News

နိုင်ငံရေးအကျဉ်းသား မရှိသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် အစိုးရသစ် အကောင်အထည်ဖော်မည်ဟု ယုံကြည်ကြောင်း ဗကသကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ပြောကြား

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြမှုဖြင့် မြို့နယ်တရားရုံး အသီးသီးတွင် တရားစွဲခံထားရသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် (ဗကသ) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကျော်ကိုကိုအား ဧပြီ ၄ ရက် တွင် တာမွေမြို့နယ် တရားရုံးနှင့် ဗိုလ်တထောင်မြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် (ဗကသ) ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက နိုင်ငံရေးအကျဉ်းသား မရှိသည့် ဒီမိုကရေစီနိုင်ငံဖြစ်ရန် လက်ရှိအစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်များအတွက် အကယ်ဒမီထူးချွန်ဆုများ ပေးအပ်ခဲ့ပြီး ပထမဆုံးအကြိမ် ဆွတ်ခူးသူများ ပါဝင်သကဲ့သို့ ထပ်ဆင့်အကယ်ဒမီဆုအဖြစ် ရရှိသူများလည်း ပါဝင်

၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များအတွက် အကယ်ဒမီထူးချွန်ဆုများကို ရွေးချယ်ပေးအပ်ခဲ့ပြီး ပထမဆုံးအကြိမ် ဆွတ်ခူးသူများ ပါဝင်သကဲ့သို့ ထပ်ဆင့်အကယ်ဒမီဆုအဖြစ် ရရှိသူများလည်း ပါဝင်ခဲ့သည်။ နှစ်နှစ်စာ ပေးအပ်ခဲ့သည့် အကယ်ဒမီဆုပေးအပ်ပွဲကို ဧပြီ ၃ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ MEP ၌ ပြု လုပ်ခဲ့ခြင်းဖြစ်သည်။ အပူချိန်မြင့်မားသည့် အချိန်ကာလတွင်ပြုလုပ်ခြင်း၊ မူလကျင်းပနေကျအချိန် မဟုတ်ဘဲ အစိုးရသစ် အပြောင်းအလဲပြုလုပ်ခဲ့သည့် ဧပြီလဆန်းမှသာ ပြုလုပ်ခဲ့သဖြင့် ပြည်သူအများမှာ နိုင်ငံရေးအကြောင်းအရာများတွင်သာ စိတ်ပါဝင်စားမှုများပြားနေခြင်း၊ မကြာမီရက်ပိုင်းတွင်ပင် မြန်မာနှစ်သစ်သင်္ကြန်ကာလ ရောက်ရှိတော့မည်ဖြစ်သောကြောင့် သင်္ကြန်က

ခြောက်နှစ်ကြာ အဖြေရှာမရခဲ့တဲ့ X2O သင်္ကြန်ရေကစားမဏ္ဍပ် ဗုံးကွဲမှုပုစ္ဆာ

၂၀၁၀ ပြည့်နှစ် မြန်မာနှစ်ကူးကာလ ဧပြီ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) က ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ်တစ်ခုရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားရာ ရေကစားနေကြသူအချို့ သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက်တွင် အမျိုးသားတစ်ဦးက ဇနီးဖြစ်သူအား ဓာတ်ဆီလောင်းပြီး မီးရှို့

ဧပြီ ၂ ရက် နံနက်ပိုင်း ၈ နာရီအခန့်တွင် မုံရွာမြို့ ရွှေဇလုပ်ရပ်ကွက်တွင် အသက်  ၂၆ နှစ်အရွယ် ပန်းရန်လုပ်သားတစ်ဦးက ၎င်း၏ ဇနီးဖြစ်သူ အသက် ၂၇ အရွယ်အား ဓာတ်ဆီလောင်းပြီး မီးရှို့မှုတစ်ခု ဖြစ်ပွားခဲ့ရာ မီးလောင်ဒဏ်ရာများရရှိပြီး မုံရွာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ စိုးရိမ်ရသဖြင့် မန္တလေးမြို့ ဆေးရုံသို့လွှဲပြောင်း ကုသရန် စီစဉ်နေလျက်ရှိကြောင်း မုံရွာမြို့နယ်မြေ ရဲစခန်းနယ် ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုင်းစိုင်းမင်းမင်းဇော်ထံမှ သိရသည်။

လေပွေလှိုင်းများကြောင့် ဒေသအချို့တွင် မိုးရွာသွန်းနိုင်

အနောက်ဘက်မှ ရွေ့လျားလာသော  လေပွေလှိုင်းများကြောင့် မြန်မာနိုင်ငံ ဒေသအနှံ့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မိုးရွာသွန်းနိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများသည် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ဖြစ်ကြောင်း သိရသည်။