Entertainment

တေးသံရှင်လင်းလင်း၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်

တေးသံရှင်လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) တွင် ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို Rock For Yangon ဟုအမည် ပေးထားပြီး Dream Lover တီးဝိုင်းက တီးခတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ တေးသံရှင်လင်းလင်းသည် ၂၀၁၆ ခုနှစ်နှစ်ကုန် ပိုင်းမှစတင်ကာ တစ်ကိုယ်တော် ဖျော်ဖြေပွဲများကို မြို့ကြီးများ၌ ပြုလုပ်ရန် စီစဉ်ခဲ့ရာတွင် မန္တလေးမြို့၊ မုံရွာမြို့၊ မကွေးမြို့ကြီးများ၌ ပြုလုပ်ခဲ့ပြီးဖြစ်ကာ ယခုအခါရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်ထားခြင်း ဖြစ်သည်။

Myanmar Idol Season 2 Top Ten ပြိုင်ပွဲဝင်များအား ရွေးချယ်ထားပြီး Theme အလိုက်ယှဉ်ပြိုင်မှုများအား ဇန်န၀ါရီ ၂၆ ရက် စတင်မည်

Myanmar Idol Season 2 Top Ten ပြိုင်ပွဲဝင်များနှင့် မီဒီယာများအား မိတ်ဆက် ရှင်းလင်းခြင်းကို ဇန်န၀ါရီ ၂၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ Novotel Hotel ၌ ပြုလုပ်ခဲ့ပြီး Theme အလိုက် ယှဉ်ပြိုင်မှုများအား ဇန်န၀ါရီ ၂၆ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရသည်။        

ရိန်းနှင့် ကင်တေဟီး ဘာလီသို့ ပျားရည်ဆမ်းခရီး သွားမည်

မင်္ဂလာဆောင်ပြီးစ ဇနီးမောင်နှံဖြစ်သော ကိုရီးယားသရုပ်ဆောင်၊ အဆိုတော်ရိန်းနှင့် သရုပ်ဆောင် ကင်တေဟီးသည် ပျားရည်ဆမ်းခရီးအဖြစ် ဘာလီသို့ သွားရောက်မည်ဟု ၎င်းတို့၏ အေဂျင်စီများက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရိန်းနှင့် ကင်တေဟီးသည် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတစ်ခုတွင် ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယင်းခရီးစဉ်ကို ဇန်န၀ါရီ ၂၂ ရက်တွင် စတင်မည်ဟု Rain ကုမ္ပဏီနှင့် Lua Entertainment တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

(၂၆)ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲ၏ ထိပ်တန်းဆုကို EXO အဖွဲ့ရရှိ

တောင်ကိုရီးယား ၊ တရုတ်အမျိုးသား အဆိုတော်များဖြင့် ဖွဲ့စည်းခဲ့သည့် EXO အဖွဲ့သည် ဇန်ဝါရီ ၁၉ ရက်က ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲ၏ ထိပ်တန်းဆုကို သိမ်းပိုက်ခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

တေးသံရှင်လေးဦးရဲ့ ‘80's Classic Night’ ဖျော်ဖြေပွဲကို ပါဝင်ဆင်နွှဲနိုင်မယ့် ရက်သတ္တပတ်

အခုတစ်ပတ် အားလပ်ရက်ကတော့ ဆောင်းရာသီရဲ့ အအေးဓာတ်ကို သိသာစွာ ခံစားနေရဆဲ ရက်သတ္တပတ်တစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နှစ်ဆန်းပိုင်းမှာတော့ ဘက်စ်ကားစနစ် အပြောင်းအလဲ အပါအ၀င် အပြောင်းအလဲတချို့နဲ့အတူ ဖျော်ဖြေပွဲတွေက အတန်ငယ် ကျဲပါးသွားခဲ့ပါတယ်။ ဖျော်ဖြေပွဲအများစုက ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး ပြန်လည်လှုပ်ရှား အသက်ဝင်ဖို့ကိုလည်း ကြိုးပမ်းနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့်အခုတစ်ပတ် အားလပ်ရက်မှာတော့ မန္တလေးမြို့က ဖျော်ဖြေပွဲတစ်ပွဲ အကြောင်းကို သတင်းစကားပါးချင်ပါတယ်။