Entertainment

Miss Universe 2016 ပြိုင်ပွဲတွင် Winner ဆုကို ပြင်သစ်အလှမယ် ရရှိခဲ့ပြီး မြန်မာအလှမယ် ထက်ထက်ထွန်း National Costume ပြိုင်ပွဲ၌ Winner ဆု ရရှိ

Miss Universe 2016 ပြိုင်ပွဲတွင် Winner ဆုကို ပြင်သစ်အလှမယ် ရရှိခဲ့ပြီး ရုပ်သေးရုပ်အသွင် ၀တ်ဆင်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအလှမယ် ထက်ထက်ထွန်းမှာ National Costume ၌ Winner ဆု ရရှိခဲ့ကြောင်း သိရသည်။

ယခင်က National Costume Winner ရရှိသူအား Miss Universe  ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ပွဲစဉ်၌သာ ကြေညာခြင်းဖြစ်သော်လည်း ယခုနှစ်တွင်မူ ပြိုင်ပွဲမတိုင်မီ ကျင်းပသည့် ၀တ်စုံပြည့်လေ့ကျင့်မှု၌ မြန်မာအလှမယ် ထက်ထက်ထွန်းအား ရုပ်သေးရုပ်အသွင် ထပ်မံဝတ်ဆင်၍ တင်ဆက်ရန် ပြောကြားခဲ့ပြီးနောက် Winner အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်း၏ ပထမဆုံးရုံအဖြစ် မှော်ဘီမြို့၌ ဖွင့်လှစ်ပြီးနောက် မြို့ကြီးသုံးမြို့တွင် ရုပ်ရှင်ရုံသစ်များအား မတ်လဆန်း ဖွင့်လှစ်မည်

ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်း၏ ပထမဆုံးရုပ်ရှင်ရုံအဖြစ် မှော်ဘီမြို့တွင် ဖွင့်လှစ်ခဲ့ပြီးနောက် မြို့ကြီးသုံးမြို့၌ ရုပ်ရှင်ရုံသစ်များအား မတ်လဆန်း၌ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။ ရုပ်ရှင်ရုံသစ်များ ထပ်မံဖွင့်လှစ်ပြသသွားမည့် မြို့သုံးမြို့မှာ ဖျာပုံ၊ အောင်ပန်းနှင့် မုံရွာမြို့များဖြစ်ကြောင်း သိရသည်။ ရုပ်ရှင်ရုံ ၁၀၀ စီမံကိန်းမှာ သရုပ်ဆောင် အကယ်ဒမီလွင်မိုး ဦးဆောင်သည့် The Maze Company Limited နှင့် Paradiso Cinemas Company Limited တို့ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ပြီး ရုပ်ရှင်ရုံပြသမှု မရှိသည့် မြို့ကြီးများ၌ ရုပ်ရှင်ရုံသစ်များ တည်ဆောက်ပြသရန် စီစဉ်ထားသည့် စီမံချက်တစ်ခုလည်း ဖြစ်သည်။

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း၏ လက်ထပ်မင်္ဂလာပွဲ ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပမည်ဟု ပရိသတ်များအား အသိပေး

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း၏ လက်ထပ်မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၃ ရက်တွင် ကျင်းပမည်ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ အသိပေး ပြောကြားခဲ့သည်။ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း၏ ဘ၀လက်တွဲဖော်မှာ အနုပညာလောကမှ မဟုတ်ဘဲ ပြင်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ကိုလှမျိုးမြင့်ဖြစ်သည်။ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်း၏ Pre Wedding ဓာတ်ပုံများမှာ ဇန်န၀ါရီလဆန်းပိုင်းကတည်းကပင် ပျံ့နှံ့နေခဲ့ခြင်းဖြစ်ပြီး ပရိသတ်များက သဉ္ဇာနွယ်ဝင်း၏ ချစ်သူအဖြစ် ယခင်ကသိရှိထားခဲ့သည့် အနုပညာရှင်နှင့် မဟုတ်သည့်အတွက် ဝေဖန်အငြင်းပွားမှုများ ပျံ့နှံ့ခဲ့ခြင်းလည်း ဖြစ်သည်။

ပြေတီဦးပညာရေးဖောင်ဒေးရှင်း ရန်ပုံငွေ ပဒေသာကပွဲရဲ့ အနုပညာ တင်ဆက်မှုတွေကို ခံစားကြည့်ရှုရင်း ဖြတ်သန်းကုန်ဆုံးနိုင်မယ့် အားလပ်ချိန် ရက်သတ္တပတ်

အခုတစ်ပတ် အားလပ်ရက်ကတော့ ၂၀၁၇ ရဲ့ ပထမဆုံးလဖြစ်တဲ့ ဇန်န၀ါရီလရဲ့ နောက်ဆုံးရက်သတ္တပတ်ပါ။ အေးမြမှု အရိပ်အငွေ့တွေ ကျန်ရှိနေဆဲဖြစ်သလို နွေရာသီရဲ့အကြို ဥသြသံတွေနဲ့ ချစ်စဖွယ် သာယာလှပတဲ့ အချိန်အခါတစ်ခုလို့လည်း ဆိုရပါမယ်။ ဒီတစ်ပတ်မှာတော့ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ ပရဟိတအကျိုးကို ရည်မှန်းတဲ့ ရန်ပုံငွေဖျော်ဖြေပွဲတွေက စောင့်ကြိုလို့နေပါတယ်။ အနုပညာရှင်တွေရဲ့ အနုပညာ တင်ဆက်မှုတွေကို ခံစားကြည့်ရှုရင်း ပရဟိတအကျိုးအတွက် တစ်နိုင်တစ်ပိုင် လှူဒါန်းနိုင်မယ့် အချိန်အခါ ဖြစ်တာကြောင့်လည်း တန်ဖိုးရှိတဲ့ အားလပ်ချိန်လေးတွေ ဖြစ်စေမှာပါ။ ဒီလိုအားလပ်ရက် အပန်းဖြေဖို့အတွက် စောင့်ကြိုနေတဲ့ ဖျော်ဖြေပွဲတွေထဲက တစ်ပွဲရဲ့အကြောင်းကို တင