Local

လယ်ယာမြေ သိမ်းဆည်းခံရမှုများအတွက် မည်သူမဆို လာရောက် တိုင်ကြားနိုင်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ကတိပေး

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေ သိမ်းဆည်းခံရမှုများအတွက် တိုင်ကြားစာ ကော်မတီ ဖွင့်လှစ်ထားပြီး မည်သူမဆို လာရောက် တိုင်ကြားနိုင်ပြီး ပွင့်လင်းမြင်သာစွာ စစ်ဆေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကတိပေး ပြောကြားသည်။

မတ် ၂၆ ရက် နံနက်က မုံရွာမြို့ ပြည်သူ့ဘောလုံးကွင်းတွင် ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယကကြီး ဦးတင်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ NLD တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးပါတီဝင်များ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ယာဉ် ၃၀၀ ကျော် လေလံတင်ရောင်းချရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထား

မွန်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် ဇန် န၀ါရီလမှ ဒီဇင်ဘာလကုန်ထိ ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၃၃၄ စီးကို လေလံတင် ရောင်းချနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

မတ် ၂၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တရားရုံးမှ နိုင်ငံပိုင် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များ မည်သို့ ပြုလုပ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးမြန်းထားမှုအပေါ် ၀န်ကြီးချုပ်က ယင်းကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။

မြ၀တီ-ကော့ကရိတ်​ အာရှလမ်းသစ်​တွင် ယာဉ်မ​တော်​တဆမှု မကြာခဏ ဖြစ်​ပွားသော နေရာများအား ပြေပြစ်သည့်​​ ရှောင်​ကွင်းလမ်းအဖြစ်​ လာမည့်​ဘဏ္ဍာနှစ်​တွင်​ စတင်​အ​ကောင်​အထည်​​ဖော်​ ဆောင်​ရွက်​မည်

မြ၀တီ-​ကော့ကရိတ်​ အာရှလမ်းသစ်​တွင်​ ယာဉ်မ​တော်​တဆမှု မကြာခဏ ဖြစ်ပွားသော နေရာများကို ​ပြေပြစ်သည့်​​ ရှောင်​ကွင်းလမ်းအဖြစ်​ လာမည့်​ဘဏ္ဍာနှစ်​တွင်​ စတင်​အ​ကောင်​အထည်​​ဖော်​ ဆောင်​ရွက်​မည်ဖြစ်ကြောင်း သိရသည်​။

ယခုနှစ်နွေရာသီတွင် စံချိန်တင်ပူပြင်းမှု မရှိနိုင်သော်လည်း အပူအန္တရာယ်ကို ခံစားရနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ပြောကြား

၂၀၁၇ ခုနှစ် နွေရာသီတွင် မြန်မာနိုင်ငံ၌ စံချိန်တင်ပူပြင်းမှုမရှိနိုင်သော်လည်း အပူအန္တရာယ်ကို ပြည်သူများခံစားရနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က မတ် ၂၅ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မန္တလေး ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် လိုင်စင်မဲ့ယာဉ်ပေါ်မှ ဗုံးပစ်လောင်ချာနှင့်တွဲလျက် သေနတ်တစ်လက် ဖမ်းဆီးရမိ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် စစ်ဆေးရေး စခန်းတွင် မတ်၂၆ ရက် နံနက် ၅ နာရီခွဲခန့်က လိုင်စင်မဲ့ယာဉ်ပေါ်မှ  ၄၀ မမ ဗုံးပစ်လောင်ချာနှင့်တွဲလျက် သေနတ်တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။