Entertainment

ရိန်းနှင့် ကင်တေဟီး ဘာလီသို့ ပျားရည်ဆမ်းခရီး သွားမည်

မင်္ဂလာဆောင်ပြီးစ ဇနီးမောင်နှံဖြစ်သော ကိုရီးယားသရုပ်ဆောင်၊ အဆိုတော်ရိန်းနှင့် သရုပ်ဆောင် ကင်တေဟီးသည် ပျားရည်ဆမ်းခရီးအဖြစ် ဘာလီသို့ သွားရောက်မည်ဟု ၎င်းတို့၏ အေဂျင်စီများက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရိန်းနှင့် ကင်တေဟီးသည် အင်ဒိုနီးရှားနိုင်ငံရှိ ကျွန်းတစ်ခုတွင် ငါးရက်ကြာ နေထိုင်မည်ဖြစ်ပြီး ယင်းခရီးစဉ်ကို ဇန်န၀ါရီ ၂၂ ရက်တွင် စတင်မည်ဟု Rain ကုမ္ပဏီနှင့် Lua Entertainment တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

(၂၆)ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲ၏ ထိပ်တန်းဆုကို EXO အဖွဲ့ရရှိ

တောင်ကိုရီးယား ၊ တရုတ်အမျိုးသား အဆိုတော်များဖြင့် ဖွဲ့စည်းခဲ့သည့် EXO အဖွဲ့သည် ဇန်ဝါရီ ၁၉ ရက်က ကျင်းပခဲ့သည့် (၂၆) ကြိမ်မြောက် ဆိုးလ်ဂီတဆုပေးပွဲ၏ ထိပ်တန်းဆုကို သိမ်းပိုက်ခဲ့သည်ဟု ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

တေးသံရှင်လေးဦးရဲ့ ‘80's Classic Night’ ဖျော်ဖြေပွဲကို ပါဝင်ဆင်နွှဲနိုင်မယ့် ရက်သတ္တပတ်

အခုတစ်ပတ် အားလပ်ရက်ကတော့ ဆောင်းရာသီရဲ့ အအေးဓာတ်ကို သိသာစွာ ခံစားနေရဆဲ ရက်သတ္တပတ်တစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ နှစ်ဆန်းပိုင်းမှာတော့ ဘက်စ်ကားစနစ် အပြောင်းအလဲ အပါအ၀င် အပြောင်းအလဲတချို့နဲ့အတူ ဖျော်ဖြေပွဲတွေက အတန်ငယ် ကျဲပါးသွားခဲ့ပါတယ်။ ဖျော်ဖြေပွဲအများစုက ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး ပြန်လည်လှုပ်ရှား အသက်ဝင်ဖို့ကိုလည်း ကြိုးပမ်းနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကြောင့်အခုတစ်ပတ် အားလပ်ရက်မှာတော့ မန္တလေးမြို့က ဖျော်ဖြေပွဲတစ်ပွဲ အကြောင်းကို သတင်းစကားပါးချင်ပါတယ်။

မြန်မာ့သဘင်ဦးသျှောင် မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက်တစ်ဦးဖြစ်သည့် ‘ စိန်မဟာသဘင်’ မင်းသားဇံဟိန်း၏ ငယ်ဘ၀ဖြတ်သန်းရာ

မြန်မာနိုင်ငံသဘင် ဦးသျှောင် ဇာတ်မင်းသားကြီး ဂရိတ်ဦးဖိုးစိန်၏ မျိုးဆက်တစ်ဦးဖြစ်ပြီး ယနေ့ မြန်မာ့ဇာတ်သဘင်လောကတွင် အောင်မြင်သည့် မင်းသားတစ်ဦးအဖြစ် ရပ်တည်နေသည့် ဇံဟိန်းကို တစ်ခေတ်တစ်ခါက မြန်မာ့ဇာတ်သဘင်၏ နာမည်ကျော် ဇာတ်မင်းသားကြီး ဦးရဲစိန်နှင့် ဒေါ်နီနီတို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ငယ်နာမည်ရင်းမှာ ကျော်သီဟစိန်ဖြစ်ပြီး မွေးစတွင် အသက်ရှူလမ်းကြောင်း ပိတ်နေခဲ့သဖြင့် ၇၂ နာရီအတွင်း အသက်ရှင်သန်ခွင့် ရရှိရန်အတွက် အသည်းအသန် ကြိုးစားကာ လူ့လောကသို့ ရောက်ရှိလာခဲ့သူ ဖြစ်ကြောင်းလည်း သိရသည်။