Local

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်မှ ကျူးကျော်များကို ပြောင်းရွှေ့နေရာချပေး

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်အတွင်း ကျူးကျော်နေထိုင်ကြသည့် အိမ်ထောင်စု ၂၁၃ စုအနက် ၁၂၀ ကျော်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စတင်ပြောင်းရွှေ့ နေရာ ချထားပေးလျက်ရှိကြောင်း သိရသည်။

ကျူးကျော်အိမ်ထောင်စုများကို မင်းဂံရပ်ကွက်၌ အစိုးရအဖွဲ့အကူအညီဖြင့် မြေခြောက်ဧကကို ခွဲဝေ နေရာ ချထားပေးနေခြင်း ဖြစ်ကြောင်း၊ ယခင်ကလည်း ထိုသို့ကျူးကျော် နေအိမ်များကို နေရာချထားပေးခဲ့ခြင်းများ ရှိခဲ့ကြောင်းနှင့် ကျူးကျော်နေထိုင်သူများအား ဖယ်ရှားကာ ယင်းနေရာတွင် စစ်မှုထမ်းဟောင်းများအတွက် နေအိမ်များ ဆောက်လုပ်ပေးသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

တောဆင်ရိုင်း ရန်ပြုမှုအန္တရာယ် စိုးရိမ်ရသဖြင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းမှုများ ရှိနေ

တောဆင်ရိုင်း ရန်ပြုမှုအန္တရာယ် စိုးရိမ်ရသဖြင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်းမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ သာပေါင်းမြို့နယ် ဆင်ကူးရွာဟောင်း၌ တောဆင်ရိုင်း ရန်ပြုမှုအန္တရာယ်ကြုံတွေ့ခဲ့ပြီးနောက် အဆိုပါကျေးရွာမှ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နီးစပ်ရာ ကျေးရွာအချို့မှဒေသခံများမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေခြင်းဖြစ်သည်။

လူမှုကွန်ရက်တွင် ဝေဖန်မှုများရှိနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ယကြီး ရေလှောင်ကန် မြေသားတမံ အက်ကွဲလာခြင်းကို အချိန်မီပြင်ဆင်နေကြောင်း ဆည်မြောင်းဦးစီးဌာန ပြောကြား

လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ယကြီး ရေလှောင်ကန်၏ ဒုတိယမြေသားပေါင် အက်ကွဲနေမှုအား ဧပြီ ၂၃ ရက်တွင် စက်ယန္တရားများဖြင့် ပြန်လည်ပြုပြင်နေပြီဖြစ်ကြောင်း ရပ်စောက်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောလမုန်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နေဟု မကွေးတိုင်းဒေသကြီးဝန်ကြီး ပြောကြား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်အတွင်း ဧပြီ ၂၂ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် ၂၀၀ ကျော် အပါအ၀င် အခြားအဆောက်အဦးများ ပျက်စီးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နေပြီဟု သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်၊ စွမ်းအင်ဝန်ကြီးဌာနမှ တိုင်းဒေသကြီး ၀န်ကြီးဦးမြင့်ဇော်က ပြောကြားသည်။

ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသော သဘာဝပတ်ဝန်းကျင်အား ပြန်လည်ပြုပြင်ပေးရန် ဒေသခံများ လိုလား

ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရွှေတူးဖော်မှုကြောင့် ပျက်စီးသွားသော သဘာဝပတ်ဝန်းကျင်အား ပြန်လည်ပြုပြင်ပေးရန် ဒေသခံရွာသားများ လိုလားလျက်ရှိကြောင်း သိရသည်။