Headline

  

မြကျွန်းသာစီမံကိန်းတွင် တည်ဆောက်ထားသည့် ရေပြင်ဧရိယာနှင့် ပေ ၃၀ အတွင်းရှိ အဆောက်အအုံများ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် ဘောင်အတွင်းမှ မလုပ်နိုင်ပါက ကုမ္ပဏီများ လုပ်ကိုင်ခွင့် ပြန်အပ်နှံ၍ရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးပြောကြား

မြကျွန်းသာစီမံကိန်းတွင် တည်ဆောက်ထားသည့် ရေပြင်ဧရိယာနှင့် ပေ ၃၀ အတွင်းရှိ အဆောက်အအုံများ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် ဘောင်အတွင်းမှ မလုပ်နိုင်ပါက ကုမ္ပဏီများ လုပ်ကိုင်ခွင့်ပြန်အပ်နှံ၍ရကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက မေ ၂၂ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အကျင့်ပျက်ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှုဖြစ်နေကြောင်း အဆိုတွင် ထည့်သွင်းပြောကြားမှုသည် တရားရုံး မထီမဲ့မြင်ပြုရာရောက်သည်ဟု ပြောကြားခဲ့မှုများနှင့် ပတ်သက်၍ ခွင့်လွှတ်ပေးပါရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် တောင်းပန်

အကျင့်ပျက်ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှုဖြစ်နေကြောင်း အဆိုတွင် ထည့်သွင်းပြောကြားမှုသည် တရားရုံး မထီမဲ့မြင်ပြုရာ ရောက်သည်ဟု ပြောကြားခဲ့မှုများနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးပါရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည် တောင်းပန်စကား ပြောကြားခဲ့သည်။

မေ ၂၂ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ရှင်းလင်းတင်ပြခြင်းဟူ၍ အစီအစဉ်တစ်ရပ် ထည့်သွင်းခဲ့ကာ ဦးစိုးညွန့်က ထိုသို့ ပြန်လည် တောင်းပန်ခဲ့ခြင်းဖြစ်သည်။

လီဆူတိုင်းရင်းသားများ အသတ်ခံရမှုနှင့် ပတ်သက်ပြီး KIO/KIA ကို မြစ်ကြီးနားမြို့တွင် ဆန္ဒပြ

လီဆူတိုင်းရင်းသားများ အသတ်ခံရမှုနှင့် ပတ်သက်ပြီး KIO/KIA ကို လီဆူတိုင်းရင်းသားများက မြစ်ကြီးနားမြို့တွင် မေ ၂၂ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြောင်း သတင်းရရှိသည်။

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မတိုင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကော့ရှန် လာရောက်တွေ့ဆုံ

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး မတိုင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် မေ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ၀န်ကြီး၏ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဟင်္သာတမြို့ရှိ နေအိမ်တစ်လုံး၌ မီးလောင်မှု၊ မီးလန့်မှုများ အကြိမ်ကြိမ် ဖြစ်ပွားနေခြင်းအား သိပ္ပံနည်းဖြင့် အဖြေရှာနေ

ဟင်္သာတမြို့ ပန်းဘဲတန်းရပ်ကွက် ဇောတိကလမ်းရှိ နေအိမ်တစ်လုံး၌ မီးလောင်မှု၊ မီးလန့်မှုများ အကြိမ်ကြိမ် ဖြစ်ပွားနေမှုအား သိပ္ပံနည်းဖြင့် အဖြေရှာမည်ဖြစ်သည်။

မီးလောင်မှု၊ မီးလန့်မှုများ အကြိမ်ကြိမ် ဖြစ်ပွားသည့် အဆိုပါ နေအိမ်သို့ မေ ၂၂ ရက်တွင် ဟင်္သာတတက္ကသိုလ် ဓာတုဗေဒဌာနနှင့် ဘူမိဗေဒဌာနမှ ဆရာအချို့နှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူတို့ လာရောက်ခဲ့ပြီး မီးလောင်ထားသည့် သစ်သား၊ အ၀တ်စနှင့် မြေကြီးနမူရာ၊ ရေနမူနာတို့ကို ရယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ရန် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။