Local

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်တစ်ဦး သေနတ်ဒဏ်ရာရရှိ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်ကြပ်တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်တစ်ခု ဇူလိုင် ၁၉ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုဖြစ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များမှာ ပေါက်တောမြို့နယ် စစ်ကဲပြင် (ဘင်္ဂါလီရွာ) လုံခြုံရေးစခန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်းနှင့် ခရီးလမ်းတွင် ဒုရဲအုပ်မှ ရဲတပ်ကြပ်အား BA 94 သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပစ်ခံရသော ရဲတပ်ကြပ်၏ ချက်အထက် ၀မ်းဗိုက်တွင် ဖောက်ဝင် ဒဏ်ရာတစ်ချက် ရရှိခဲ့သည်ဟု သိရသည်။

ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေသည် မြို့နယ်အချို့တွင် ကျဆင်းနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီး၌ ရေဘေးဒုက္ခသည် ခုနစ်သောင်းကျော်အထိ ရှိလာ

ချင်းတွင်းမြစ်ရေနှင့် ဧရာဝတီမြစ်ရေသည် မြို့နယ်အချို့၌ ကျဆင်းနေသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေဘေးဒုက္ခသည် ခုနစ်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

ပေါက်တောမြို့နယ် သပြေကန်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အအုံ ၁၈ လုံးခန့် ပျက်စီး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ သပြေကန်ကျေးရွာတွင် ဇူလိုင် ၁၉ ရက် နေ့လယ်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့သဖြင့် အဆောက်အအုံ ၁၈ လုံးခန့် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် နှစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ဖမ်းဆီး ခံထားရကြောင်း သိရသည်။

City Cancer Challenge အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ ကင်ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့ ပူးပေါင်းလုပ်ဆောင်မည်

ကင်ဆာရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ လုပ်ဆောင်မည့် C/Can 2025း City Cancer Challenge အစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် နိုင်ငံတကာကင် ဆာရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေးအဖွဲ့ (The Union for International Cancer Control) တို့ ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် UICC တို့ပူးပေါင်း၍ ရန်ကုန်မြို့တွင် ကင်ဆာရောဂါကာကွယ်ရေး၊ စောစီးစွာရှာဖွေဖော်ထုတ် ကုသရေးလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်မည့် အလုပ်အမှုဆောင်အဖွဲ့၏ ပထမအကြိမ်အစည်းအဝေးကို ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။