Headline

  

မကွေးတိုင်းဒေသကြီးအတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်း ၁၃၀ နီးပါး ပိတ်ထားရပြီး ပခုက္ကူမြို့တွင် စိုးရိမ်ရေမှတ်အထက် စတင်ကျော်လွန်

မကွေးတိုင်းအတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဇူလိုင် ၁၄ ရက်အထိ စာသင်ကျောင်း ၁၃၀ နီးပါး ပိတ်ထားရပြီး ကျောင်းသူ ကျောင်းသား ၁၇၀၀၀ ကျော် ပညာသင်ယူမှု ရပ်နားထားရကာ ပခုက္ကူမြို့တွင် စိုးရိမ်ရေအမှတ်အထက် စတင်ကျော်လွန်လျက်ရှိကြောင်း တိုင်းအစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နှင့် တိုင်းမိုးလေ၀သနှင့် ဇလဗေဒရုံး တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
 

ထောင်ဒဏ် ကျခံနေရဆဲ တရုတ်ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် လျူရှောင်ပို အသက် ၆၁ နှစ်၌ ကွယ်လွန်

တရုတ်နိုင်ငံ၏ နိုဘယ်ဆုရှင် လျူရှောင်ပိုသည် ကင်ဆာရောဂါကို ခံစားနေရပြီး ထောင်ဒဏ် ကျခံနေရဆဲမှာပင် ဇူလိုင် ၁၃ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။ လျူအား သူ၏ နောက်ဆုံး နေ့ရက်များကို ပြည်ပ၌ လွတ်လပ်စွာ ကုန်ဆုံးခွင့်ပြုရန် နိုင်ငံတကာက ၀ိုင်းဝန်း မေတ္တာရပ်ခံခဲ့သော်လည်း တရုတ်အာဏာပိုင်များက လျစ်လျူပြုခဲ့သည်။

ချင်းတွင်းမြစ်ရေကြီးမှု ပိုမိုဆိုးရွားလာပြီး မြို့နယ်အချို့တွင် လူနေအိမ်အောက်ထပ်များအထိ ရေ၀င်နစ်မြုပ်

ချင်းတွင်းမြစ်ရေကြီးမှု ပိုမိုဆိုးရွားလာပြီး မြို့နယ်အချို့တွင် လူနေအိမ်အောက်ထပ်များအထိ ရေ၀င်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေ မြင့်တက်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး  မြို့နယ်အချို့တွင် ကယ်ဆယ်ရေးစခန်း ၄၁ ခု ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည် ၁၄၂၀၇ ဦးရှိဟု သိရ

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ရေ မြင့်တက်နေသည့်မြို့အချို့တွင် ကယ်ဆယ်ရေးစခန်းပေါင်း ၄၁ ခု ဖွင့်လှစ်ထားရှိပြီး ရေဘေးဒုက္ခသည် ၁၄၂၀၇ ဦးရှိဟု စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တိုင်းဦးစီးအရာရှိ ဒေါ်မီမီထွန်းက ဇူလိုင် ၁၃ ရက် ပြောကြားလိုက်သည်။

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံဖြစ်ပွားခြင်းသည် အထက်ပိုင်းဒေသများ၌ မိုးကောင်းခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင့်ဖြစ်ဟု ဆို

ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းသည် အထက်ပိုင်းဒေသများ၌ မိုးကောင်းခြင်း၊ မြစ်ကြမ်းပြင်များ မြင့်တက်လာခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးကျော်မိုးဦးက ပြောကြားသည်။

လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်သို့ ရောက်ရှိစဉ် ဒေသခံများက ပိုစတာများ ကိုင်ဆောင်ပြီး ကန့်ကွက်ဆန္ဒပြ

လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် တက်ကြွလှုပ်ရှားသူ ၂၀၀ ခန့်က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

မစ္စယန်ဟီးလီသည် ဇူလိုင် ၁၂ ရက် နံနက်တွင် လေကြောင်းခရီးစဉ်ဖြင့် စစ်တွေမြို့သို့  ရောက်ရှိလာခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်သူများကလည်း လေယာဉ်ကွင်းအထွက် ရှေ့နားတွင် စီတန်းကာ ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်ပြီး ယန်ဟီးလီ အလိုမရှိဟု ဆန္ဒထုတ်ဖော် ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။