Local

မြင်းခြံဒီဂရီကောလိပ်မှ ကျောင်းသားတစ်ဦး ကျောင်းထုတ်ခံရ၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ပြီး ကျောင်းသားအချို့ ကျောင်းတွင်းလှုပ်ရှားမှု ပြုလုပ်

မြင်းခြံ ဒီဂရီကောလိပ်မှ ကျောင်းသားတစ်ဦးအား ပညာသင်ကြားခွင့်ရပ်စဲကာ ကျောင်းထုတ်ခဲ့သည့်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ပြီး ဖေဖော်ဝါရီ ၂၀ ရက်၌ ကျောင်းတွင်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်​မာ့ပိုင်​နက်​​မြေနှင့်​ လူ​နေအိမ်​များ​ မိုးရာသီ၌ ​ရေစီးနှင့်မျောပါ မသွား​စေရန်​ ထိုင်းဘက်ကမ်း မြေထိန်းနံရံကဲ့သို့ ​ပြုလုပ်​ရန်​ လိုအပ်​ဟုဆို

မြ၀တီမြို့ အမှတ်​ (၅) ရပ်​ကွက်​ သံတံတား ပြည့်​ဖြိုး​ဝေ စက်​သုံးဆီ အ​ရောင်းဆိုင်အနီး ​သောင်​ရင်းမြစ်​ တစ်​ဖက်ကမ်းတွင်​ ထိုင်းနိုင်​ငံဘက်​မှ ကမ်းထိန်းနံရံ တည်​​ဆောက်​မှုအား အရှိန်​အဟုန်​ဖြင့်​ လုပ်​​ဆောင်​လျက်ရှိရာ မြန်​မာနိုင်​ငံဘက်​မှလည်း မိုးမ​ရောက်​မီ ​ရေထိန်းနံရံ လုပ်​​ဆောင်​ဖို့​ လိုအပ်​​နေပြီဖြစ်​​ကြောင်း ​သောင်ရင်းကမ်းစပ်​​နေသူများထံမှ သိရသည်​။

အမြန်လမ်း၌ လူရှစ်ဦး သေဆုံးခဲ့သည့် ယာဉ်မီးလောင်မှု ဖြစ်စဉ်မှ ယာဉ်မောင်း အောင်ခန့်အား ပုဒ်မ ၃၀၄ (က) ဖြင့် စတင်တရားစွဲဆို

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လေးမိုင်နှစ်ဖာလုံခန့်တွင် Toyota Hiace ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး ရှစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ်မှ ယာဉ်မောင်း အောင်ခန့်အား လှည်းကူးမြို့နယ် တရားရုံး၌ ပုဒ်မ ၃၀၄ (က) ဖြင့် ဖေဖော်ဝါရီ ၂၀ ရက်က စတင်တရားစွဲဆိုခဲ့ကြောင်း လှည်းကူးမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါ ရုံးချိန်းတွင် ယာဉ်မောင်းဖြစ်သူ အောင်ခန့်အား လှည်ကူးမြို့နယ် တရားရုံး၌ တတိယအကြိမ် ရုံးထုတ်ကာ ပုဒ်မ ၃၀၄ (က) စတင်တရားစွဲဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားလိုပြသက်သေကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

JICA က YBS ဘတ်စ်ကား စီးနင်းသူများ၏ အခက်အခဲများနှင့် ပုဂ္ဂလိကပိုင်မှကုမ္ပဏီပြောင်းလဲရေး အခက်အခဲများကို လေ့လာ ဆန်းစစ်မည်

ဂျပန်နိုင်ငံ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) က YBS ဘတ်စ်ကား စီးနင်းသူများ၏ အခက်အခဲများနှင့် ပုဂ္ဂလိကပိုင်မှ ကုမ္ပဏီပြောင်းလဲရေး အခက်အခဲများကို လေ့လာ ဆန်းစစ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။

အငှားယာဉ်မောင်းကို သစ်သားတုတ်ဖြင့် ရိုက်နှက်ခဲ့သည့် YBS ယာဉ်နောက်လိုက်အား အမှုဖွင့်

မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ်မောင်းကို သစ်သားတုတ်ဖြင် ရိုက်နှက်ခဲ့သည့် YBS ယာဉ်နောက်လိုက် ဖြစ်သူကို အမှုဖွင့်ထားပြီး ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် ည ၇ နာရီခန့်တွင် မြောက်ဒဂုံမြို့နယ် ၅၀ ရပ်ကွက်နေ အငှားယာဉ်မောင်း ဦး....(၄၇ နှစ်)သည် ၎င်း၏ယာဉ်ကို ပြည်ထောင်စုလမ်းအတိုင်း တောင်ဒဂုံမြို့နယ်ဘက်မှ မြောက်ဒဂုံမြို့နယ်ဘက်သို့ မောင်းနှင်လာရာ မြောက်ဒဂုံမြို့နယ် ၅၀ ရပ်ကွက် ဇေယျာမင်း ကားဂိတ်ဟောင်း အနီးအရောက်ကားကို ခေတ္တရပ်နားထားခဲ့ကြောင်း သိရသည်။