Entertainment

Miss Golden Land Myanmar 2015 ပြိုင်ပွဲမှ နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ငါးဦး ရွေးချယ်

Miss Golden Land Myanmar 2015 မြန်မာကိုယ်စားပြုအလှမယ် နောက်ဆုံးအဆင့် ရွေးချယ်ပွဲကို ဇွန် ၂၁ ရက် ညပိုင်းက ရန်ကုန်မြို့ မင်းဓမ္မလမ်းမပေါ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာအလှမယ်ပြိုင်ပွဲများတွင် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ငါးဦး ရွေးချယ်ခဲ့သည်။
 

အကယ်ဒမီထူးချွန်ဆုကို တစ်နှစ်နောက်ကျ ချီးမြှင့်ရသည့်စနစ်အား ပြောင်းလဲနိုင်ရန် ၂၀၁၄ နှင့် ၂၀၁၅ နှစ်နှစ်ပေါင်း ချီးမြှင့်မည်

အကယ်ဒမီထူးချွန်ဆုကို တစ်နှစ် နောက်ကျချီးမြှင့်ရသည့်စနစ်အား ပြောင်းလဲနိုင်ရန် ၂၀၁၄ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် နှစ် နှစ်ပေါင်း ချီးမြှင့်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယင်းစနစ်အား ကျင့်သုံးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနေခြင်းကို ပြုလုပ်ခဲ့ပြီး တစ်နှစ်ချင်းစီအတွက် အရည်အချင်းပြည့်မီသည့်ဆုများအား ဆုချီးမြှင့်မည်ဖြစ်ကာ ဆုချီးမြှင့်မှုကိုသာ နှစ်နှစ်ပေါင်း၍ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အကယ်ဒမီဆု ချီးမြှင့်ခြင်းမှာ နှစ်အလိုက်ချီးမြှင့်နိုင်ခြင်းမဟုတ်ဘဲ တစ်နှစ်ခန့်နောက်ကျ ချီးမြှင့်နေခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်အတွက် ပေးအပ်သည့် အကယ်ဒမီထူးချွန်ဆုကို

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား အွန်လိုင်းတွင်ပျံ့နှံ့မှုများရှိသော်လည်း ပရိသတ်ကြည့်ရှုမှု ဆက်လက်များပြားဆဲဖြစ်ပြီး ပထမပတ် ၀င်ငွေအချိုးအရ လေးပတ်ကြာ ရုံတင်ပြသခွင့် ရရှိ

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားသည် ဇွန် ၁၈ ရက်မှ စတင်ကာ အွန်လိုင်းတွင် ပျံ့နှံ့မှုများရှိခဲ့သော်လည်း ရုပ်ရှင်ရုံများ၌ ပရိသတ်ကြည့်ရှုမှုနှုန်းမှာ များပြားဆဲဖြစ်ပြီး ပထမပတ် ၀င်ငွေအချိုးအရ လေးပတ်ကြာရုံတင်ပြသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ 
 

Terminator ဇာတ်ကားသစ်သည် လူငယ်ဘ၀ကို ပြန်ပြောင်း သတိရစေသည်ဟု အာနိုး ပြောကြား

သရုပ်ဆောင် အာနိုးရှာဝါဇာနက်ဂါက  စိတ်ကူးယဉ်သိပ္ပံဇာတ်ကားသစ်  Terminator တွင် ပါဝင်သည့် အဓိက ဇာတ်ဝင်ခန်းတစ်ခုသည် သူ၏လူငယ်ဘ၀ကို ပြန်ပြောင်း သတိရစေသည်ဟု ပါရီတွင် ဇွန် ၁၉ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။
 
အာနိုးသည် ၎င်းအား နာမည်ကျော် တစ်ဦးဖြစ်စေခဲ့သည့်  Terminator ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ရသည့်အကြောင်းနှင့် အသက် ၆၇ နှစ်အရွယ်တွင် အက်ရှင်သရုပ်ဆောင်အဖြစ် ဇာတ်ကား ရိုက်ကူးရသည့် အကြောင်းကိုလည်း ယင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။
 

ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကား ဗီဒီယိုကလစ်များ အွန်လိုင်းတွင်ပျံ့နှံ့နေပြီး ကူးယူဖြန့်ချိသူများအား အရေးယူမှုများပြုလုပ်နိုင်ရန် ပြင်ဆင်