Interviews

DJ Kendrick နှင့်တွေ့ဆုံခြင်း

Electronic Dance Music ဆိုတာက ဒီဘက်ခေတ် လူငယ်တွေကြားမှာ ပျံ့နှံ့စီးဝင်လာတဲ့ ဂီတရေစီးကြောင်းသစ် တစ်ခုလို့ ဆိုနိုင်ပါတယ်။ နှစ်စကစပြီး နှစ်ကုန်အထိ EDM Festival တွေ များစွာကျင်းပနေသလို ပွဲတိုင်းလိုလိုကိုလည်း မရိုးနိုင်ဘဲ လူငယ်အများအပြားက သွားရောက် ပါဝင်စီးမျောနေဆဲ ဖြစ်ပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးနှင့် တွေ့ဆုံခြင်း

အနုပညာနယ်ပယ်အတွင်းတွင် လူငယ်အနုပညာရှင်များစွာက စိတ်ကူးအိပ်မက်သစ်များစွာဖြင့် ထိုးဖောက် ၀င်ရောက်လျက်ရှိပြီး အနုပညာဖန်တီးမှု အရသာအသစ်များကိုလည်း ပရိသတ်များက စိတ်ဝင်စား အားပေးမှုများပြားလျက်ရှိပါသည်။ လတ်တလောတွင် ရဲရင့်အောင်၏ ‘လွမ်းလွန်းလို့’၊ နီနီခင်ဇော်၏ ‘သစ္စာမပျက်ကြေး’ အပါအ၀င် အောင်မြင်သည့် တေးသီချင်းများ၏ Music Video များစွာကို ရိုက်ကူးပုံဖော်ထားသူ လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးသည် ပထမဆုံး ရုပ်ရှင်ဇာတ်ကားအဖြစ် စိတ်ပိုင်းဆိုင်ရာ လျှို့ဝှက်သည်းဖို ‘ည’ ဇာတ်ကားကိုလည်း ပုံဖော်ထားသူတစ်ဦးဖြစ်သည်။ ၂၀၁၇ နှစ်ဆန်းပိုင်းတွင် ရန်ကုန်မြို့မှ လူငယ်များ၏ နေထိုင်မှုဘ၀များအား ပုံဖော်မည့် ‘Yangon In

အိပ်မက်ဆုံရာ ရာသက်ပန် Season 4 Winner ဆုရှင် ပိုင်မင်းဟိန်းနှင့် တွေ့ဆုံခြင်း

လူငယ်အများစု၏ စိတ်ကူးအိပ်မက်များထဲက ဂီတခရီးလမ်းအတွက် လှေကားထစ်တစ်ခုဟု ဆိုနိုင်သည့် သီချင်းဆိုပြိုင်ပွဲများက အရေအတွက်များများ၊ အရှိန်အဟုန်ပြင်းပြင်းဖြင့် ချီတက်လျက် ရှိနေပါသည်။ သီချင်းဆို ပြိုင်ပွဲများစွာတွင် ထင်ရှားသည့် ပြိုင်ပွဲတစ်ခုဖြစ်သော အိပ်မက်ဆုံရာ ရာသက်ပန် Season 4 ၏ Grand Final ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဆန်ခါတင် ပြိုင်ပွဲဝင်လေးဦး၏ အကြိတ်အနယ် ယှဉ်ပြိုင်မှုများအပြီးတွင် Winner ဆုကို ပိုင်မင်းဟိန်းက ရရှိသွားခဲ့ပါသည်။ နယ်မြို့ဇာတိဖြစ်သူ ပိုင်မင်းဟိန်းက ဂီတအိပ်မက်တစ်ခုအတွက် လမ်းကြောင်းသစ်တစ်ခုအဖြစ် လာရောက်ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲကာလတစ်လျှောက်တွင်လည်

DJ Wine နှင့် တွေ့ဆုံခြင်း

လူငယ်ပရိသတ်တွေကြားမှာ EDM Music တွေ ခေတ်စားလာသလို EDM Show ပွဲတွေလည်း များပြားလာခဲ့ပြီး ပွဲတိုင်းမှာ လူငယ်ပရိသတ်တွေ အများအပြား လာရောက်အားပေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာလူငယ်ပရိသတ်တွေကြားမှာ အောင်မြင်လာတဲ့ EDM Music ကို လူငယ်တွေကြား ခေတ်မစားခင်ကတည်းက လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သလို မကြာသေးခင်ကပဲ New World Music Video ကို ဖန်တီးခဲ့သူတစ်ဦးလည်းဖြစ်ပြီး ဒီဂျေ အနုပညာရှင်တစ်ယောက်အနေနဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့သူ DJ Wine နဲ့တွေ့ဆုံခိုက် သူ့ရဲ့ ဂီတ အနုပညာလှုပ်ရှားမှုတွေနဲ့ EDM Music အပေါ်အမြင်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ် . . .

 

‘၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ အမှတ်အများဆုံး ပထမဆုရှင် မထက်ယမင်းအောင်နှင့် တွေ့ဆုံခြင်း’

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ၂၀၁၆ ခုနှစ် ဇွန် ၁၁ ရက်တွင် တစ်နိုင်ငံလုံး၌ ထုတ်ပြန်ကြေညာခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၆၃၆၂၃၇ ဦး ၀င်ရောက် ဖြေဆိုခဲ့သည့်အနက် ၁၉၀၃၈၈ ဦး အောင်မြင်ခဲ့ရာ အောင်ချက်မှာ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်း ရှိခဲ့သည်။ ဂုဏ်ထူးရှင် ၄၇၀၂၄ ဦး ပေါ်ထွက်ခဲ့ပြီး ၎င်းတို့အနက် သိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမရရှိသူ မထက်ယမင်းအောင်အား ၂၀၁၆ ခုနှစ်အတွက် ထူးချွန်သည့် ကျောင်းသူတစ်ဦးအဖြစ် ၎င်း၏ကြိုးစား အားထုတ်ခဲ့ရပုံ အကြောင်း မျိုးဆက်သစ် ကျောင်းသားကျောင်းသူများ အားကျအတုယူဖွယ် ရေးသား ဖော်ပြအပ်ပါသည်။