Local

ကျောက်ဖြူမြို့ရှိ ရှေးဟောင်း အဆောက်အအုံ သုံးခုအနက် ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်၏ နေအိမ်မှာ ထိန်းသိမ်းပြုပြင်မှု အားနည်းခြင်းကြောင့် ယိုယွင်းပျက်စီးလာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အတွင်း အင်္ဂလိပ် အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော ရှေးဟောင်း အဆောက်အအုံ သုံးခုရှိပြီး ကျောက်ဖြူခရိုင်၊ ခရိုင်ဝန်အဖြစ် တာဝန်ထမ်းဆောင်စဉ် နေထိုင်ခဲ့သည့် ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး မောရစ်ကောလစ်၏ နေအိမ်မှာ ထိန်းသိမ်းပြုပြင်မှု အားနည်းခြင်းကြောင့် ယိုယွင်းပျက်စီးလာကြောင်း သိရသည်။

အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအချို့တွင် နှစ်စဉ် ကြက်ငှက်တုပ်ကွေးရောဂါ (H5 N1) ဖြစ်ပွားမှုရှိလာပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီအထိ ကူးစက်ခံရမှု ၈၅၀ ကျော်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ထုတ်ပြန်

၂၀၀၃ ခုနှစ်မှစပြီး အာရှနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံအချို့တွင် နှစ်စဉ်ကြက်ငှက်တုပ်ကွေး (H5 N1) ရောဂါဖြစ်ပွားမှု ရှိလာပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မှတ်တမ်းများအရ (H5 N1) လူကို ကူးစက်မှုရှိကြောင်း သတင်းပေးပို့မှုရှိခဲ့သည့် နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ကူးစက်ခံရမှု ၈၅၆ ကြိမ်၊ လူသေဆုံးမှု ၄၅၂ ဦး ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအား ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းထဲတွင် ထည့်သွင်းထားခြင်းသည် မဖြစ်သင့်ဘဲ သီးသန့်အစီအစဉ် တစ်ခုအဖြစ် လွှတ်တော်သို့ ချပြသင့်ဟုဆို

ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအား ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းထဲတွင် ထည့်သွင်း ထားခြင်းသည် မဖြစ်သင့်ဘဲ သီးသန့်အစီအစဉ် တစ်ခုအဖြစ် လွှတ်တော်သို့ ချပြသင့်ကြောင်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် မြစ်ဝကျွန်းပေါ်ကဲ့သို့ မြေနိမ့်ပိုင်း ဧရိယာများတွင် လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက် နစ်မြုပ်နိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာ တစ်စောင်၌ဖော်ပြ

ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ကဲ့သို့သော မြေနိမ့်ပိုင်း ဧရိယာများတွင် လက်ရှိကမ်းခြေမှ ကုန်းတွင်း ၁၀ ကီလိုမီတာအထိ ရေအောက်သို့ နစ်မြုပ်နိုင်ဖွယ်ရှိကြောင်း “မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှု အခြေအနေ” အစီရင်ခံစာက ခန့်မှန်းထားသည်။

ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာ အရှေ့တွင် တရားမ၀င်နွားများ တင်ဆောင်လာသဖြင့် ဖမ်းဆီးစစ်ဆေး

ကယားပြည်နယ် ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာရှေ့တွင် မတ်၂၅ ရက် နံနက် ၁ နာရီခွဲခန့်က နွားများအား ကားဖြင့်တင်ဆောင်လာသည်ဟု သတင်းရသောကြောင့် တားမြစ်စစ်ဆေးရာ တရားမ၀င်နွားများ တင်ဆောင်လာသဖြင့် စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။