Entertainment

ကင်းကောင်ဇာတ်ကားသစ် Kong: Skull Island ကို မတ် ၁၀ ရက်တွင် အမေရိကန်၌ ဖြန့်ချိ


ကင်းကောင်ဇာတ်ကား ထွက်ရှိခဲ့ပြီး ဆယ်စုနှစ် ရှစ်ခုအကြာတွင် ဇာတ်ကားသစ် Kong: Skull Island ကို မတ် ၁၀ ရက်တွင် အမေရိကန်ရုပ်ရှင်ရုံများတွင် ဖြန့်ချိမည် ဖြစ်သည်။ လေ့လာစူးစမ်းသည့်အဖွဲ့တစ်ဖွဲ့နှင့် ဗီယက်နမ်စစ်ပွဲကာလ စစ်သားများသည် လျှို့ဝှက်အထူးတာဝန်တစ်ခုအတွက် ပစိဖိတ်သမုဒ္ဒရာရှိ မြေပုံတွင် မပါဝင်သည့် ကျွန်းတစ်ကျွန်းသို့ သွားရောက်ရာမှ ကင်းကောင်နှင့် အခြားလူသားစား သတ္တ၀ါများနှင့် ရင်ဆိုင်ခဲ့ရသည့်အကြောင်းကို ယင်းဇာတ်ကားတွင် ပုံဖော်ရိုက်ကူးထားသည်။

အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် မေတ္တာသင်္ဂဟအဖွဲ့မှ ပြည်မြို့၌ မေတ္တာသင်္ဂဟတံတားတည်ဆောက်ပေးခြင်း အပါအ၀င် နေရာ အများအပြား၌ လှူဒါန်းမှုများ သွားရောက်ပြုလုပ်

အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် မေတ္တာသင်္ဂဟအဖွဲ့မှ ပြည်မြို့၌ မေတ္တာသင်္ဂဟတံတား တည်ဆောက်ပေးခြင်း အပါအ၀င် နေရာအများအပြား၌ လှူဒါန်းမှုများ သွားရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုခရီးစဉ်တွင် မေတ္တာသင်္ဂဟ အဖွဲ့ဝင်များဖြစ်သည့် အကယ်ဒမီ ခန့်စည်သူ၊ နေထူးနိုင်၊ ခင်လေးနွယ်၊ ဒီဇိုင်နာ မပုံ့ စသူတို့ အပါအ၀င် အလှူရှင်များ လိုက်ပါခဲ့သည်။

ထိုင်ဝမ်မော်ဒယ်လ် ဂျက်ဆီကာ ဘေဘီဖက်စ်နှင့် လွှမ်းပိုင်၊ ဘန်နီဖြိုးတို့၏ ‘အမေပြောတဲ့ အမောပြေ’ Music Video တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးတွင် အွန်လိုင်း၌ လွှင့်တင်မည်

ထိုင်ဝမ်မော်ဒယ်လ် ဂျက်ဆီကာဘေဘီဖက်စ် ပါဝင်သရုပ်ဆောင်ကာ တေးသံရှင် လွှမ်းပိုင်နှင့် ဘန်နီဖြိုးတို့ သီဆိုထားသည့် ‘အမေပြောတဲ့ အမောပြေ’ တေးသီချင်း Music Video ကို တက္ကသိုလ်ဝင်တန်း စာမေး ပွဲအပြီး မတ် ၁၆ ရက်တွင် V7 Entertainment Facebook Page မှလွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တေးသီချင်းမှာ V7 Entertainment ၏ခြောက်ပုဒ်မြောက် တေးသီချင်း Music Video အဖြစ်တင်ဆက်ခြင်းဖြစ်ပြီး ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

အနုပညာခရီးလမ်းမှာ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသူ သရုပ်ဆောင် မော်ဒယ်လ် နွယ်ဒါလီထွန်းရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ ၀ါသနာဗီဇကိုယ်စီ ရှိတတ်ကြပါတယ်။ မိမိတို့ရဲ့ မွေးရာပါပိုင်ဆိုင်လာတတ်တဲ့ ၀ါသနာဗီဇကို ငယ်စဉ်ကတည်းက ဖော်ပြသတိပြုမိသူတွေ ရှိသလို အရွယ်ရောက်လာခါမှ မိမိတို့ရဲ့ အားသန်ရာ ၀ါသနာဗီဇကို သတိပြုမိသူတွေလည်း ရှိပါတယ်။