Entertainment

မော်ဒယ်လ်လုလုအောင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးသင့်ပြည်သူများထံ သွားရောက်ပြီး လှူဒါန်းကူညီ

မော်ဒယ်လ်လုလုအောင်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့သို့ သွားရောက်ကာ စစ်ဘေးသင့်ပြည်သူများအတွက် မိုးရာသီအသုံးအဆောင်ပစ္စည်းများ အပါအ၀င် လိုအပ်သည်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါလှူဒါန်းမှုများအား မော်ဒယ်လ်လုလုအောင်သည် ဇွန်လလယ်ပိုင်းတွင် သွားရောက်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိုလံပစ်ချန်ပီယံ ရေကူးသမား မိုက်ကယ်ဖဲလ်နှင့် ငါးမန်းဖြူတစ်ကောင် ရေကူးပြိုင်မည်

အိုလံပစ်အားကစားပြိုင်ပွဲ သမိုင်းတစ်လျှောက် ရွှေတံဆိပ်ဆုနှင့် ဆုတံဆိပ်စုစုပေါင်း အများဆုံးရရှိသူအဖြစ် စံချိန်တင်ထားသည့် အမေရိကန်ရေကူးသမား မိုက်ကယ်ဖဲလ်သည် လာမည့်ဇူလိုင်လအတွင်း ငါးမန်းဖြူတစ်ကောင်နှင့် ရေကူးပြိုင်မည်ဖြစ်ကြောင်း သိရသည်။
    

အဆိုတော်ဘီယွန်းစေး ကလေးအမြွှာနှစ်ဦး မွေးဖွား

ပေါ့ပ်အဆိုတော် ဘီယွန်းစေးသည် ကလေးအမြွှာနှစ်ဦး မွေးဖွားခဲ့သည်ဟု အမေရိကန်မီဒီယာများက ဇွန် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    
ဘီယွန်းစေးနှင့်ဂျေဇီး ဇနီးမောင်နှံကို  ဇွန် ၁၅ ရက်တွင် လော့စ်အိန်ဂျလိစ်ရှိ ဆေးရုံတစ်ရုံ၌ တွေ့ရှိခဲ့သည်ဟု အနုပညာသတင်းများ ထုတ်လွှင့်သည့် E! ရုပ်သံကဖော်ပြခဲ့သည်။ People နှင့် Us Weekly မဂ္ဂဇင်းတို့ကလည်း ဘီယွန်းစေးသည် ယခုသီတင်းပတ် အစောပိုင်းတွင် ကလေးမွေးဖွားခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။
    

ကေတီပယ်ရီ Twitter ၌ Follower သန်း ၁၀၀ ရရှိသည့် ပထမဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်

ပေါ့ပ်အဆိုတော် ကေတီပယ်ရီသည် Twitter ၌ Follower သန်း ၁၀၀ ရရှိသည့် ပထမဆုံးပုဂ္ဂိုလ်အဖြစ် စံချိန်တင်ခဲ့သည်ဟု  ဇွန် ၁၆ ရက်တွင် သတင်းနှင့် လူမှုမီဒီယာကွန်ရက် Twitter က ထုတ်ပြန်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Twitter ကို စတင်အသုံးပြုခဲ့သည့် ပယ်ရီက ရှစ်နှစ်အတွင်း  ဖျော်ဖြေရေးနှင့်၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်လှုပ်ရှားခဲ့မှုများ အပါအ၀င် အကြောင်းအရာ ၈,၅၀၀ ကို ဝေမျှခဲ့သည်ဟု Twitter က ထုတ်ပြန်ခဲ့သည်။ ပယ်ရီသည် Twitter ကို ပရိသတ်နှင့်ထိတွေ့ဆက်ဆံသည့် အဓိက ဆက်သွယ်ရေးတစ်ခုအဖြစ် အသုံးပြုခဲ့သည် ဟု Forbes မဂ္ဂဇင်းမှ စာရေးဆရာ ဒေါ်ရသီပိုမာရန့်ဇ်က ပြောကြားခဲ့သည်။

လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က ဇာတ်ကားကောင်းတွေကို ရွေးချယ်ခံစားရင်း ဖြတ်သန်းကုန်ဆုံးနိုင်မယ့် ရက်သတ္တပတ်