဖောင်းပွနေမှု၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုများကို ထိန်းညှိဆောင်ရွက်လျက် ရှိသဖြင့် လက်ရှိတွင် ငွေလဲနှုန်း တည်ငြိမ်လာဟု ဒုတိယသမ္မတ ပြောကြား

ငွေကြေးဈေးကွက်အတွင်း မြန်မာကျပ် ငွေတန်ဖိုးကျဆင်းနေမှု၊ ငွေကြေးဖောင်းပွမှု အခြေအနေများကို အစိုးရက ထိန်းညှိဆောင်ရွက်လျက် ရှိသဖြင့် လက်ရှိအချိန်တွင် ငွေလဲနှုန်း အနေအထားမှာ တည်ငြိမ်လာပြီဖြစ်ကြောင်း မတ် ၁၆ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်/စက်မှု အသင်းချုပ်၌ ကျင်းပသည့်  ဒုတိယသမ္မတနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ (စတုတ္ထအကြိမ်) တွင် နိုင်ငံတော် ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ပြောကြားသည်။

ရေနံဓာတ်ငွေ့ရည်ဆိပ်ကမ်း၊ မဂ္ဂါဝပ် ၁၀၀၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ကီလိုမီတာ ၂၀၀ ရှိ ဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်မည့် ဒေါ်လာနှစ်ဘီလျံတန် စီမံကိန်း ဧပြီလဆန်းပိုင်းတွင် နိုင်ငံတကာ တင်ဒါ ခေါ်ယူမည်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရေနံဓာတ်ငွေ့ရည် (LNG) သိုလှောင်ဖြန့်ဖြူးမည့် ဆိပ်ကမ်းအတွက် ဧပြီလဆန်းပိုင်းတွင် နိုင်ငံတကာ လုပ်ငန်းများကို တင်ဒါခေါ်ယူသွားမည် ဖြစ်ပြီး အာရှကုန်သွယ်ရေး လုပ်ငန်းများနှင့် စွမ်းအင်ကုမ္ပဏီများအတွက် အခွင့်အလမ်းသစ် ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဂျပန်သတင်းဌာန တစ်ခုဖြစ်သော Nikkei ၏ ဖော်ပြချက်အရ သိရသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လပထမပတ်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၆၂ သန်းကျော် ခွင့်ပြုထား

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မတ်လ ပထမပတ်အထိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၆၂ ဒသမ ၅၈၈ သန်း ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) အတွင်းရေးမှူး ဦးအောင်နိုင်ဦးက မတ် ၁၄ ရက်၌ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။