Business

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နှစ်လနီးပါးအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာကိုးသန်းကျော် ပိုမိုရရှိထား

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် နှစ်လနီးပါး ကာလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာကိုးသန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ် မေ ၁၉ ရက်အထိ ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၀ ဒသမ ၀၉၈ သန်းရရှိထားပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၁၉၉ သန်းသာ တင်ပို့နိုင်ခဲ့သည်။

ကမ္ဘာ့ရွှေဈေး တက်ရိပ်ဆက်ပြနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၆၆၀၀ ၀န်းကျင်ရှိ

မေ ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာခန့် အတက်ပြခဲ့ပြီး ဇွန် ၁ ရက်တွင်လည်း အမြင့်ဈေး၌ ဆက်ရှိနေရာ ပြည်တွင်း ရွှေဈေးနှုန်းသည် ကျပ် ၉၀၆၆၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ကနေဒါအခြေစိုက် Manulife ကုမ္ပဏီ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက်ရင်းနှီးမြှုပ်နှံရန် စောင့်ဆိုင်းနေပြီး နိုင်ငံခြား အာမခံကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ဖွင့်လှစ်ပေးရန် လိုအပ်နေ

အာရှဒေသ ၁၀ နိုင်ငံတွင် အာမခံလုပ်ငန်းများ လုပ်ကိုင်နေသည့် ကနေဒါနိုင်ငံ အခြေစိုက် Manulife ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းတွင် ၀င်ရောက် ရင်းနှီးမြုပ်နှံနိုင်ရန် စောင့်ဆိုင်းနေပြီး နိုင်ငံခြား ကုမ္ပဏီများကို လုပ်ငန်းလိုင်စင်များ စတင်ဖွင့်လှစ်ပါက တရားဝင် ၀င်ရောက် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း မေ ၂၉ ရက်က ရန်ကုန်မြို့ ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် Manulife Insurance Distribution Conference တွင် Manulife Asia ၏ ဒေသဆိုင်ရာ အကြီးအကဲ Mr.Indren Naidoo က ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလ တတိယပတ်အထိ မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ ၆၇ သန်းကျော် မြှုပ်နှံထား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလ တတိယပတ်အထိ မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင်ရန် နိုင်ငံတကာမှ ဒေါ်လာ ၆၇ သန်းကျော် လာရောက် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် လာရောက် လုပ်ကိုင်နေသည့် ကုမ္ပဏီများအနက် ၆၅ ရာခိုင်နှုန်းမှာ တရုတ်ကုမ္ပဏီများ ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ လည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၄၀၀ ကျော် ရှိနေပြီး အဆိုပါ စက်ရုံများတွင် လုပ်ကိုင်နေသည့် အထည်ချုပ် လုပ်သားအင်အား လေးသိန်း ရှိနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသသို့ FDI ဒေါ်လာ ၃၄၈ ဒသမ ၅ ဘီလျံ ၀င်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ၀င်ရောက်မှု သုံးရာခိုင်နှုန်းသာရှိ

၂၀၁၆ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသသို့ Greenfield FDI ၀င်ရောက်မှု ရှစ်ရာခိုင်နှုန်း တိုးလာပြီး စုစုပေါင်း ဒေါ်လာ ၃၄၈ ဒသမ ၅ ဘီလျံအထိ ၀င်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံသို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု သုံးရာခိုင်နှုန်းသာရှိကြောင်း The Financial Times Ltd ၏ ဌာနခွဲဖြစ်သည့် FDI Intelligence က မေ ၂၆ ရက်တွင် ထုတ်ပြန်သည့် The FDI Report 2017 တွင် ဖော်ပြထားမှုအရ သိရသည်။