Entertainment

မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း ပန်းချီဆရာများ ပါဝင်သည့် ရန်ကုန်-ဘာလီ-ဘန်ကောက် အနုပညာဖလှယ်ပွဲ ပြုလုပ်မည်

မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်းမှ ပန်းချီဆရာများ ပါဝင်သည့် ရန်ကုန်-ဘာလီ-ဘန်ကောက် အနုပညာဖလှယ်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မှစတင်ကာ မတ်၂ ရက်အထိ သုံးနိုင်ငံတွင် လှည့်လည်ပြီး အနုပညာဖလှယ်ပွဲအဖြစ် ပန်းချီလက်ရာများ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အကြို ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများ စုစည်းဖျော်ဖြေပွဲ ပြုလုပ်ရန်စီစဉ်

မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) ပြည့်အကြိုအဖြစ် ရုပ်ရှင်ဇာတ်ဝင် တေးသီချင်းများ စုစည်းဖျော်ဖြေပွဲကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည်ဟု အကယ်ဒမီဒါရိုက်တာ ကြည်စိုးထွန်းက ပြောကြားသည်။ အဆိုပါ ဖျော်ဖြေပွဲကို မြန်မာ့ရုပ်ရှင်နှစ် (၁၀၀) တိုင်အတွက် အကြိုဂုဏ်ပြု အစီအစဉ်အဖြစ်သာမက Laurel Arts Academy ၏ ငါးနှစ်ပြည့် အမှတ်တရ အစီအစဉ်အဖြစ်ပါ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် မော်ဒယ်လ် ဆုအိမ့်စံရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

ရောင်စုံပန်းတွေ ပွင့်လန်းနေတဲ့ ဥယျာဉ်ကြီး တစ်ခုလို့ဆိုရမယ့် အနုပညာပန်းခင်းထဲမှာ လှပလန်းဆန်းတဲ့ ပန်းရောင်စုံတွေက ပွင့်လန်းလို့ နေပါတယ်။ ဒီလိုအရောင်အသွေး စုံလင်တဲ့ ပန်းရောင်စုံတွေထဲမှာ နူးညံ့လှပတဲ့ ပန်းလေးတစ်ပွင့်အဖြစ် အသိအမှတ်ပြုလာစေသူက လူငယ်သရုပ်ဆောင် မော်ဒယ်လ် ဆုအိမ့်စံပါ။ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားမှာ ရိုးသားဖြူစင်တဲ့ ကျေးလက်နေ မိန်းကလေးငယ် တစ်ယောက်၊ အစ်ကိုဖြစ်သူရဲ့ အချစ်ရေးအတွက် တတ်နိုင်သလောက် ကူညီတတ်တဲ့ သွက်သွက်လက်လက် ချစ်စဖွယ် ဟန်ပန်လေးတွေနဲ့ ပရိသတ်ချစ်ခင်မှုကို အရယူသွားနိုင်သူပါ။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒီလိုပရိ

ဂျပန်ရုပ်ရှင် ဇာတ်ကားကောင်းများနှင့် အန်နီမေးရှင်း ဇာတ်ကားများ ပါဝင်ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော် ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည်


ဂျပန်ရုပ်ရှင် ဇာတ်ကားကောင်းများနှင့် အန်နီမေးရှင်း ဇာတ်ကားများ ပါဝင်ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ၀င်ကြေးအခမဲ့ဖြင့် ဇာတ်ကားများအား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ရုပ်ရှင်ပွဲတော်တွင် မြန်မာစာတန်းထိုး ဂျပန်ရုပ်ရှင် ဇာတ်ကားများနှင့် အန်နီမေးရှင်း ဇာတ်ကားများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် တရုတ်လက်မှတ်ရောင်းချမှုဝင်ငွေ ကျဆင်း

ကမ္ဘာ့ ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ ၂၀၁၆ ခုနှစ် လက်မှတ်ရောင်းချမှုဝင်ငွေသည် သိသိသာသာ ကျဆင်းခဲ့သည်ဟု China's State Administration of Press, Publication, Radio, Film and Television (SAPPRFT)  က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

 တရုတ်၏ လက်မှတ်ရောင်းချမှု ၀င်ငွေသည် ၂၀၁၆ ခုနှစ်တွင် နှစ်အလိုက် တိုးတက်မှုသည် ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယွမ် ၄၅ ဒသမ ၇ ဘီလျံသာ ရရှိခဲ့သည်။ ယင်းသည် ၂၀၁၅ ခုနှစ်၏ လက်မှတ်ရောင်းချမှုဝင်ငွေ တိုးတက်မှုနှုန်း ၄၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းခဲ့သည်ဟု SAPPRFT က ထုတ်ပြန်ခဲ့သည်။