Headline

  

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် မေ ၁၄ ရက် ညနေ ၄ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ယင်းလူနှစ်ဦး သေဆုံးမှုသည် ကနီမြို့ အမှတ် (၃) ရပ်ကွက်မှ နေထိုင်သူများ ဖြစ်ကြပြီး ဒဏ်ရာရရှိသူများလည်း အဆိုပါရပ်ကွက်တွင် နေထိုင်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ပိုးလမ်းမ ထိပ်သီးအစည်းအဝေး တရုတ်၌ စတင်ကျင်းပ

တရုတ်သည် နိုင်ငံတကာတွင် ၎င်း၏ ဦးဆောင်မှုကဏ္ဍ မြင့်တက်လာနေသည်ကို ထင်ရှားစေသော ရည်ရွယ်ချက် ကြီးမားသည့် ၎င်း၏ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေခံ အဆောက်အအုံ စီမံကိန်းတစ်ခုအား မြှင့်တင်ရေးအတွက် မေ ၁၄ ရက်တွင် ထိပ်သီး အစည်းအဝေးပွဲ တစ်ရပ်ကို ပေကျင်းမြို့ ဆင်ခြေဖုံး ဒေသဖြစ်သော ယန်ကီလိတ်ရှိ နေရှင်နယ် ကွန်ဗင်းရှင်းစင်တာ၌ စတင်ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ် စမ်းသပ်မှုတစ်ရပ်က အရိပ်လွှမ်းနေခဲ့သည်။ တရုတ်သမ္မတ ရှီကျင်ပင်း ဦးဆောင်ကာ ပေကျင်းတွင် နှစ်ရက်ကြာ ကျင်းပမည့် ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံပေါင်း ၂၉ နိုင

ရန်ကုန်တိုင်းအစိုးရ ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကိုကျောင်းကားပြေးဆွဲမည့်သူများ ပြန်လည်ဝယ်ယူမည်ဆိုပါက အခွန်သက်သာမည့် အပြင်ဘဏ်များနှင့် ချိတ်ဆက်ပြီး ချေးငွေဖြင့်ဝယ်ယူနိုင်ဟု သိရ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀ယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ ကိုကျောင်းကားပြေးဆွဲမည့်သူများ ပြန်လည်ဝယ်ယူမည်ဆိုပါက အခွန်အခသက်သာမည့် အပြင်ဘဏ်များဖြင့် ချိတ်ဆက်ပြီး ချေးငွေဖြင့် ၀ယ်ယူမှုပြုလုပ်နိုင်မည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

မှတ်ပုံတင်ပြီးသော ဆင်းမ်ကတ် အရေအတွက် တယ်လီနောတွင် ၁၉ သန်းနှင့် အူရီဒူးတွင် ၈ ဒသမ ၃ သန်းရှိလာ

မှတ်ပုံတင်ပြီးသော ဆင်းမ်ကတ် အရေအတွက် တယ်လီနောတွင် ၁၉ သန်းနှင့် အူရီဒူးတွင် ၈ ဒသ မ ၃ သန်း ရှိလာကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှာမူ စာရင်းပေးပို့လာခြင်း မရှိသေးသောကြောင့် မသိရသေးကြောင်း ပြောကြားသည်။

၂၀၁၇ ဧပြီလဆန်းပိုင်းက မှတ်ပုံတင်ပြီးသော ဆင်းမ်ကတ် အရေအတွက်တွင် တယ်လီနောမှာ ၁၈ ဒသမ ၅ သန်းသာ ရှိခဲ့ပြီး တစ်လအတွင်း မှတ်ပုံတင်သော ဆင်းမ်ကတ် အရေအတွက်မှာ ငါးသိန်းခန့် တိုးလာကြောင်း သိရသည်။

ဦးသိန်းအောင် ဦးဆောင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဟောင်းမှ အစိုးရသစ်ထံ လွှဲပြောင်းပေးခဲ့ခြင်း မရှိဟုဆိုသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေပြဿနာအား ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့၏ စစ်ဆေးတွေ့ရှိချက်အရ ဆက်လက် လုပ်ဆောင်မည်ဟုဆို

ဦးသိန်းအောင် ဦးဆောင်သည့် ယခင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးမန်းဂျော်နီ ဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သစ်ထံ လွှဲပြောင်းရန် ကျန်ရှိနေသည်ဟုဆိုသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စအား ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့၏ စစ်ဆေးတွေ့ရှိချက်အရ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။