News

အမေရိကန် သမ္မတ အိုဘားမား က သမ္မတ ဦးထင်ကျော် ထံ တယ်လီဖုန်းဆက်၍ ချီးကျူးဂုဏ်ပြု

အမေရိကန် သမ္မတ အိုဘားမားအနေဖြင့် နိုင်ငံတော် သမ္မတဦးထင်ကျော်ထံ ဧပြီ ၆ ရက် ည ၉ နာရီ အချိန်ခန့်က တယ်လီဖုန်းဆက်၍ ချီးကျူး ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရအား မြန်မာပြည်သူလူထုက အားပေး ထောက်ခံ နေသကဲ့သို့ အမေရိကန်ပြည်ထောင်စုကလည်း အားပေး ကူညီ ပံ့ပိုးပေး သွား မည် ဟု ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်က တူးဖော်လှူဒါန်းသည့် စတုတ္ထမြောက် အ၀ီစိစက်ရေတွင်းမှ ရေစမ်းသပ်မှုတ်တင်မှု အောင်မြင်

Eleven Media Group နှင့် စေတနာရှင် အလှူရှင်များ ရေလှူဒါန်းမှုအစီအစဉ်က  နှစ်စဉ်သောက်သုံးရေ အခက်အခဲ ကြုံတွေ့ရလေ့ရှိပြီး ယခုနှစ်တွင် သောက်သုံးရေပြတ်လပ်မည့် အခြေအနေ ဖြစ်ပေါ်နေသည့် အိမ်ခြေ  ၄၀၀ ခန့်ရှိ မင်းဘူးမြို့နယ် ခရုကန်ကျေးရွာ၌ တူးဖော်လှူဒါန်းသော အ၀ီစိစက်ရေတွင်းမှ ဧပြီ ၆ ရက်က မြေအောက်ပေ ၅၆၀ အရောက်တွင် ရေတွေ့ရှိကာ အကာပိုက်များချ၍ ရေစမ်းသပ်မှုတ်တင်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ယာဉ်ယန္တရားတင်သွင်းမှုကိစ္စ စုံစမ်းစစ်ဆေးမှု သတင်းရေးသားဖော်ပြခြင်းအတွက် ကချင်ပြည်နယ် စီမံ/စီးပွားဝန်ကြီးဟောင်း ဒေါက်တာခင်မောင်ထွန်းက ပုဒ်မ ၅၀၀ ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားမှု တတိယမြောက်ရုံးချိန်း Eleven Media Group သတင်းစာ၏

ဖားကန့်တွင် ယာဉ်ယန္တရားတင်သွင်းမှုကိစ္စ စုံစမ်းစစ်ဆေးမှု သတင်းရေးသားဖော်ပြခြင်းအတွက် ကချင်ပြည်နယ် စီမံ/စီးပွားဝန်ကြီးဟောင်း ဒေါက်တာခင်မောင်ထွန်းက ပုဒ်မ ၅၀၀ ဖြင့် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားမှု တတိယမြောက်ရုံးချိန်း Eleven Media Group သတင်းစာ၏ တာဝန်ခံအယ်ဒီတာနှင့် အကြီးတန်းသတင်းထောက်တို့အတွက် ရှေ့နေပါဝါတင်

ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသည့် တကသကျောင်းသားခေါင်းဆောင် ငါးဦးကို ကျောက်တံတားမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်

အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသ) ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသားနှင့် ကိုမင်းသူကျော်တို့ကို ဧပြီ ၆ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့ ရုံးချိန်းတွင် ပုဒ်မ ၁၈ နှင့်ပတ်သက်၍ တရားလိုမြို့နယ်ရဲတပ်ဖွဲ့မှူးအား စစ်ဆေးရန် ချိန်းဆိုထားသော်လည်း စွပ်စွဲခံရသူများက ပုဒ်မ ၁၈ အား ဆက်လက် သပိတ်မှောက်သဖြင့် တရားလိုအား မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ပြည်လမ်းမပေါ် ဆောက်လုပ်မည့် မဏ္ဍပ်များတွင် လက်မှတ်များကို Member ပုံစံဖြင့် ၀ယ်ယူကာ ရေကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်နှစ်ထက် ဈေးနှုန်းနှစ်ဆ မြင့်တက်နေ

ပြည်လမ်းမပေါ်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များတွင် လက်မှတ်များကို Member ပုံစံဖြင့် ၀ယ်ယူကာ ရေကစားခွင့်ပြုမည်ဖြစ်ပြီး ယခင်နှစ်ထက် ဈေးနှုန်း နှစ်ဆမြင့်တက်နေကြောင်း သိရသည်။

“ညီမတို့က မဏ္ဍပ်ဆောက်ဖြစ်တယ်။ လက်မှတ်ကလည်း မရောင်းရဘူးလို့ စည်းကမ်းချက်ထဲမှာ လက်မှတ်ထိုးထားတော့ ညီမတို့က လက်မှတ်တော့ မရောင်းဘူး။ ဒါပေမဲ့ မရောင်းလို့လည်း အဆင်မပြေဘူးလေ။ ညီမတို့မှာ မြေငှားခချည်းပဲ ၅ ရက်ကို သိန်း ၁၃၀၀ ပေးထားရတယ်။ အဲဒီတော့ Member ပုံစံနဲ့ပဲ ၀ယ်လို့ရအောင် လုပ်ပေးထားတယ်။ လက်မှတ်က လောလောဆယ်မှာ ရှစ်သောင်းပေါက်ပါတယ်” ဟု ပြည်လမ်းတွင် မဏ္ဍပ်ဆောက်လုပ်မည့် စီစဉ်သူတစ်ဦးက ဆိုသည်။