Local

နေပြည်တော်တွင် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန္နက်တင် အခမ်းအနား နိုင်ငံတော်သမ္မတ တက်ရောက်

နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် နိုင်ငံ့ဝန်ထမ်းအိမ်ရာ ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး အနီးရှိ အိမ်ရာဆောက်လုပ်မည့် မြေနေရာ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ခဲ့ကာ မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ဥပဒေနှင့် မညီသည့် မြို့ဝင်ကြေး ကောက်ခံနေမှုများကို ဘဏ္ဍာနှစ်ကုန်အထိ ခွင့်ပြုမည်ဟု ပြောကြားချက်အပေါ် ဥပဒေအတိုင်းသာ ဖြစ်စေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ဥပဒေနှင့် မညီသည့် မြို့ဝင်ကြေး ကောက်ခံနေမှုများကို ဘဏ္ဍာနှစ်ကုန်အထိ ခွင့်ပြုမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး၏ ပြောကြားချက်အပေါ် ဥပဒေအတိုင်းသာ ဖြစ်စေရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

MPT ၏ LTE+ ကွန်ရက်ကို လက်ရှိတွင် ၇၂ မြို့နယ်၌ ရရှိနေပြီး လာမည့်သြဂုတ်လအတွင်း မြို့ကြီးခြောက်မြို့တွင် ထပ်မံရရှိမည်

MPT ၏ LTE+ ကွန်ရက်ကို လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ၇၂ မြို့နယ်၌ ရရှိနေပြီး လာမည့်သြဂုတ်လအတွင်း မြို့ကြီးခြောက်မြို့တွင် ထပ်မံရရှိမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။

သြဂုတ်လအတွင်း ထပ်မံရရှိမည့်မြို့များမှာ ကချင်ပြည်နယ်မှ မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့၊ ကယားပြည်နယ်မှ လွိုင်ကော်မြို့၊ ကရင်ပြည်နယ်မှ ဘားအံမြို့၊ မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နှင့် ရှမ်းပြည်နယ်မှ ကျိုင်းတုံမြို့တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် အထူးကုန်စည်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့

နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် အထူးကုန်စည်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် အထူးကုန်စည်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ရေသန့်ဘူးများအတွင်း ရောဂါပိုးတစ်မျိုး တွေ့ရှိသောကြောင့် ထုတ်လုပ်ရောင်းချခွင့် ခြောက်လပိတ်ပင်ခဲ့သော်လည်း လိုက်နာမှုမရှိသည့် ကောင်းသန့်ရေသန့်လုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တရားစွဲမည်

ပုသိမ်မြို့တွင် ထုတ်လုပ်ကာ ဧရာဝတီတိုင်းဒေသကြီးတွင်း ဖြန့်ဖြူးရောင်းချနေသည့် ကောင်းသန့် ရေသန့်ဘူးများအတွင်း သောက်သုံးရန်မသင့်သည့် Coliform ရောဂါပိုးတစ်မျိုး တွေ့ရှိရသောကြောင့် ထုတ်လုပ်ရောင်းချခွင့်ခြောက်လ ယာယီပိတ်ပင်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ဆက်လက်ရောင်းချနေသည့် ကောင်းသန့်ရေသန့်လုပ်ငန်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရက တရားစွဲဆိုမည် ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဇူလိုင် ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။