Local

ဒဂုံအရှေ့မြို့နယ်၌ အငှားယာဉ်မောင်းအား ယာဉ်ပေါ်တွင် လက်ပြန်ကြိုးတုပ်ကာ ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည့် အမှုမှ ကျူးလွန်သူသုံးဦးကို သေဒဏ်ကျခံစေရန် အမိန့်ချ

ဒဂုံအရှေ့မြိုနယ်၌ အငှားယာဉ်မောင်းအား ယာဉ်ပေါ်တွင် လက်ပြန်ကြိုးတုတ်ကာ ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့သည့်အမှုမှ ကျူးလွန်ခဲ့သူ သုံးဦးအား ဇန်န၀ါရီ ၂၃ ရက်တွင် အရှေ့ပိုင်းခရိုင် တရားရုံး၌ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းတို့သုံးဦးအား အရှေ့ပိုင်းခရိုင် တရားရုံး၌ စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁)(ခ) အရ သေဒဏ်အသီးသီး ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ပြည့်စုံသည့် ရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်သွားမည်ဟု ကော်မရှင်ဥက္ကဋ္ဌ ပြောကြား

ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ပြည့်စုံသည့် ရွေးကောက်ပွဲဖြစ်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအတွက် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ သင်တန်းအား ဇန်န၀ါရီ ၂၃ ရက်က နေပြည်တော်ရှိ Grand Amera ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နှစ်ကာလ အဆက်ဆက် ရထားတွဲဆိုင်းအဟောင်းများ ၀ယ်ယူမှု အစီအစဉ် ရပ်ဆိုင်းခဲ့ပြီး တွဲဆိုင်းအသစ်များ ၀ယ်ယူပြေးဆွဲမှုကို ရန်ကုန်မြို့ပတ် ရထားစနစ်တွင် မကြာမီစတင်မည်

နှစ်ကာလ အဆက်ဆက် ရထားတွဲဆိုင်းအဟောင်းများ ၀ယ်ယူမှုကို ရပ်ဆိုင်းခဲ့ပြီး တွဲဆိုင်းအသစ်များ ၀ယ်ယူပြေးဆွဲမှုကို ရန်ကုန်မြို့ပတ် ရထားစနစ်တွင် မကြာမီ စတင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

မြန်မာ့မီးရထား အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက “တင်ဒါ ခေါ်ထားပြီးပါပြီ။ ဂျပန်က တွဲဆိုင်းတွေပါ။ မြို့ပတ်မှာ စတင်ပြေးဆွဲဖို့ တွဲဆိုင်း ၆၆ တွဲ ၀ယ်ယူမှာ ဖြစ်ပါတယ်” ဟု ဇန်န၀ါရီ ၂၃ ရက်က ရထားအန္တရာယ် ကင်းရှင်းရန် အသိပညာပေးရေး ဖွင့်ပွဲအစီအစဉ်အတွင်း မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားသည်။

အစိုးရသစ်လက်ထက်တွင် အခြေခံဥပဒေ၏ အနှစ်သာရဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့များ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာသည့်အတွက် ဒီမိုကရေစီ အာဏာရှင်ပုံစံ ဦးတည်လာကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

အစိုးရသစ်လက်ထက်တွင် အခြေခံဥပဒေ၏ အနှစ်သာရဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့များ အပြန်အလှန် ထိန်းကျောင်းမှု ယိမ်းယိုင်လာသည့်အတွက် ဒီမိုကရေစီ အာဏာရှင်ပုံစံ ဦးတည်လာကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးက ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဌာနချုပ်ရုံးခွဲတွင် ဇန်န၀ါရီ ၂၃ ရက်ကပြုလုပ်သည့် နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။

တန်ဖိုးနည်းအိမ်ခန်း ၂၂၀၀ အနက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲမည့် အိမ်ခန်း ၁၅၀၀ ကျော်ကို မကြာမီရောင်းချမည်

အစိုးရသစ်လက်ထက် ရက် ၁၀၀ အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တန်ဖိုးနည်း အိမ်ခန်း ၂၂၀၀ ကို အကောင်အထည်ဖော် တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါ  အခန်းပေါင်း ၂၂၀၀ အနက်မှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံခန့်ခွဲမည့် အိမ်ခန်း ၁၅၀၀ ကျော်ကို မကြာမီ ရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ အခန်းပေါင်း ၂၂၀၀ အနက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသည့် တန်ဖိုးနည်းအိမ်ခန်း ၆၀၀ ကျော်ကို ရောင်းချလျက်ရှိပြီဖြစ်ကြောင်း သိရသည်။