International

ဂမ်ဘီယာတွင် နောက်ဆုံး သတ်မှတ်ရက် ကုန်ဆုံးချိန်၌ အာဖရိကတပ်များ အသင့်ပြင်ထား

နုတ်ထွက်မည်လား၊ စစ်ရေးအရ အရေးယူမှုကို ရင်ဆိုင်မည်လားဟူ၍ ညသန်းခေါင်ယံအချိန်ကို နောက်ဆုံးအဖြစ် ရာဇသံပေးထားမှုကို လျစ်လျူပြုလျက် ဂမ်ဘီယာ သမ္မတ ယာယာဂျမ်မားက ရာထူးမှ နုတ်ထွက်ရန် ငြင်းဆန်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၉ ရက်တွင် ဆီနီဂေါတပ်များသည် အခြားအာဖရိကတပ်များ ကျောထောက် နောက်ခံပြုပေးမှု နှင့်အတူ ဂမ်ဘီယာနိုင်ငံ အတွင်းသို့ ၀င်ရောက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ 

အာရှ - ပစိဖိတ်ဒေသတွင် IS ၏တိုက်ခိုက်မှုများ ပိုမိုကြုံရနိုင်သည့် အန္တရာယ်ရှိဟု အမေရိကန်တပ်မှူး သတိပေး

အာရှ - ပစိဖိတ်ဒေသသည် နေရပ်ပြန်လာသော IS အဖွဲ့ တိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှု အန္တရာယ် ကြုံတွေ့နိုင်ခြေရှိဟု အမေရိကန် စစ်ဘက်ထိပ်တန်း တပ်မှူးတစ်ဦးက ဇန်န၀ါရီ ၁၈ ရက်တွင် သတိပေးခဲ့သည်။

အရှေ့အလယ်ပိုင်း ဒေသတွင် IS အဖွဲ့သည် နယ်မြေများ ဆက်တိုက်ဆုံးရှုံးနေရစဉ် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် နေရာအချို့မှ အစွန်းရောက်မှု သွတ်သွင်းခံထားရသော တိုက်ခိုက်ရေး သမားများသည် ၎င်းတို့၏ နေရပ်နိုင်ငံများအား ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြေရှိကြောင်း အမေရိကန်၏ ပစိဖိတ် စစ်ဌာနချုပ်တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟာရစ်က ပြောကြားခဲ့သည်။

ပိုးလမ်းမ၏ ပထမဆုံး ကုန်တင်ရထား တရုတ်မှ ဗြိတိန်သို့ ရောက်ရှိ

ပိုးလမ်းမအတိုင်း ၁၈ ရက်ကြာ ခုတ်မောင်းပြီးနောက် တရုတ်မှ ကုန်တင်ရထားသည် ဇန်န၀ါရီ ၁၈ ရက်တွင် ဗြိတိန်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည်။ ခေတ်သစ် ပိုးလမ်းမ ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း မိုင် ၇၄၅၀ ခရီးကို ဖြတ်သန်းခဲ့သော ကုန်တင်ရထားသည် လန်ဒန်အရှေ့ပိုင်းရှိ Barking ဘူတာရုံသို့ ရောက်ရှိလာခဲ့သည်။

အိုဘားမားက ထရန့်ကို သတိပေးပြီး အမေရိကန် နိုင်ငံသားများအား နှစ်သိမ့်

ဘာရက်အိုဘားမားသည် အမေရိကန် သမ္မတအဖြစ် ရှစ်နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် နိုင်ငံရေး လောကအား နှုတ်ဆက်သည့် နောက်ဆုံး မိန့်ခွန်းတစ်ရပ်ကို ဇန်န၀ါရီ ၁၈ ရက်၌ ပြောကြားရာတွင် ဒေါ်နယ်ထရန့် အနေဖြင့် အမေရိကန်၏ ပင်မစံတန်ဖိုးများကို ခြိမ်းခြောက်ခဲ့ပါက သတိပေးသွားမည်ဟု ကတိပြုကာ အမေရိကန် နိုင်ငံသားများအား “ကျွန်တော်တို့ အဆင်ပြေမှာပါ” ဟု နှစ်သိမ့်ခဲ့ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အပူချိန် စံချိန်တင်ခဲ့

၂၀၁၆ ခုနှစ်တွင် ကမ္ဘာကြီး၏ အပူချိန်သည် စံချိန်တင်ခဲ့ပြီး ခေတ်သစ်သမိုင်းတွင် သုံးနှစ်ဆက်တိုက် အပူချိန်စံချိန်တင် မြင့်တက်ခဲ့ကြောင်း အမေရိကန် သိပ္ပံပညာရှင်များက ဇန်န၀ါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။ ရာသီဥတုပြောင်းလဲမှု ပိုမိုဆိုးရွားလာကြောင်းကို စိုးရိမ်မှုများ မြင့်တက်စေခဲ့ရသည့် အပူချိန် မြင့်တက်မှုသည် အိန္ဒိယ၊ ကူဝိတ်နှင့် အီရန်တို့တွင် အဆိုးဆုံးဖြစ်ခဲ့ပြီး နိုင်ငံအလိုက် အပူချိန် စံချိန်သစ် တင်ခဲ့ကြသည်။