Headline

  

မက် (စ်) ဟိုင်းဝေးကုမ္ပဏီက B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်လမ်းပိုင်းအား အရည်အသွေးပြည့်မီသည့် လမ်းတစ်လမ်း ဖြစ်ပေါ်လာစေရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ပြောကြား

မက် (စ်) ဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-ပြည်လမ်းပိုင်းအား အရည်အသွေးပြည့်မီသည့် လမ်းတစ်လမ်း ဖြစ်ပေါ်လာစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဟုမ္မလင်းမြို့နယ်တွင် ပြန်လည်ပြုပြင် အသုံးပြုနေသည်မှာ ၁၀ ရက်ခန့်သာ ရှိသေးသော ယာယီတံတားနှစ်စင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပြန်လည်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ပြန်လည်ပြုပြင် အသုံးပြုနေသည် မှာ ၁၀ ရက်ခန့်သာ ရှိသေးသော ယာယီတံတားနှစ်စင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပြန်လည်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

 ထိုတံတားနှစ်စင်းမှာ ဟုမ္မလင်းမြို့နယ် နှင့် ဖောင်းပြင်မြို့ကို ဆက်သွယ်ထားသော  ဗျူဟာလမ်းမကြီးပေါ်ရှိ နန့်ကလွမ်းချောင်းကူး တံတား (နတ်နန်းချောင်းကူးတံတား) နှင့် နန်နစ်ကြီးချောင်းကူး တံတားတို့ဖြစ်ကာ ဇွန်  ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည်ကို ပြန်လည်ပြုပြင်ထားသော ယာယီတံတားများဖြစ်ပြီး ဇူလိုင် ၁၁ ရက်တွင်  ထပ်မံ ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောက်ကြန့်၌ YBS ခရီးသည်တင်ယာဉ်နှစ်စီး တိုက်မှုဖြစ်စဉ်တွင် ကွယ်လွန်သွားသော နည်းပညာတက္ကသိုလ်ကျောင်းသူ၏ နာရေးသို့ လူထောင်နှင့်ချီ လိုက်ပါပို့ဆောင်

မင်္ဂလာဒုံမြို့နယ်  ထောက်ကြန့်၌  YBS ယာဉ်နှစ်စီးတိုက်မှုဖြစ်စဉ်တွင် ကွယ်လွန်သွားသော  မှော်ဘီနည်းပညာတက္ကသိုလ်ကျောင်းသူ မခင်ပွင့်ဖြူ (၂၁) နှစ်၏ နာရေးကို ဇူလိုင် ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ရေဝေး ခရစ် ယာန်ဂိုဏ်းပေါင်းစုံ ဥယျာဉ်တော်ခန်းမတွင် ၀တ်ပြုဆုတောင်းမှုပြုလုပ်ခဲ့ပြီး လူထောင်နှင့်ချီ လိုက်ပါပို့ဆောင်ခဲ့သည်။

ဖြေရှင်းရန် မလွယ်သည့် ပင်လယ်ကွေ့ဒေသ၏ သံတမန်ရေးပဋိပက္ခ

ပင်လယ်ကွေ့ဒေသကို အကျပ်ရိုက်စေသည့် သံတမန်ရေးပဋိပက္ခ စတင်ခဲ့သည်မှာ တစ်လကျော်လေပြီ။ သို့သော် အလျင်အမြန် ဖြေရှင်းနိုင်ရေးမှာ မျှော်လေတိုင်း ဝေးနေဆဲပင်ဖြစ်သည်။

ဆော်ဒီအာရေဗျက ဦးဆောင်သော မဟာမိတ်အုပ်စုက ကာတာကို ဆန့်ကျင်နေသည့်ကိစ္စတွင် နှစ်ဖက်စလုံးသည် မိမိတို့၏ အနေအထားများအတိုင်း ထာဝရ အခိုင်အမာ ရပ်တည်နေကြမည့်ပုံပေါ်နေပြီး ဇွန် ၅ ရက်၌ ပဋိပက္ခ စတင်ဖြစ်ပွားပြီးနောက်ပိုင်း အားလုံး လက်ခံနိုင်မည့် ဖြေရှင်းချက်မျိုးကို မည်သည့်အခါတွင်မျှ ရှာတွေ့နိုင်ဖွယ်မရှိ ဖြစ်နေသည်။

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေဟု သိရ

ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်းနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားရေးမှူးရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့နယ်တို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေခြင်းဖြစ်ကြောင်း သိရသည်။