Entertainment

American Crime Story ဇာတ်လမ်းတွဲတွင် ပင်နီလုခရုဇ် ပါဝင်မည်

စပိန်သရုပ်ဆောင် ပင်နီလုခရုဇ်သည် American Crime Story ဇာတ်လမ်းတွဲတွင် အီတလီဒီဇိုင်နာ Donatella Versace အဖြစ် သရုပ်ဆောင်မည်ဟု FX ရုပ်သံက မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Versace ဖက်ရှင်လုပ်ငန်းကို တည်ထောင်သူ Gianni Versace အသတ်ခံရသည့် အကြောင်းကို အသားပေးရိုက်ကူးမည့် ယင်းဇာတ်လမ်းတွဲတွင် ခရုဇ်နှင့်အတူ ဗင်နီဇွဲလား သရုပ်ဆောင် Edgar Ramirez လည်း ပါဝင်မည်ဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် အစ်ကိုဖြစ်သူ Gianni Versace အသတ်ခံရပြီးနောက် Donatella သည် နာမည်ကျော် Versace ဖက်ရှင်လုပ်ငန်းကို လွှဲပြောင်းယူခဲ့သည်။

Beauty and the Beast က မတ်လအတွင်း မြောက်အမေရိက၏ ၀င်ငွေအများဆုံး စံချိန်ချိုး

ဒစ္စနေ၏  Beauty and the Beast ရုပ်ရှင်သည် ပြီးခဲ့သည့် သီတင်းပတ်က စတင်ပြသခဲ့ပြီးနောက် သုံးရက်အတွင်း အံအားသင့်ဖွယ်ဝင်ငွေ ဒေါ်လာသန်း ၁၇၀ ရရှိခဲ့သည်။ ဟယ်ရီပေါ်တာဇာတ်လမ်းမှ ၀ါရင့်သရုပ်ဆောင် အမ်မာဝပ်ဆင်က နှစ်လိုဖွယ်ရာ Belle အဖြစ်လည်းကောင်း၊ Downton Abbey မှ ဒန်းစတီဗင်က ကြောက်မက်ဖွယ် သတ္တ၀ါကြီး အဖြစ်လည်းကောင်း ပါဝင်သရုပ်ဆောင်ထားသည့် Beauty and the Beast သည် မြောက်အမေရိကတွင် မတ်လ၌ စတင်ပြသသော ရုပ်ရှင်များအနက် ၀င်ငွေအများဆုံး စံချိန်သစ်တင်နိုင်ခဲ့သည်။ ယမန်နှစ်က စံချိန်မှာ Batman Vs Supermanး Down of Justice ဖြစ်ပြီး ပွဲဦးထွက်တွင် ဒေါ်လာ ၁၆၆ သန်း ရရှိခဲ့သည်။

        

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား စံချိန်စံညွှန်း မပြည့်မီခြင်းကြောင့် ပေးအပ်နိုင်ခြင်း မရှိခဲ့

၂၀၁၆ ခုနှစ်အတွင် ပေးအပ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား စံချိန်စံညွှန်း မပြည့်မီခြင်းကြောင့် ပေးအပ်နိုင်ခြင်းမရှိခဲ့ဟု အကယ်ဒမီ စိစစ်ရွေးချယ်ရေး စီမံခန့်ခွဲမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးနှင်းမိုးက ဆိုသည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုများအား မတ် ၁၈ ရက်တွင်  ပေးအပ်ချီးမြှင့်ခဲ့ရာ ဆုအမျိုးအစား ၁၀ ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီး ဇာတ်ပို့ဆုနှင့် ဇာတ်ညွှန်းဆုများအား ထည့်သွင်းချီးမြှင့်ခြင်းမပြုဘဲ ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

ရော့ခ်အင်ရိုးကို အစပြုခဲ့သူ တစ်ဦးဖြစ်သည့် အဆိုတော် ချက်ဘယ်ရီ ကွယ်လွန်

(၉၀ နှစ်) သည် မတ် ၁၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ မစ်ဆူရီပြည်နယ်ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်များအား ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲပြုလုပ်

 
၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီထူးချွန်ဆု ရရှိခဲ့သည့် အနုပညာရှင်များအား ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲကို ရန်ကုန်မြို့၊ မယ်လီယာဟိုတယ်၌ မတ်လ ၁၉ ရက် ညပိုင်းက ပြုလုပ်ခဲ့သည်။
 
အဆိုပါ ထပ်ဆင့်ဂုဏ်ပြုညစာစားပွဲသို့  ၂၀၁၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုရ အနုပညာရှင်များနှင့် မတ်လ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအား ပံ့ပိုးကူညီခဲ့သည့်သူများ၊ အခြားသောအနုပညာရှင်များ တက်ရောက်ခဲ့သည်။