News

NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူငယ်ရေးရာ တာဝန်ရှိသူများ၏ Facebook Account များ မကြာခဏ ဖျက်ဆီးခံလာရ

ရွေးကောက်ပွဲအချိန် နီးကပ်လာချိန်တွင် NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူငယ်ရေးရာ တာဝန်ရှိသူများ၏ Facebook Account များ မကြာခဏ အမည်မသိသူများ၏ Report ထု ဖျက်ဆီးခံရမှုများကို ကြုံတွေ့လာရကြောင်း သတင်းရရှိသည်။
 

တရားစွဲခံရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူနှစ်ဦး၏ ရုံးချိန်းတွင် လိမ္မော်ရောင် ဖဲကြိုးလှုပ်ရှားမှု ပြုလုပ်

 
လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲခံထားရသော အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ကိုသူဇော်ကြည်ဝင်းနှင့် ကိုနိုင်ဇော်ကြည်ဝင်းတို့အား စက်တင်ဘာ ၁၅ ရက် ရန်ကင်းတရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးနှင့် မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ လိမ္မော်ရောင်ဖဲကြိုးကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
 

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်ပေးရန် လျှောက်ထားမှု ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် တရားလွှတ်တော်သို့ ဆက်လက်လျှောက်ထားမည်

လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရှင်လွှတ်ပေးရန် တာမွေတရားရုံးတွင် ၃၂ နှစ်ကြိမ်မြောက်ရုံးချိန်း၌ လျှောက်ထားခဲ့ရာ အမှုအား လွဲမှားစွာ လျှောက်ထားသည်ဟုဆိုကာ တာမွေတရားရုံးမှ ပယ်ချခဲ့သောကြောင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် တရားလွှတ်တော်တွင် ဆက်လက်လျှောက်ထားမည်ဖြစ်ကြောင်း ၂၀၁၅ စက်တင်ဘာ ၁၅ ရက်တွင် လန်ဒန်ဆရာတော်က မိန့်ကြားသည်။
 

မြို့နယ်ရဲတပ်ဖွဲ့မှူးအား အရေးယူပေးရန် လျှောက်တင်မှု ပလပ်ခံရသဖြင့် ခရိုင်တရားရုံးသို့ ပြင်ဆင်မှုတက်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာယူရာတွင် သတ်မှတ်စည်းကမ်းရက် ကျော်လွန်သည့်တိုင် မပေးသဖြင့် လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားမည်

 
ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေက တရားလိုဖြစ်သော လက်ပံတန်းမြို့နယ် ရဲတပ်ဖွဲ့မှူး  ရဲမှူးဖုန်းမြင့်နှင့် ဒုရဲမှူးစန်းမြင့် မြို့နယ်တရားရုံးက ပလပ်ခဲ့သဖြင့် သာယာဝတီခရိုင် တရားရုံးသို့ အမှုပြင်ဆင်မှုတက်ရန် ရှေ့နေကိုယ်စားလှယ်လွှဲစာ ရယူသော်လည်း သာယာဝတီအကျဉ်းထောင်က သတ်မှတ်စည်းကမ်းရက် ကျော်လွန်သည့်တိုင် မပေးသေးသဖြင့်  မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့ တိုင်ကြားမည်ဟု ကျောင်းသားများ၏ ဥပဒေအကျိုးဆောင်  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောကြားသည်။
 

နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ ယနေ့တွေ့ဆုံမည်

          တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်ချုပ်ဆိုမှုအပြီး ရက်ပေါင်း ၆၀ အတွင်း ပြုလုပ်ရန်စီစဉ်ထားသော နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးရန် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက စက်တင်ဘာ ၁၄ ရက် (ယနေ့) တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။