Editorials

မှုခင်းဗေဒနှင့် အရေးကြီးသော သဘောတရားများ

မှုခင်းဗေဒ (Criminology) ဟူသည် ပြစ်မှုကျူးလွန်တတ်သော အပြုအမူနှင့် ပတ်သက်သည့် သဘောသဘာဝ၊ အတိုင်းအတာ၊ စီမံမှု၊ အကြောင်းတရားများ၊ ထိန်းချုပ်မှု၊ အကျိုးဆက်များနှင့် ကာကွယ်မှုတို့ကို တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းအလိုက်ဟူသည့် အဆင့်နှစ်ရပ်စလုံး၌ သိပံ္ပနည်းကျ လေ့လာသော ပညာရပ်ဖြစ်သည်။ မှုခင်ဗေဒသည် အပြုအမူဆိုင်ရာ သိပံ္ပနှင့် လူမှုသိပံ္ပ ပညာရပ်နယ်ပယ် နှစ်ရပ်စလုံး၌ အကျုံးဝင်သည့် သဘောထား စည်းမျဉ်းများ ရောယှက်နေသော ပညာရပ်ဖြစ်ပြီး အထူးသဖြင့် လူမှုဗေဒ ပညာရှင်များ၊ စိတ်ပညာရှင်များ၊ စိတ်ရောဂါကုပညာရှင်များ၊ လူမှုမနုဿဗေဒပညာရှင်များအပြင် ဥပဒေပညာရှင်များ၏ သုတေသနများအပေါ် အခြေခံထားသည်။ Criminology ဟူသည့် အသုံးအနှုန်းကို ၁၈၈၅ ခု

အောင်မြင်မှုအတွက် ကျရှုံးမှု

ကျရှုံးမှုတိုင်းက သင့်ကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာကို သင်ကြားပေးလိမ့်မယ်။

ဘရစ်မိုရင်း (၁၉၈၅ ဖွား)

စွန့်ဦးလုပ်ကိုင်သည့် အမေရိကန်နိုင်ငံသူ၊ Brit + CO ကုမ္ပဏီ CEO

အုပ်ဖွဲ့အတွေးအခေါ်

အုပ်ဖွဲ့အတွေးအခေါ် (Groupthink) ဟူသည် လူမှုစိတ်ပညာရှင် အာဝင်ယာနစ်က ၁၉၇၂ ခုနှစ်တွင် တင်ပြခဲ့သော သဘောတရားတစ်ရပ် ဖြစ်သည်။ အုပ်စုတစ်ခုသည် ဖိအားများကြောင့် စိတ်ပိုင်းဆိုင်ရာ အရည်အသွေး၊ အရှိတရားကို စမ်းသပ် စစ်ဆေးမှုနှင့် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တို့ ယိုယွင်းကာ မှားယွင်းသော သို့မဟုတ် အပြစ်အနာအဆာရှိသော ဆုံးဖြတ်ချက်များ ချမိခြင်းကို အုပ်ဖွဲ့အတွေးအခေါ်ဟု ခေါ်ဆိုသည်။ အုပ်ဖွဲ့အတွေးအခေါ် သက်ရောက်ခံရသည့် အုပ်စုများသည် အခြားနည်းလမ်းများကို လျစ်လျူပြုကာ အခြားအုပ်စုများအပေါ် ဂုဏ်သိက္ခာ ကင်းမဲ့အောင် ပြုလုပ်သည့် ဆင်ခြင်တုံတရား ကင်းမဲ့သော လုပ်ရပ်များဆီသို့ ဦးတည်သွားသည်။ အထူးသဖြင့် အုပ်စုဝင်များ နောက်ခ

ခြိုးခြံချွေတာရေး မူဝါဒ

အမေရိကန်နှင့် ဥရောပတို့တွင် စီးပွားရေးပျက်ကပ်ပြီးနောက် ပြန်လည်နာလန်ထရန် နှေးကွေးလေးလံလွန်းခဲ့သည်။ အစိုးရခေါင်းဆောင်များက ကိုယ်ကျင့်တရားဆိုင်ရာ လှုပ်ရှားသူများ၏ တစ်ယူသန်ဝါဒနှင့်အတူ အများပြည်သူအတွက် သုံးစွဲငွေများကို ဖြတ်တောက်ကာ ခြိုးခြံချွေတာရေး (Austerity) မူဝါဒများကို ကျင့်သုံးခဲ့သောကြောင့်ဖြစ်သည်။ ရလဒ်များအား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်ပါက စီးပွားရေးကြီးထွားမှု အကျပ်ရိုက်သွားသည်ကို တွေ့ရသည်။ အများပြည်သူအတွက် သုံးစွဲငွေများကို လျှော့ချလိုက်ခြင်းသည် အမေရိကန်၌ စီးပွားရေး နာလန်ထမှုကို တုံ့ဆိုင်းသွားစေခဲ့ပြီး ခြိုးခြံချွေတာရေး မူဝါဒကို ပိုမိုကျင့်သုံးသော ဥရောပ၌ ပို၍ပင်ဆိုးရွားသော သက်ရောက်မှု

ချက်ချင်းသမိုင်း

သမိုင်းဟူသည် အတိတ်ကိုလေ့လာခြင်းဖြစ်ပြီး စာဖြင့်ရေးသားထားသည့် အထောက်အထား မှတ်တမ်းများဖြစ်သည်။ ရေးသားမှတ်တမ်းတင်ထားမှုများ မရှိမီကဖြစ်ရပ်များကို သမိုင်းမတင်မီခေတ်ဟု ခေါ်ဆိုကြသည်။ သမိုင်းဟူသည် လွှမ်းခြုံခေါ်ဝေါ်သည့် အသုံးအနှုန်းတစ်ရပ်ဖြစ်ပြီး အတိတ်ဖြစ်ရပ်များသာမက ဖြစ်ရပ်များနှင့်ဆိုင်သော အချက်အလက်များနှင့်ပတ်သက်၍ ဖွင့်ဆိုရှင်းပြချက်၊ တင်ပြချက်၊ ဖွဲ့စည်းမှု၊ စုဆောင်းမှု၊ ရှာဖွေမှုနှင့် အမှတ်တရများနှင့်ပါ သက်ဆိုင်သည်။ အတိတ်ဖြစ်စဉ်များကို စစ်ဆေးရန်နှင့် သုံးသပ်ရန် ဇာတ်ကြောင်းတစ်ခုကို အသုံးပြုသည့်၊ ၎င်းတို့ကိုဆုံးဖြတ်သည့် အကြောင်းတရားနှင့် အကျိုးတရားပုံစံများအား ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သည့် ပညာရပ်ဆိုင်ရာစည်းမျဉ်