Interviews

သရုပ်ဆောင်ထွန်းထွန်းနှင့် တွေ့ဆုံခြင်း

မကြာမီကျင်းပတော့မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ရုပ်ရှင်ချစ်သူများ၏ မိမိတို့အားပေးသူ အနုပညာရှင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများက မြင့်တက်လျက်ရှိနေပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွက် ပေးအပ်မည်ဖြစ်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဆု ဆန်ခါတင်ဇာတ်ကား ၁၀ ကား ရွေးချယ်ထားသည်ဟု ထုတ်ပြန်ထားပြီး ယင်းဇာတ်ကားများတွင် ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည့် အုတ်ကြားမြက်ပေါက်ဇာတ်ကား၊ ခိုးဆိုးလုနှိုက်ဇာတ်ကားများဖြင့် အကယ်ဒမီ ရေပန်းစားနေသူတစ်ဦးမှာ သရုပ်ဆောင်ထွန်းထွန်းပင် ဖြစ်သည်။ သရုပ်ဆောင်ထွန်းထွန်းသည် အနုပညာသက်တမ်း ဆယ်စုနှစ်တစ်ခုကျော် ကာလအတွင်း တေးသံရှင်တစ်ဦးအဖြစ် ပရိသတ်ချစ်ခင်မှု

Myanmar Idol Season 2 Top 6 ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံခြင်း

များပြားလာသည့် သီချင်းဆိုပြိုင်ပွဲများတွင် ပရိသတ်မဲပေးမှု ရလဒ်ဖြင့် ပွဲစဉ်တစ်လျှောက်ဆုံးဖြတ်ကာ ပရိသတ်များကြားတွင် ရေပန်းအစားဆုံး သီချင်းဆိုပြိုင်ပွဲမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲပင် ဖြစ်သည်။ လက်ရှိ ကျင်းပလျက်ရှိသော Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်သည့် အကဲဖြတ်ဒိုင်များအား ပရိသတ်စိတ်ဝင်စားမှု မြင့်မားသည့်အပြင် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ ယှဉ်ပြိုင်မှုများအားလည်း ပရိသတ်အားပေးမှုများပြားလျက်ရှိနေပါသည်။ Myanmar Idol ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှု ပြင်းထန်သည့်အပြင် မဲရလဒ်များနှင့် ပတ်သက်၍ အငြင်းပွား ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိပြီး လက်ရှိတွင် နောက်ဆုံး ဆန်ခါတင

သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံခြင်း

မြန်မာအနုပညာရှင်များနှင့် နိုင်ငံတကာမှ အနုပညာရှင်များ ပူးပေါင်း၍ အနုပညာ ဖန်တီးမှုများ ပြုလုပ်မှုများ ယခုနှစ်ပိုင်းအတွင်း များပြားလာရာ၌ မြန်မာနှင့် ထိုင်းအနုပညာရှင်များ ပူးပေါင်းဖန်တီးထားသည့်  From Bangkok to Mandalay ဇာတ်ကားသည်လည်း တစ်ကားအပါအ၀င် ဖြစ်သည်။ ယင်းဇာတ်ကားမှာ ထိုင်းနိုင်ငံတွင် မကြာခင်ပြုလုပ်တော့မည့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ဆန်ခါတင်ဆုစာရင်းများ၌ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အပါအ၀င် ဆုငါးဆုအတွက် ပါဝင်လျက်ရှိနေပါသည်။ From Bangkok to Mandalay ဇာတ်ကားဖြင့် ထိုင်းရုပ်ရှင်ထူးချွန်ဆုပေးပွဲ၌ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်စာရင်းတွင် ပါဝင်လျက်ရှိသူ ၊ ၂၀၁၇

မြန်မာသီချင်းကြီးများသီဆိုသူ Yuri Rakahashi နှင့် တွေ့ဆုံခြင်း

တေးဂီတဆိုတာ တိုင်းပြည်တွေ၊ လူမျိုးတွေ၊ ဘာသာတွေဘယ်လို ပဲကွဲပြားပါစေ ခံစားသက်ဝင်မှုကိုတော့ တစ်သားတည်း ပေးစွမ်းနိုင်တဲ့ အရာတစ်မျိုး ဖြစ်ပါတယ်။ အဲဒီအထဲကမှာ မြန်မာ့တေးဂီတကိုမှ ချစ်မြတ်နိုးသူ၊ ကိုယ်ကြိုက်နှစ်သက်တဲ့ တေးသီချင်းတွေကို သီဆိုနိုင်ဖို့အတွက် သက်သက်နဲ့ နိုင်ငံစုံတေးဂီတ ပေါင်းစုံထဲမှာမှ ကိုလိုနီခေတ် မြန်မာသံစဉ်၊ ခေတ်ဟောင်းသီချင်းတွေကို ၂၅ နှစ်ကြာအောင် သင်ကြားခဲ့တဲ့ ဂျပန်လူမျိုး တစ်ယောက်ရဲ့အကြောင်းကို ဒီတစ်ပတ် အင်တာဗျူးကဏ္ဍမှာ မေးမြန်းထားပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ သီဆိုအသံသွင်းနေတဲ့ ဂျပန်လူမျိုး Yuri Rakahashi နဲ့ တွေ့ဆုံပြီး မြန်မာသံစဉ် တေးသီချင်းတွေကို သင်ကြားသီဆိုဖြစ်တဲ့ အကြောင

ဦးကိုနီ၏ သမီးအကြီးဆုံး ဒေါက်တာယဉ်နွယ်ခိုင် နှင့် တွေ့ဆုံခြင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုဥပဒေအထောက်အကူပြု အဖွဲ့ဝင် ဦးကိုနီ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်သမားတစ်ဦးရဲ့ အနီးကပ် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရချိန်မှာ သူ့ရဲ့မြေးကလေးကို ချီထားရင်းနဲ့ လဲကျသေဆုံးသွားခဲ့တာပါ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုပ်ကြံခံရစဉ်မှာ ဦးကိုနီရဲ့ ရင်ခွင်ထဲမှာရှိနေခဲ့တဲ့ နှစ်နှစ်နှစ်လအရွယ် ကလေးငယ်လေးရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားချိန်မှာ မြင်ခဲ့ရသမျှတွေ၊ ကိုနေ၀င်း မိသားစုဝင်အတွက် ထပ်တူဝမ်းနည်းရမှု အကြောင်းတွေနဲ့ ပတ်သက်ပြီး ဦးကိုနီရဲ့ အိမ်အပြန်ခရီးကို လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တဲ့ သမီးအကြီးဆုံးဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်နဲ