News

၁၅ နှစ်နှင့်အထက် အလုပ်လုပ်သူ ၂၁ သန်းကျော်အနက် ၈ ဒသမ ၆ သန်းခန့်မှာ အသေးစား ကိုယ်ပိုင်လုပ်ငန်းကို တစ်ဦးတည်း လုပ်ကိုင်နေသူများဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက၀န်ထမ်းဦးရေထက် ပိုများ

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်သူဦးရေ ၂၁ သန်း ကျော်ရှိသည့်အနက် ၈ ဒသမ ၆ သန်းခန့်မှာ အသေးစား ကိုယ်ပိုင်လုပ်ငန်းငယ်များကို တစ်ဦးတည်း လုပ်ကိုင်နေသူများဖြစ်ကြောင်း  ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၊ ပြည်ထောင်စု (အလုပ်အကိုင်နှင့် လုပ်ငန်း) သန်းခေါင်စာရင်း အစီရင်ခံစာအတွဲ ၂-ခ အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းမည်

ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ထားရှိရန် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရန်ရှိကြောင်း သိရှိရပါသည်။

ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွန့်က တင်သွင်းမည်ဟု ကနဦး သတင်းရရှိပါသည်။

အဆိုပါ ဥပဒေကြမ်းတွင် အခန်းငါးခန်း ပါဝင်ပြီး အခန်း(၃) တွင် "၂၀၁၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ ယုံကြည်အားကိုးမှုဖြင့် တစ်ခဲနက် ထောက်ခံမဲ ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စု လွှတ်တော်က တာဝန်ပေးအပ်သည်"ဟု ဖော်ပြခဲ့ပါသည်။

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်း ၁၁၄ လိုင်းမှ ယာဉ်အစီးရေ ၁၆၃၈ စီး ပြေးဆွဲမည်ဖြစ်ပြီး ယာဉ်စီးခ ပိုမိုတောင်းခံပါက အရေးယူမည်ဟု မထသ (ဗဟို) ထုတ်ပြန်

သင်္ကြန်ကာလအတွင်း ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်း ၁၁၄ လိုင်းမှ ယာဉ်အစီးရေ ၁၆၃၈ စီး ပြေးဆွဲမည်ဖြစ်ကြောင်း မထသ (ဗဟို) က ထုတ်ပြန်သည်။

ပြေးဆွဲပေးမည့် ယာဉ်လိုင်း ၁၁၄ လိုင်းတွင် ယာဉ်အကြီး ၁၄ လိုင်း၊ မီနီဘတ်စ်  ယာဉ်လိုင်း ၂၃ လိုင်း၊ ဒိုင်နာယာဉ်လိုင်း ၅၄ လိုင်း၊ ဟိုင်းလပ် ခုနစ်လိုင်းနှင့် ဘီဘမ်ယာဉ်လိုင်း ၁၅ လိုင်း တို့ဖြစ်ကြောင်း မထသ(ဗဟို)မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုတောင်းပါက အရေးယူမည်ဖြစ်ကြောင်း၊ တိုင်ကြားနိုင်ရန် မထသ(ဗဟို)မှ အရေးပေါ်ဖုန်းကို သင်္ကြန်ကာလအတွင်း ဖွင့်ပေးထားမည် ဖြစ်ကြောင်း မထသ( ဗဟို)က ထုတ်ပြန်သည်။

ခပေါင်းဆည် ရေအားလျှပ်စစ် စက်ရုံနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ ဖယ်ရှားခိုင်းထားသည့် တောင်ငူမြို့ ဇီးကုန်းကျေးရွာမှ လူနေအိမ် ၂၀ ခန့်မှာ ဆင်းရဲနွမ်းပါးကြသူများ ဖြစ်သောကြောင့် ရွှေ့ပြောင်းရန် အခက်အခဲဖြစ်နေဟု ဆို

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ ခပေါင်းဆည် ရေအားလျှပ်စစ်စက်ရုံမှ တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအုပ်စုရှိ အိမ်ခြေ ၂၀ ခန့်နှင့် လူဦးရေ ၁၃၀ ၀န်းကျင်ခန့်အား စက်ရုံနယ်နိမိတ်အတွင်း ပါဝင်သည်ဟုဆိုကာ အုတ်တွင်းမြို့နယ် ခပေါင်းဆည်ရွာဘက်သို့ ဧပြီလအတွင်း ရွှေ့ပြောင်းခိုင်းထားကြောင်း သိရသည်။

အဆိုပါ ရွှေ့ပြောင်းခံရမည့် အိမ်ခြေများမှာ ဆင်းရဲနွမ်းပါးကြပြီး နေ့စားကွက်ကောက် လုပ်ကိုင်ကြသူများ ဖြစ်သောကြောင့် ရွှေ့ပြောင်းရန် အခက်အခဲရှိနေကြပြီး မူလနေရာ၌သာ နေထိုင်လိုကြကြောင်း သိရသည်။

မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုအကြောင်းရင်း မသိရသေးသော်လည်း မီးရှို့မှုနှစ်ခု ထပ်မံဖြစ်ပွား

မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုအကြောင်းရင်း မသိရသေးချိန်တွင် မဟာအောင်မြေမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် မီးရှို့မှုနှစ်ခု မတ်၂၆ နှင့်၂၇ ရက်တို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

မတ်၂၆ ရက် ညနေ ၄ နာရီခန့်က မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်ရှိအား မာန်သစ်ဘော်ဒါဆောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် စစ်ဆေးခဲ့ရာ နေအိမ်ခြံဝင်းအတွင်းရှိ ထမင်းစားဆောင် မြောက်ထောင့် တိုင်အောက်ခြေ၌ မီးလောင်ထားကာ ဓာတ်ဆီနံ့ရသော အ၀တ်စတစ်စကို တွေ့ရှိရကြောင်း၊ ၀ါးထရံ ၂ ပေ x ၈  ခန့် မီးလောင်ထားသည်ဟု ရဲတပ်ဖွဲ့မှတ်တမ်းက ဆိုသည်။