Business

စီးပွားရေးမူဝါဒများနှင့်အညီ နှစ်လတ် ကုန်သွယ်မှုဖွံ့ဖြိုးရေးအစီအစဉ် ရေးဆွဲထားပြီး ယင်းအစီအစဉ်ကို မဏ္ဍိုင်ကြီး ငါးရပ်ဖြင့် အကောင်အထည်ဖော်မည်

လက်ရှိစီးပွားရေးမူဝါဒ ၁၂ ချက်နှင့်အညီ နှစ်လတ် ကုန်သွယ်မှုဖွံ့ဖြိုးရေးအစီအစဉ် (Medium Term Programme - MTP) ရေးဆွဲထားပြီး ယင်းအစီအစဉ်ကို မဏ္ဍိုင်ကြီး ငါးရပ်ဖြင့် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အစိုးရသစ် တစ်နှစ်တာကာလအတွင်း ၀န်ကြီးဌာန၏ လုပ်ဆောင်မှုများနှင့် တိုင်းပြည်စီးပွားရေး တိုးတက်စေရန် ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းအရာများနှင့် ပတ်သက်၍ ပြောကြားသည်။

ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေ၊ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှုဘ၀ နိမ့်ကျနေမှုတို့က နိုင်ငံတိုးတက်ရေးအတွက် ပကတိ အဟန့်အတားများဖြစ်နေကြောင်း စီမံ/ဘဏ္ဍာဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သုံးသပ်ပါက ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေနှင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှုဘ၀ နိမ့်ကျနေမှုတို့က နိုင်ငံတိုးတက်ရေးအတွက် ပကတိ အဟန့်အတားများ ဖြစ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက မတ်လ ၁၈ ရက်က ကျင်းပသည့် Meeting between Chairman of Myanmar Investment Commission and Foreing Business Communities တွင် ပြောကြားသည်။

လာမည့်ဘဏ္ဍာနှစ်သည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက စတင်တာထွက်မည့်နှစ်ဖြစ်မည်ဟုဆို

လာမည့်ဘဏ္ဍာနှစ်သည် မြန်မာနိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အ ဓိကစတင်တာထွက်မည့်နှစ်ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးကျော်ဝင်းက မတ် ၁၈ ရက် က ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel တွင် ကျင်းပသည့် Meeting between Chairman of Myanmar Investment Commission and Foreing Business Communities အခမ်းအနားမှ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၁၅ ခုနှစ်အတွင်းက ကုန်သေတ္တာပေါင်း ၈၉၀၀၀၀ စီးဝင်ခဲ့ပြီး လာမည့် ၂၀၂၀ တွင် ကုန်သေတ္တာ နှစ်သန်းခန့်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထား

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၁၅ ခုနှစ် အတွင်းက ကုန်သေတ္တာပေါင်း ၈၉၀,၀၀၀ ဆိပ်ကမ်းသို့ စီးဝင်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့် နှစ်တွင် ကုန်သေတ္တာပေါင်း နှစ်သန်းခန့်အထိ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောကြားသည်။

အလားတူ လာမည့် ၂၀၂၅ ခုနှစ်တွင်မူ ကုန်သေတ္တာပေါင်း လေးသန်းခန့်အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းနှင့် ကြီးမားမည့် အခက်အခဲများကို ဖြေရှင်းရန် ရေကြောင်းမှ တိုက်ရိုက်ကုန်စည် သယ်ယူပို့ဆောင်မှု စနစ်ကို နိုင်ငံတော် အစိုးရထံသို့ တင်ပြထားကြောင်းလည်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာ့ပို့ကုန် အများစုကို အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှု ပြောင်းလဲသွားပါက ပို့ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ဟုဆို

မြန်မာနိုင်ငံမှ ပို့ကုန်အများစုကို အိမ်နီးချင်း တရုတ်နှင့် အိန္ဒိယ စသည့် ကျဉ်းမြောင်းသည့် ဈေးကွက်အပေါ် မှီခိုနေရသဖြင့် ဈေးကွက်၏ တုံ့ပြန်မှုပြောင်းလဲသွားပါက မြန်မာ့ပို့ကုန် ထုတ်လုပ်မှု လုပ်ငန်းများကို ထိခိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မတ် ၁၆ ရက်က ပြောကြားသည်။