Local

ကယန်းပြည်သစ်ပါတီ အတွင်းရေးမှုး ၁ ဗိုလ်မှူးကြီးစောလွင်၏ ရုပ်ကြွင်းအိုး မြှုပ်နှံခြင်း အခမ်းအနားပြုလုပ်

ကယန်းပြည်သစ်ပါတီ အတွင်းရေးမှုး ၁ ဗိုလ်မှူးကြီးစောလွင်၏ ရုပ်ကြွင်းအိုး ဂုဏ်ပြုမြှုပ်နှံခြင်း အစီအစဉ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးကျေးရွာရှိ ကယန်းပြည်သစ်ပါတီဌာနချုပ် ကယန်းအမျိုးသား အာဇာနည်ဗိမာန်တွင် ဧပြီ ၂၈ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗိုလ်မှုးကြီးစောလွင်အား မဟာမိတ် အဖွဲ့အစည်း အသီးသီးမှ တက်ရောက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့လာကြပြီး ဂုဏ်ပြုတပ်ဖွဲ့မှ အလေးပြုခြင်း လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ကြသည်ဟု သိရသည်။

ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရက လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသည်ဟုဆိုပါက ပြည်သူများအတွက် ပိုဆိုးကြောင်း လွှတ်တော်ကိုယ်စားလှယ် ထောက်ပြ

ဒဂုံမြို့သစ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် ရန်ကုန်တိုင်းအစိုးရက လုံခြုံရေးအရ စိုးရိမ်မှုများ ရှိနေသည်ဟုဆိုပါက ပြည်သူများအတွက် ပိုဆိုးကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်နှင့်ပတ်သက်သည့် အဆိုနှင့်ပတ်သက်၍ အဆိုတင်သွင်းသူ၏ သဘောထားမှတ်ချက် ပြန်လည်ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် YBS စနစ် မအောင်မြင်စေလိုသည့် ကိစ္စရပ်များ၌ နိုင်ငံရေး ပယောဂများ ပါဝင်နေကြောင်း တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော် ပြောကြား

လက်ရှိတွင် YBS စနစ် မအောင်မြင်စေသည့် ကိစ္စရပ်များ၌ နိုင်ငံရေးပယောဂများ ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဧပြီ ၂၇ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး၌ ဖြေကြားခဲ့ခြင်းဖြစ်သည်။

အမြန်လမ်းတွင် ဟိုက်ဂျက်ယာဉ်တစ်စီး ဘီးပေါက် တိမ်းမှောက်မှု ဖြစ်ပွားပြီး ကိုးဦး ဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲခန့်က ခရီးသည် ၁၀ ဦး လိုက်ပါလာပြီး ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာသည့် ဟိုက်ဂျက်ယာဉ်တစ်စီး ရှေ့ဘီးပေါက် တိမ်းမှောက်ရာမှ ခရီးသည် ၉ ဦး ထိခိုက်ဒဏ်ရာရရှိ သွားခဲ့ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သော YBS နှင့် ပတ်သက်သည့်အဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အတည်ပြု

လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဝေဖန်ထောက်ပြ ဆွေးနွေးခဲ့သည့် YBS နှင့် ပတ်သက်သည့် အဆိုအား ဧပြီ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အတည်ပြုခဲ့သည်။