News

အဇာဘိုင်ဂျန် ဂျာနယ်လစ် ၂၀၁၆ ယူနက်စကို/ဂွီလာမိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု ရရှိ

အဇာဘိုင်ဂျန်နိုင်ငံမှ စုံစမ်းထောက်လှမ်းမှုဆိုင်ရာ ဂျာနယ်လစ် ခါဒီဂျာအီစမာယီလိုဗာသည် ၂၀၁၆ ယူနက်စကို/ဂွီလာမိုကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုအတွက် ရွေးချယ်ခံရကြောင်း သိရသည်။

မီဒီယာ ပရော်ဖက်ရှင်နယ်များ ပါဝင်သော လွတ်လပ်သော နိုင်ငံတကာ ဒိုင်လူကြီးအဖွဲ့က ခက်ခဲသော အခြေအနေရပ်များအတွင်း စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ထူးချွန်စွာ ထည့်ဝင်ခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် အီစမာယီလိုဗာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

သင်္ကြန်ကာလတွင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်သို့ လူနာ ၈၆၀ ခန့် ရောက်ရှိသည့်အနက် ၃၀၀နီးပါးမှာ ယာဉ်မတော်တဆမှုကြောင့်ဖြစ်

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန် ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာ အထူးကုဌာနသို့ ရေကစားမှုအပြင် အခြား ထိခိုက်ဒဏ်ရာကြောင့် ရောက်ရှိခဲ့သည့် လူနာဦးရေ ယခင်နှစ်ထက် လူနာ ၁၃၀ ကျော် ပိုများခဲ့ပြီး ယခုနှစ်အတွင်း လူနာဦးရေ ၈၆၀၊ သေဆုံးလူနာ သုံးဦးရှိခဲ့ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာအေးကိုကို၏ ပြောကြားချက်အရ သိရသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်မှ တူးဖော်သည့် ပဉ္စမမြောက်ရေတွင်းတွင် ရေမှုတ်တင်နိုင်ရန် ပြင်ဆင်


Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်က နှစ်စဉ်သောက်သုံးရေ အခက်အခဲကြုံတွေ့ရလေ့ရှိပြီး ယခုလက်ရှိ လက်နှိပ်တုန်ကင်တွင်း တစ်တွင်းတည်းကိုသာ အိမ်ခြေ ၁၈၀ က မှီခိုနေရသော မကွေးမြို့နယ် မြင်ကွန်းမြို့ဟောင်းနှင့် နှစ်မိုင်အကွာ ရှင်အဇ္ဇဂေါဏဓာတ်လုံး ပေါက်ခဲ့သည့် လှိုဏ်ဂူအနီး အင်းကုန်းကျေးရွာ အ၀ီစိစက်ရေတွင်းမှ ပေ ၄၀၀ တွင် ရေတွေ့ရှိပြီး ရေမှုတ်တင်နိုင်ရန် ဧပြီ ၁၀ ရက် က အကာပိုက်များချခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွက် သင်္ကြန်ဗီဒီယိုဇာတ်ကား နှစ်ကားသာ ထွက်ရှိပြီး သုံးနှစ်အတွင်း သင်္ကြန်ဇာတ်ကားထွက်ရှိမှု အနည်းဆုံးနှစ်ဖြစ်ကြောင်း သိရ

ယခုနှစ်အတွက် သင်္ကြန်ဗီဒီယိုဇာတ်ကား နှစ်ကားသာထွက်ရှိခဲ့ပြီး သုံးနှစ်တာကာလအတွင်း သင်္ကြန်ဗီဒီယိုဇာတ်ကား ထွက်ရှိမှုအနည်းဆုံးနှစ် တစ်နှစ်ဖြစ်ကြောင်း ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းများမှ သိရသည်။

၂၀၁၆ ခုနှစ် သင်္ကြန်ကာလမတိုင်မီတွင် ပထမဆုံး သင်္ကြန်ဗီဒီယိုဇာတ်ကားဖြစ်သည် ရွှေစန္ဒာမင်း ထုတ်လုပ်ရေးမှ ရိုက်ကူးခဲ့သည့် “ပိတောက်ပွင့်သောအိမ်” ဇာတ်ကား ဖြစ်သည်။ ယင်းဇာတ်ကားကို နယ်မြို့များတွင် မတ် ၁၄ ရက်က ဖြန့်ချိခဲ့ပြီး မတ် ၂၅ ရက်တွင် ရန်ကုန်၌ ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

မတ်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုကြောင့် လူ ၄၉၀ ကျော် သေဆုံးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် လူသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်

ပြီးခဲ့သည့်မတ်လအတွင်း တစ်နိုင်ငံလုံး၌ ယာဉ်မတော်တဆမှုကြောင့် လူ ၄၉၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယင်းတစ်လတာအတွင်း နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး ပြည်နယ်များအနက် ယာဉ်မတော်တဆမှုပေါင်း ၁၄၈၅ မှု ဖြစ်ပွားခဲ့ပြီး ၂၅၇၆ ဦးဒဏ်ရာရရှိခဲ့ကာ ၄၉၈ ဦး သေဆုံးခဲ့သည်။