Entertainment

မြန်မာ့သဘင်ဦးသျှောင် မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက်တစ်ဦးဖြစ်သည့် ‘ စိန်မဟာသဘင်’ မင်းသားဇံဟိန်း၏ ငယ်ဘ၀ဖြတ်သန်းရာ

မြန်မာနိုင်ငံသဘင် ဦးသျှောင် ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက်တစ်ဦးဖြစ်ပြီး ယနေ့ မြန်မာ့ဇာတ်သဘင်လောကတွင် အောင်မြင်သည့် မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသည့် ဇံဟိန်းကို တစ်ခေတ်တစ်ခါက မြန်မာ့ဇာတ်သဘင်၏ နာမည်ကျော် ဇာတ်မင်းသားကြီး ဦးရဲစိန်နှင့် ဒေါ်နီနီတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ငယ်နာမည်ရင်းမှာ ကျော်သီဟစိန်ဖြစ်ပြီး မွေးစတွင် အသက်ရှူလမ်းကြောင်း ပိတ်နေခဲ့သဖြင့် ၇၂ နာရီအတွင်း အသက်ရှင်သန်ခွင့် ရရှိရန်အတွက် အသည်းအသန် ကြိုးစားကာ လူ့လောကသို့ ရောက်ရှိလာခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။

အင်ဒိုနီးရှား ဖက်ရှင် ရက်သတ္တပတ် ၂၀၁၇ တွင် ဒီဇိုင်နာ မေမြတ်ဝါဆို၏ မြန်မာမှုကို အခြေခံ ဖန်တီးထားသည့် ၀တ်စုံလက်ရာများ ပါဝင်ပြသမည်

အင်ဒိုနီးရှား ဖက်ရှင် ရက်သတ္တပတ် ၂၀၁၇ တွင် ဒီဇိုင်နာ မေမြတ်ဝါဆို၏ မြန်မာမှုကို အခြေခံဖန်တီးထားသည့် ၀တ်စုံလက်ရာများအား ပါဝင်ပြသရန် စီစဉ်ထားသည်ဟု သိရသည်။ အင်ဒိုနီးရှား ဖက်ရှင် ရက်သတ္တပတ် ၂၀၁၇ ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဖေဖော်ဝါရီ ၁ ရက်မှ ၅ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၁ ရက် ပြပွဲအဖွင့်နေ့တွင် ဒီဇိုင်နာ မေမြတ်ဝါဆို၏ လက်ရာများအား ပြသရန် စီစဉ်ထားခြင်းဖြစ်သည်။

ရိန်းက ကာလကြာတွဲခဲ့သည့် ကင်တေဟီးနှင့် လက်ထပ်တော့မည်

ကိုရီးယားအဆိုတော်၊ သရုပ်ဆောင်ရိန်းက လေးနှစ်ကျော်တွဲခဲ့သည့် ချစ်သူကင်တေဟီးနှင့် လက်ထပ်တော့မည်ဟု ဇန်န၀ါရီ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ “ကျွန်တော် ခင်ပွန်းကောင်းတစ်ဦးနဲ့ မိသားစုအတွက် ယုံကြည်ရတဲ့ အမျိုးသားတစ်ယောက် ဖြစ်တော့မှာပါ” ဟုလက်ရေးဖြင့် ရေးသားထားသည့် စာကိုရိန်းက Instagram တွင်ဖော်ပြခဲ့သည်။

နိုင်ငံ၏စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းကြောင့် မင်္ဂလာပွဲကို ခမ်းခမ်းနားနား လုပ်မည်မဟုတ်ဟု ရိန်းက ပြောကြားခဲ့သော်လည်း မင်္ဂလာပွဲ ကျင်းပမည့်ရက်ကို အတိအကျ မထုတ်ပြန်ခဲ့ပေ။

ကမ္ဘာ့ချန်ပီယံလုပွဲအတွက် ပြင်ဆင်ချိန်များစွာ မရခဲ့ကြောင်းနှင့် ဘစ်ဒက်ရှ်နှင့်ပွဲမှ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ကာ အကောင်းဆုံးပုံစံနှင့် ပြန်လာမည်ဖြစ်ကြောင်း အောင်လအန်ဆန် ပြောကြား

မြန်မာ MMA ကစားသမား အောင်လအန်ဆန်က ဗစ်တာလီဘစ်ဒက်ရှ်နှင့် ကမ္ဘာ့ချန်ပီယံလုပွဲအတွက် ပြင်ဆင်ချိန်များစွာ မရခဲ့ကြောင်းနှင့် ယင်းပွဲမှ လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ကာ အကောင်းဆုံးပုံစံနှင့် ပြန်လာမည်ဖြစ်ကြောင်း ၎င်း၏ Facebook မှတစ်ဆင့် မြန်မာအားကစား ပရိသတ်များအား အသိပေးပြောကြားခဲ့သည်။