Interviews

ထိုင်းမင်းသမီး Naam Whan Pilaiporn နှင့် တွေ့ဆုံခြင်း

ရုပ်ရှင်ဈေးကွက်၏ ရေစီးကြောင်း ပြောင်းလဲလာမှုနှင့်အတူ ပြည်ပမှအနုပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်စေ၍ ရုပ်ရှင်ဇာတ်ကား ဖန်တီးရိုက်ကူးမှုများ ရှိလာသည့်အပြင် ပြည်ပမှ ဒါရိုက်တာများ၊ အနုပညာရှင်များကလည်း မြန်မာနိုင်ငံ၏ လှပသည့် တောတောင်ရေမြေရှုခင်းများ၊ ယဉ်ကျေးမှုဓလေ့ စရိုက်များကို အခြေခံကာ ဇာတ်ကားများ ရိုက်ကူးဖန်တီးလာကြပါသည်။ ယင်းသို့ ပြည်ပမှ အနုပညာရှင် အတတ်ပညာရှင်များနှင့် ပြည်တွင်းမှ အနုပညာရှင်များ ပူးပေါင်း ဖန်တီးထားသည့် ဇာတ်ကားတစ်ကားဖြစ်သော ‘From Bangkok to Mandalay’ ရုပ်ရှင်ဇာတ်ကားမှာ အောက်တိုဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ပြသမည်ဖြစ်ကာ နိုဝင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံ၌ ပြသရန် စီစဉ်ထားပါသည်။ြ

အဆိုတော်ပန်းရောင်ခြယ်နှင့် တွေ့ဆုံခြင်း

အနုပညာနယ်ပယ်အတွင်း မိဘ၏ အနုပညာအမွေကို လက်ဆင့်ကမ်း သယ်ဆောင်လာသည့် မျိုးဆက်သစ် လူငယ်အနုပညာရှင်များစွာ ရှိပါသည်။ အဆိုပါ အနုပညာမျိုးဆက်သစ်များအနက် အဆိုတော်ဂရေဟမ်၏ သမီးဖြစ်သူ ပန်းရောင်ခြယ်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ Wake Up Daddy ဟု အမည်ပေးထားသည့် တေးစီးရီးတွင် ဖခင်ဖြစ်သူ အဆိုတော် ဂရေဟမ်နှင့် တွဲဖက်ကာ တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီးနောက် ပရိသတ် စတင်သတိထားမိစေခဲ့သူ ပန်းရောင်ခြယ်သည် လက်ရှိအချိန်တွင် ဖျော်ဖြေပွဲများ၌ ပါဝင်သီဆိုခွင့်ရရှိသည်အထိ ပရိသတ် လက်ခံအားပေးလျက်ရှိသည်။ လူငယ်မျိုးဆက်သစ် အဆိုတော် ပန်းရောင်ခြယ်နှင့် တွေ့ဆုံ၍ အောက်တိုဘာလကုန်တွင် ထွက်ရှိရန် ပြင်ဆင်လျက်ရှိသည့် Wake Up Daddy အမ်တ

Anti - MLM Campaign မှ ဦးဆောင်သူ ဦးဇင်ဇေလွင်နှင့် တွေ့ဆုံခြင်း

‘တချို့ MLM က လူတွေဆို တစ်လကို သိန်းသုံးရာ၊ သိန်းလေးရာကနေ သိန်းတစ်ထောင်ကျော် ၀င်တယ်ဆိုပြီး တရားဝင် ထုတ်ပြောတာတွေရှိတယ်။ အဲဒီလိုလူတွေသည် တကယ့်ကို ၀င်ငွေစာရင်း အမှန်ပြပြီး အခွန်ဆောင်ရဲ့လား’

အငြိမ်းစား တွဲဖက်ပါမောက္ခ၊ စိတ်ပညာဌာန (ရန်ကုန်အဝေးသင်တက္ကသိုလ်) မှ ဒေါ်သက်ထားဝင်းနှင့် တွေ့ဆုံခြင်း


ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့အမျှ လူငယ်အချို့ဟာ အပြန်အလှန်လေးစားမှု၊ လူမှုပေါင်းစည်းညီညွတ်မှုတွေ အားနည်းလာနေတာ၊ ပြဿနာတစ်ရပ်ကို မဆင်မခြင်ဖြေရှင်းတာတွေ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာအနေအထားပါ။ ဒါ့အပြင် လူမှုပြဿနာတွေကို ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့ နည်းတွေနဲ့ ပြင်းပြင်းထန်ထန် ဖြေရှင်းမှုတွေကို လုပ်ဆောင်နေကြတာဟာ ဒီနှစ်ပိုင်းတွေမှာ ပိုမိုပြီး ဆိုးရွားလာပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ လူငယ်တွေ ပါဝင်လာမှုနဲ့ ပတ်သက်ပြီး အငြိမ်းစားတွဲဖက်ပါမောက္ခ၊ စိတ်ပညာဌာန (ရန်ကုန်အဝေးသင်တက္ကသိုလ်) မှ ဒေါ်သက်ထားဝင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
 

ံHeal the World အဖွဲ့ရဲ့ Director Counsellor မသီရိနေ၀င်းနှင့် တွေ့ဆုံခြင်း


မြန်မာနိုင်ငံရဲ့ လက်ချိုးရေတွက်လို့ ရလောက်အောင် ရှားပါးလှတဲ့ Counsellor တွေထဲကမှ တစ်ယောက်ဖြစ်သူ Heal the World အဖွဲ့ရဲ့ Director တစ်ဦးလည်းဖြစ်တဲ့ မသီရိနေ၀င်းနဲ့ တွေ့ဆုံပြီး နှစ်သိမ့်၊ ဆွေးနွေး၊ အကြံပေးမှုတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Counsellor တစ်ယောက်ရဲ့ အခက်အခဲ၊ အတွေ့အကြုံနဲ့ ပတ်သက်တာတွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

“Counselling လုပ်ပေးတဲ့ ရည်ရွယ်ချက်ကိုက ကိုယ့် ကိုယ်ကိုယ် ပြန်မြင်နိုင်အောင် လုပ်ပေးဖို့ပဲ”

ံHeal the World အဖွဲ့ရဲ့ Director Counsellor မသီရိနေ၀င်းနှင့် တွေ့ဆုံခြင်း