Interviews

အေးမြတ်သူနှင့် တွေ့ဆုံခြင်း

အနုပညာသက်တမ်း ၁၀ နှစ်ကျော် ကာလအတွင်းတွင် အမြဲရွှင်လန်းတက်ကြွသည့် ဟန်ပန်၊ လှပဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ပိုင်ဆိုင်မှုနှင့် အပြုံးချိုချိုများအား ပိုင်ဆိုင်ထားသူဟု ပရိသတ်လက်ခံ အားပေးထားသည့် သရုပ်ဆောင်တစ်ဦးမှာ မော်ဒယ်လ်သရုပ်ဆောင် အေးမြတ်သူပင်ဖြစ်သည်။ သရုပ်ဆောင် အေးမြတ်သူသည် ၂၀၁၆ ခုနှစ်အတွင်းတွင် ဇာတ်ကားအများအပြား လက်ခံရိုက်ကူးခွင့်ရရှိခဲ့ပြီး မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်၊ မေထုန်ရာသီဖွား၊ ငဘဇာတ်ကားများဖြင့် ပရိသတ်များကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သူတစ်ဦးလည်း ဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းတွင် စတင်ထုတ်လွှင့် ပြသလျက်ရှိသည့် ‘မနေ့ကဖြစ်သည်

အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်နှင့် တွေ့ဆုံခြင်း

အနုပညာ လောကအတွင်း၌ အောင်မြင်သည့် အနုပညာရှင်များက မိမိတို့၏ အနုပညာဝါသနာဗီဇအား လက်ဆင့်ကမ်း သယ်ဆောင်မှုများ များစွာရှိပါသည်။ ယင်းသို့ အနုပညာဝါသနာကို လက်ဆင့်ကမ်း သယ်ဆောင်လာသူတစ်ဦးက အကယ်ဒမီ အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်ပင် ဖြစ်ပါသည်။ ဆယ်ကျော်သက် အရွယ်ကတည်းကပင် အဒေါ်ဖြစ်သူနှင့် ဆင်တူသည့် မျက်နှာဟန်ပန်၊ ချစ်စဖွယ် အမူအရာများဖြင့် မဂ္ဂဇင်းဂျာနယ် ကာဗာများတွင် ပါဝင်ခွင့်ရရှိကာ အင်္ဂလန်နိုင်ငံ၌ ဖက်ရှင်ဒီဇိုင်း သင်တန်းကျောင်းကို သွားရောက် လေ့လာဆည်းပူးနေသူ တစ်ဦးလည်းဖြစ်သည်။ ကျောင်းပညာရေးအား တစ်နှစ်နားကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဒါရိုက်တာ အောင်ဇော်လင်း ရိုက်

သရုပ်ဆောင် ပိုင်ဖြိုးသုနှင့် တွေ့ဆုံခြင်း

ဆယ်ကျော်သက်အရွယ်တွင် ပရိသတ်များနှင့် စတင်မိတ်ဆက်ခဲ့ပြီးနောက် အနုပညာလုပ်ငန်းများအား ခေတ္တရပ်နားခဲ့ကာ ပညာရေးပြီးဆုံးချိန်တွင် အနုပညာလုပ်ငန်းများ တစ်ကျော့ပြန် လုပ်ကိုင်လာသူတစ်ဦးမှာ သရုပ်ဆောင် ပိုင်ဖြိုးသု ပင်ဖြစ်ပါသည်။ သရုပ်ဆောင် တစ်ဦးအဖြစ် ပြန်လည် မိတ်ဆက်ခဲ့သည့် ‘စိုင်းစိုင်းကိုချစ်တယ် ဇာတ်ကားမှစတင်ကာ ထူးခြားသည့် ဇာတ်ကောင်စရိုက်များအား ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ် ပရိသတ် သတိထားမိစေခဲ့သူဖြစ်ကာ အနုပညာပျိုးခင်း (၂) ၏ စင်တင်သရုပ်ဆောင် တစ်ဦးအဖြစ် ရွေးချယ်ခံထားရသူလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် အတွင်းတွင် ဇာတ်ကားအများ

စတော့အိတ်ချိန်းနှင့် ပတ်သက်၍ ဦးစိုးသိန်းနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းဖွင့်လှစ်ခဲ့တာ တစ်နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ စတော့အိတ်ချိန်း မဖွင့်လှစ်ခင်မှာ အနေနဲ့ ရန်ကုန်စတော့အိတ်ချိန်းနဲ့ ပတ်သက်တဲ့ အလားအလာတွေ၊ အခြေအနေတွေကို တွေ့ဆုံမေးမြန်းခဲ့ပြီး အခုတစ်နှစ်ပြည့်မြောက်သွားချိန်မှာလည်း စတော့အိတ်ချိန်း လက်ရှိအခြေအနေ၊ ဈေးကွက်မတည်ငြိမ် ဖြစ်ရတဲ့အကြောင်းရင်းတွေကို မေးမြန်းထားပါတယ်။ ဒီလိုမေးမြန်းမှုကို ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို စတော့အိတ်ချိန်း တည်ထောင်ရာမှာ ပါဝင်ကူညီခဲ့သူတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။