Headline

  

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန် ရေတပ်သင်္ဘော ချစ်ကြည်ရေးခရီး လာရောက်မည်

ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း မြန်မာ နိုင်ငံသို့ ပထမဆုံးအကြိမ် အမေရိကန်ရေတပ်သင်္ဘော တရားဝင်ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ် ၂၀ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ အမေရိကန်ရေတပ် အမြန်ပို့ဆောင်ရေး သင်္ဘော ယူအက်စ်အန်အက်စ် ဖောလ်ရေးဗား USNS Fall River (T-EPF-4)  သည် အမေရိကန်တပ်ဖွဲ့ဝင်များ နှင့် မြန်မာနိုင်ငံသားများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန်နှင့် ယဉ်ကျေးမှု နှီးနှောဖလှယ်ရန်အတွက် မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရီးယားသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာကို တိုးကြိတ်ဝယ်ယူ မှုများကြောင့် အချင်းများမှု၊ မူးလဲမှုများ ဖြစ်ပေါ်

ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နိုင်မည့် EPS-TOPIK ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာကို တိုးကြိတ်ဝယ်ယူမှုများကြောင့် ၀ယ်ယူသူအချင်းချင်း စကားများမှု၊ မူးလဲမှုများ ဖြစ်ပေါ်နေကြောင်း မတ် ၂၀ ရက်တွင် လျှောက်လွှာ ၀ယ်ယူသူများနှင့် အနီးရှိ ဈေးရောင်းချသူများထံမှ စုံစမ်းသိရှိရသည်။

ဧပြီ ၁ ရက်မှစ၍ မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်မည်ဖြစ်ပြီး သုံးလအတွင်း မှတ်ပုံတင်နိုင်ကာ ယင်းကာလ ကျော်လွန်ပါက လိုင်းအပြီး သတ်ပိတ်သိမ်းမည်

ဧပြီ ၁ ရက်မှစ၍ မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်မည်ဖြစ်ပြီး သုံးလအတွင်း မှတ်ပုံတင်နိုင်ကာ ယင်းကာလကျော်လွန်ပါက လိုင်းအပြီးသတ် ပိတ်သိမ်းမည်ဖြစ်ကြောင်း  သိရသည်။

ဆင်းမ်ကတ်များကို မတ် ၃၁ ရက် နောက်ဆုံးထားပြီး မှတ်ပုံတင်ရန် သတ်မှတ်ထားသောကြောင့် ဧပြီ ၁ ရက်မှစ၍ မှတ်ပုံမတင်ရသေးသော ဆင်းမ်ကတ်များကို ယာယီလိုင်းပိတ်မည်ဖြစ်ပြီး ဧပြီ၊ မေ၊ ဇွန် စသည့် သုံးလအတွင်း မှတ်ပုံတင်ခြင်းကိစ္စရပ်များကို ဆောင်ရွက်နိုင်ကာ ယင်းကာလကျော်လွန်သည်အထိ မှတ်ပုံတင်ရခြင်း မရှိသေးသော ဆင်းမ်ကတ်များကို လိုင်းအပြီး ပိတ်သိမ်းသွား မည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဖိလစ်ပိုင်သမ္မတ မစ္စတာဒူတာတေး မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန် နေပြည်တော်သို့ ရောက်ရှိ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံသမ္မတ မစ္စတာဒူတာတေးသည် မတ် ၁၉ ရက် ညနေ ၆ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

ဧည့်သည်တော် ဖိလစ်ပိုင်သမ္မတနှင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ဦးကျော်တင်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် UNFC ၏ DPN အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့မှ ခေါင်းဆောင်အချို့နှင့် NCA လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) အဖွဲ့တို့သည် မတ် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံ၍ နှစ်ဖက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။